တနင်္ဂနွေ, ၁၉ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ကလေးထောင်မှ အရှင်ဂမ္ဘီရကို အင်းစိန်ထောင်ပြောင်းဟု မိခင်ပြော

ကလေးထောင်မှ အရှင်ဂမ္ဘီရကို အင်းစိန်ထောင်ပြောင်းဟု မိခင်ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့ပြီး ကလေးထောင်တွင်
ထောင်ဒဏ် ၆၃ နှစ် ကျခံနေရသည့် အရှင်ဂမ္ဘီရကို အာဏာပိုင်များမှ ဗုဒ္ဓဟူးနေ့ညနေတွင် အင်းစိန်ထောင်သို့
ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ရေးက မဇ္ဈိမကို ပြောသည်။

စစ်ကိုင်းတိုင်း ကလေးမြို့မှ ရန်ကုန်သို့ ပျံသန်းသည့် မြန်မာ့လေကြောင်း လေယာဉ် (MAI) ဖြင့် အရှင်ဂမ္ဘီရကို ညနေ လေးနာရီတွင် ပင့်ဆောင်သွားခြင်း ဖြစ်သည်ဟု ဒေါ်ရေးက သူရရှိထားသည့် လေယာဉ်ခရီးသည် စာရင်းအရ အတည်ပြုပြောဆိုသည်။

“ အန်တီသေချာတာက လေဆိပ်ခရီးသည် စာရင်းမှာ အန်တီ့သား ဦးညီညီလွင်တဲ့။ ဦးညီညီလွင်ဆိုတာ အရှင်ဂမ္ဘီရ
လေ။ လေယာဉ်ခရီးသည် စာရင်းကတော့ ဒေသခံတွေ ကူညီမှုပါ။” ဟု ဒေါ်ရေးက ပြောသည်။
inseinprison
အရှင်ဂမ္ဘီရကို ထောင်ပြောင်းမည်ဟူသည့် သတင်းကို ကြိုတင်ရရှိထားသည့် ဒေါ်ရေးက ကလေး လေဆိပ်တွင် သွားရောက် စောင့်နေခဲ့သော်လည်း လေဆိပ်အတွင်းသို့ ဝင်ခွင့်မရခဲ့ဟု မဇ္ဈိမကိုပြောသည်။

သို့သော် လေဆိပ်အတွင်းတွင် ထောင်ဝန်ထမ်းများ ပစ္စည်းသယ်ယူနေသည်ကိုလည်း တွေ့ခဲ့ရကြောင်း ဒေါ်ရေးက
ပြောသည်။

“ လေယာဉ်ကွင်းထဲကို အန်တီသိတဲ့ ထောင်ဝန်ထမ်း သုံးယောက်လောက်နဲ့ ပစ္စည်းတွေကို ကားနဲ့ သယ်လာတာတွေ့တယ်။” ဟု ဒေါ်ရေးက မဇ္ဈိမကိုပြောသည်။

ဒေါ်ရေး လက်ခံရရှိသည့် ကလေးမှ ရန်ကုန်သို့ ပျံသန်းသည့် (MAI) လေယာဉ်ခရီးသည် စာရင်းတွင် နိုင်ငံရေး အကျဉ်းသား ဦးညီပုလည်း ပါဝင်ကြောင်းလည်း ဒေါ်ရေးက ပြောသည်။ ဦးညီပုသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ် ဂွမြို့နယ်၏ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်ဖြစ်ပြီး ၂ဝဝ၉ ခုနှစ်တွင် ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရသူဖြစ်သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 85 guests online