သောကြာ, ၂၄ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > သင်္ကန်းကျွန်းဈေး ပြန်လည်နေရာချမှု အငြင်းပွားစရာ

သင်္ကန်းကျွန်းဈေး ပြန်လည်နေရာချမှု အငြင်းပွားစရာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မဇ္ဈိမသတင်းဌာန ။         ။ ရန်ကုန်မြို့ သင်္ကန်းကျွန်းဈေးသစ်ကြီးတွင် ဈေးဆိုင်အချို့အား ကားရပ်နားရန် ဆောက် လုပ်ထားသည့် မြေအောက်ထပ်၌ နေရာချထားပေးသည်ကို ဆိုင်ခန်းရှင် အချို့မှ မကျေနပ်ဖြစ်ကာ သင်္ကန်းကျွန်း မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၏ ရုံးခန်းတွင် တနင်္ဂနွေနေ့က သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။

၂ဝ၁ဝ ဖေဖေါ်ဝါရီလအတွင်းက မီးသင့်ခဲ့သည့် သင်္ကန်းကျွန်းဈေးမှ ဈေးသည်များအား စည်ပင်သာယာရေးက
ပြန်လည် နေရာချထားရာတွင် ရောင်းချသည့် ကုန်အမျိုးအစားပေါ် မူတည်၍ ကုန်မာဆိုင်၊ သားငါးဆိုင်၊ စားသောက်ဆိုင် အပါအဝင် ဆိုင်ခန်းပေါင်း ၂၀၀ ခန့်ကို မြေအောက်ထပ်၌ ရောင်းချစေခြင်းကြောင့် ဆိုင်ခန်းရှင် များက မကျေမနပ်ဖြစ်ကာ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် သတင်းမီဒီယာများကို ဖိတ်ကြားကာ ထုတ်ဖော် ပြောဆို ခဲ့ကြခြင်းဖြစ်သည်။

“ရောင်းကုန်ပစ္စည်းနဲ့ ခွဲတယ်ဆိုပြီး အောက်ကိုချလို့ မကျေနပ်ကြတာ။ နဂိုက မော်တော်ကားထားဖို့ ဆောက်ထား
တော့ အလုံပိတ်ကြီးထဲမှာ ဝင်ပေါက်ထွက်ပေါက် တခုတည်းပဲရှိတယ်။ ဘယ်လိုမှ ဈေးရောင်းလို့ အဆင်မပြေနိုင်
ဘူး။” ဟု ဆိုင်ခန်းရှင် တဦးဖြစ်သည့် ဦးမြင့်သိန်းက မဇ္ဈိမကို ပြောသည်။
shop
ရွှေဆိုင်ပိုင်ရှင် အများစု ပါဝင်သော ဈေးသာယာရေးအဖွဲ့နှင့် ဈေးစည်ပင်တို့ ပူးပေါင်းကာ အချက်အချာ ကျသော
ဈေးမြေညီထပ် နေရာအား အပိုင်စီးသည်ဟု ဈေးသူဈေးသားများက  စွပ်စွဲပြောဆိုသည်။



“ရွှေဆိုင်ခန်းနေရာတွေဆိုရင် သိန်း တရာလောက် ပေါက်ဈေးရှိတယ်၊ မြေအောက်ခန်းကို ၁၅ သိန်းပြောတာတောင် ဝယ်မယ့်သူ မရှိဘူး။” ဟု စားသောက်ဆိုင်ပိုင်ရှင် တဦးက ပြောသည်။

ဆိုင်ရှင်များက ဈေးဆိုင်ခန်းများကို မြေညီထပ်တွင် ပြန်လည်စီစဉ်ပေးရန် လိုလားကြပြီး ဆောင်ရွက်ပေးခြင်းမရှိပါက အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ လွှတ်တော်အမတ်များနှင့် ပူးပေါင်းကာ ဆန္ဒပြ တောင်းဆိုမည်ဟု ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနက သတင်းစားရှင်းလင်းပွဲ လက်ခံ ကျင်းပပေးခဲ့သည့် အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ လွှတ်တော်အမတ် သုံးဦးထံ သင်္ကန်းကျွန်းဈေးအား လေ့လာကြည့်ရှုလိုပါက စီစဉ်ပေးမည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် စာပေးပို့ခဲ့ကြောင်း သိရသည်။

“သတင်းစာ ရှင်းလင်းပွဲပြီးတော့ ကျနော်တို့ ဈေးကိုသွားကြည့်တော့၊ ဝင်ပေါက်တွေကို သွပ်ပြားတွေနဲ့ ပိတ်ပစ်လိုက် တယ်။ လုံခြုံရေးတွေကလည်း မပြေမလည် ဆက်ဆံလိုက်တယ်။” ဟု အမျိုးသားဒီမိုကရေစီပါတီသစ်မှ သင်္ကန်းကျွန်း အမတ် ဦးကျော်က ပြောသည်။

ဧက ခြောက်သောင်းကျော် ကျယ်ဝန်းသည့်ဈေးကို ဧက လေးသောင်းကျော်သာ ပြန်လည် တည်ဆောက်ခဲ့ပြီး
ဈေးပတ်လမ်းနှင့် နားနေခန်းများ ထည့်သွင်းထားသဖြင့် ဆိုင်ခန်းမလုံလောက်ဟု စည်ပင်သာယာက သတင်း ထုတ်ပြန်ကြောင်း အင်္ဂါနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။

မူလက ဆိုင်ခန်းများအားလုံးကို မြေညီထပ်တွင် နေရာချထားရန် စီစဉ်ခဲ့သော်လည်း နေရာ မလောက်ငှသဖြင့်
မြေအောက်ထပ်ကို အသုံးပြုကာ အထပ်နှစ်ထပ် ခွဲ၍ နေရာချထားရခြင်းဖြစ်ကြောင်း စည်ပင်အရာရှိတဦးက
ပြောဆိုကြောင်း တုံ့ပြန်ထားသည်။

သို့သော် ဈေးသူဈေးသားများကမူ “မြေညီထပ်မှာ အကုန်လုံးဆံ့တယ်၊ ဒါကို သူတို့က ပတ်လမ်းလို့ပြောပြီး ကျနော် တို့ကို မြေအောက်ပို့ပြီးတော့ ကော်မတီဝင်တွေ ယူကြမှာ။” ဟု ပြောသည်။ မူလဆိုင်ခန်းအရေအတွက် အပြင် ဆိုင်ခန်း ၈ဝ ခန့်ကို ဈေးသစ်တွင် ထည့်သွင်းဆောက်လုပ်ထားသည်ဟု ဆိုသည်။

မူလက သင်္ကန်းကျွန်းဈေးမှာ တထပ်အဆောက်အဦးဖြစ်ပြီး ဆိုင်ခန်းပေါင်း ၇၈၆ ခန်းရှိပြီး ဆယ်ပေပတ်လည်နှင့် ငါးပေပတ်လည် ဆိုင်ခန်းများဖြစ်ကြသည်။ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မီးသင့်ခဲ့ပြီးနောက်
ဈေးနေရာတွင် အထပ် ၅ ထပ်ပါဝင်သည့် အဆောက်အဦး ပြန်လည် တည်ဆောက်နေပြီး မြေညီထပ်နှင့်
မြေအောက်ထပ်ကို ဈေးအဖြစ် အသုံးပြုမည် ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနက ရောင်းကုန်အလိုက် နေရာချထားရာတွင် မြေညီ ထပ်၌ ရွှေဆိုင်၊ အလှကုန်၊ အထည်၊ ဆေးဆိုင်နှင့် ကုန်မျိုးစုံဆိုင်များ၊ မြေအောက်ထပ်တွင် သားငါး၊ ကုန်စိမ်း၊ ကုန်ခြောက်၊ ကုန်မာနှင့် စားသောက်ဆိုင်ခန်းများ ထားရှိမည်ဖြစ်သည်။ ဈေးသစ်ဆောက်လုပ်နေစဉ် ယာယီဈေးကို သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံ ဘုရားအနီး မြေကွပ်လပ်တွင် ဖွင့်လှစ်ပေးထားသည်။

သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းပေါ်ရှိ သင်္ဃန်းကျွန်းဈေးမှာ လုံခြုံရေးအတွက် ထားရှိသော လျှပ်စစ်မီး ဝါယာရှော့ခ်ကြောင့် ဆိုင်ခန်းပေါင်း ၆၅ဝ ကျော်မီးသင့်ခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ် ၄၇ သိန်းရှိကြောင်း ရန်ကုန် မီးသတ် ဦးစီးဌာနက တရားဝင် သတင်းထုတ်ပြန်ခဲ့သော်လည်း ဈေးသူဈေးသားများကမူ ကျပ်သိန်းပေါင်း ထောင်ချီ၍ ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 102 guests online