ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အစိုးရတပ် အဓမ္မကျင့် သတ်ဖြတ်မှုများ ပြုခဲ့ဟု ကချင်အမျိုးသမီးအဖွဲ့ စွပ်စွဲ

အစိုးရတပ် အဓမ္မကျင့် သတ်ဖြတ်မှုများ ပြုခဲ့ဟု ကချင်အမျိုးသမီးအဖွဲ့ စွပ်စွဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။       ။ လေးလကြာ တိုက်ပွဲများဖြစ်ပွားနေစဉ် ကာလအတွင်း ကချင်အမျိုးသမီး ၃၇ ဦး အဓမ္မ
ပြုကျင့်ခံရပြီး ၁၅ ဦး သတ်ဖြတ်ခံရကြောင်း ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး KWAT က
သောကြာနေ့က စွပ်စွဲလိုက်သည်။

“မြန်မာပြည် ဖုံးကွယ်စစ်ပွဲ ကချင်လူမျိုးများအပေါ် ရက်စက်မှုများ” အမည်ရှိ အစီရင်ခံစာတွင် ပြီးခဲ့သည့် ဇွန်လမှ စက်တင်ဘာလအတွင်း လေးလကြာ တိုက်ပွဲအတွင်း ကချင်အမျိုးသမီးနှင့် ကလေး အဓမ္မပြုကျင့် ခံရမှုပေါင်း ၃၇ ဦး ရှိပြီး လူ ၁၅ ဦး သတ်ဖြတ်ခံခဲ့ရသည်ဟု ဆိုသည်။  ထို့အပြင် ညှင်းပန်းနှိပ်စက်ခြင်း၊ ပေါ်တာဆွဲခြင်း၊ အဓမ္မ ခိုင်းစေခြင်းများ ပြုလုပ်နေသည်ဟု စာမျက်နှာ ၂ဝ ပါ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရှင်းလင်းဖြန့်ချီသော အစီရင်ခံစာ
တွင် ပါရှိသည်၊
sol_kill1
အစိုးရ၏ တပ်ရင်း ၁၃ ခုမှ အဓမ္မပြုကျင့်သူခဲ့သူများတွင် အသက် ၉  နှစ်မှ ၅ဝ နှစ်အထိပါဝင်သည်ဟု စွပ်စွဲထား
သည်။

အစီရင်ခံစာတွင် သြဂုတ်လ ၉ ရက်နေ့က ဗန်မော်ခရိုင် ဝိုင်းမော်မြို့နယ် ဘွမ်တောင် ကျေးရွာမှ အသက် ၃၉ နှစ် အမေနှင့် ၁၇ နှစ် အရွယ်သမီးတို့ကို ခလရ (၃၇) တပ်ဖွဲ့များမှ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံခဲ့ရမှုလည်း ပါဝင်သည်။

စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း ရှမ်းပြည်နယ် မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်အတွင်း အသက် ၁၄ နှစ်၊ ၁၇
နှစ်နှင့် ၄ဝ နှစ်အရွယ် အမျိုးသမီး သုံး ဦးကို အဓမ္မပြုကျင့်ခံခဲ့ရသည်။ သူတို့သည်  လက်ရှိ တရုတ်-မြန်မာနယ်စပ် တနေရာတွင် ရောက်ရှိနေပြီး KWAT မှ ဆေးဝါးကုသပေးခဲ့သည်ဟုဆိုသည်။

“စစ်ပွဲဖြစ်တဲ့အချိန်မှာ မုဒိမ်းကျင့်ခံရတာတွေ၊ ပေါ်တာ ဆွဲခံရတာတွေကို ကမ္ဘာနဲ့ မြန်မာပြည်သူတွေကိုလည်း သိစေချင်တယ်။ ”ဟု KWAT ၏ တာဝန်ခံ ဒေါ်ရှယ်လီဆိုင်းက ပြောသည်။ 

အစီရင်ခံစာကို KWAT အဖွဲ့ဝင်များမှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းမှ မြို့နယ်ပေါင်း ၁၁ မြို့နယ်အတွင်း  လူ့အခွင့်အရေး ချိုးဖောက်ခံရသူများထံ တိုက်ရိုက်ဆက်သွယ် မေးမြန်းချက်များကို အခြေခံ၍ ထုတ်ပြန်ထားခြင်းဟုဆိုသည်။ 

ကချင်ပြည်နယ် ဒေါ့ဖုန်းယန်၊ ဗန်မော်၊ မန်စီ၊ မိုးမောက်၊ ဖားကန့်၊ ရှမ်းပြည်နယ် မူဆယ်၊ ကွတ်ခိုင်၊ မုံးကိုး၊
နမ့်ဖတ်ကာ၊ တာမိုးညဲ စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ မြန်မာအစိုးရတပ်ရင်း အင်အား
ကိုးရင်းမှ တပ်သားပေါင်း ၁,၀၀၀ ကျော် တိုးချဲ့ချမှတ်ကာ တိုက်ပွဲများ အရှိန်တိုးမြင့်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ရှိခဲ့သည်ဟု ဖော်ပြထားသည်။

အိုးအိမ်များ စွန့်ခွာ၍ တရုတ်-မြန်မာ နယ်စပ်တလျှောက်သို့ ရောက်ရှိလာသော စစ်ပြေးဒုက္ခသည်ပေါင်း ၂၅,ဝဝဝ
ကျော် ရှိနေပြီ ဖြစ်ပြီး စားဝတ်နေရေးနှင့် ကလေးများ၏ အဟာရဖြစ်စေမည့် အစားအစာနှင့် ဆေးဝါးများ ပြတ်လတ် သည့် အခက်အခဲများ ရှိနေသည်ဟု အမျိုးသမီးအဖွဲ့က ပြောသည်။ ဒုက္ခသည် ၅,ဝဝဝ ကျော်ခန့်သည် မြို့ပေါ် ဘုရားကျောင်းများ၊ ဆွေမျိုးများတွင် နေထိုင်နေကြသည်ဟု သိရသည်။

မြန်မာအစိုးရအနေဖြင့် ပြည်တွင်းမှ အစိုးရမဟုတ်သော အဖွဲ့အစည်း NGO များကိုလည်း စစ်ပြေးဒုက္ခသည်များ
ကို ကူညီမှုကို တားမြစ်ထားသဖြင့်   မည်သည့် ကူညီထောက်ပံ့မှုများ မရသေးကြောင်း KIO က ပြောဆိုခဲ့သည်။

အလားတူ သာမန်ပြည်သူများကို KIO ၏ သူလျိုဟူ၍ စွပ်စွဲကာ ဖမ်းဆီး၊ ရိုက်နက်ခြင်းများ ပြုလုပ်ပြီး သတ်ဖြတ်မှု
များလည်း ရှိနေသည်ဟု KWATက ပြောဆိုလိုက်သည်။

အဆိုပါ အစီရင်ခံစာ ထုတ်ပြန်ရန် အချက်အလက် စုဆောင်းနေသော ရှမ်းပြည်နယ် မြောက်ပိုင်းမှ အမျိုးသမီး အစည်းအရုံး အဖွဲ့ဝင်တဦးကို မြန်မာအစိုးရမှ ဖမ်းဆီးထားသည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံအပေါ် အချိန်ယူ စောင့်ကြည့်ခြင်းမျိုး မဟုတ်ဘဲ အရပ်သား ပြည်သူများကို နှိတ်စက်ခြင်း ရပ်တန့်ရန်
မြန်မာအစိုးရကို ဖိအားပေးရန်နှင့် စစ်ပြေးဒုက္ခသည်များအတွက် လူသားခြင်း စာနာထောက်ထားသည့် အကူအညီ များကို ပေးရန် နိုင်ငံတကာကို KWAT က တိုက်တွန်းပြောဆိုထားသည်။

သမ္မတ ဦးသိန်းစိန်အစိုးရက လူ့အခွင့်အရေးချိုးဖောက်မှု၊ ထိုးစစ်ဆင်မှုများကို ရပ်ဆိုင်းရန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရန် တောင်းဆိုလိုက်သည်။

“ဦးသိန်းစိန်အစိုးရက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်ဆိုင်းပေးဖို့နဲ့ ထိုးစစ်ဆင်မှုကို ရပ်ဆိုင်းပေးဖို့၊ UNFC အနေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ တွေ့ဆုံပြီးတော့မှ တကယ်ငြိမ်းချမ်းရေးကို စားပွဲပေါ်မှာ နိုင်ငံရေး အရ ဆွေးနွေးဖို့၊ စစ်ပြေးဒုက္ခသည်တွေကို ကူညီခွင့်ပေးဖို့ INGO တွေကိုခွင့်ပေးဖို့ အဓိက တိုက်တွန်းချင်ပါတယ်”
ဟု လက်ထောက် တာဝန်ခံ မခေါင်ဆိုင်းပန်က ပြောသည်။

sol_kill



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 896 guests online