သတင်း ပြည်တွင်းသတင်း နေပြည်တော် တိရစ္ဆာန်ရုံ ဖွင့်လှစ်
နေပြည်တော် တိရစ္ဆာန်ရုံ ဖွင့်လှစ် Print E-mail
မဇ္ဈိမသတင်းဌာန   
ဗုဒ္ဓဟူးနေ့၊ မတ်လ 26 2008 22:44 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ တိရစ္ဆာန်ပေါင်း ၂ဝဝ ကျော်ရှိသည့် နေပြည်တော် တိရစ္ဆာန် ဥယျာဉ်ဖွင့်ပွဲကို မြို့တော်သစ်တွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အကျဉ်းဦးစီးဌာန ကျောက်ထုစခန်းနေရာတွင် ၂ နှစ်ကျော်ကြာ အချိန်ယူ တည်ဆောက်ရသည့် တိရစ္ဆာန်ဥယျာဉ် ဖွင့်ပွဲကို နံနက် ၈ နာရီ ၃ဝ မိနစ်တွင် ပြုလုပ်ရာ နအဖ အတွင်းရေးမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီး သူရ တင်အောင်မြင့်ဦး တက်ရောက်ခဲ့သည်။

မနက်ဖြန်တွင် ကျရောက်မည့် တပ်မတော်နေ့အတွက် ရောက်ရှိနေကြသော နိုင်ငံခြား စစ်သံမှူးများနှင့် သံရုံး ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဆန္ဒကို အကောင်အထည်ဖော်မှု ဖြစ်သော တိရစ္ဆာန်ရုံ တည်ဆောက်ခြင်းကို ကုမ္ပဏီ ၂၂ ခုက တည်ဆောက်ခဲ့ပြီး ကျပ်သိန်း ၅ သောင်းကျော် ကုန်ကျခဲ့သည်။

ဟက်တာ ၂၄ဝ ကျပ်ဝန်းပြီး ပင်ဂွင်း၊ ကျားဖြူ၊ သားပိုက်ကောင်များ အပါအဝင် တိရစ္ဆာန် အကောင်ပေါင်း ၂၄ဝ ကျော်ပါဝင်သည်ဟု သစ်တောအရာရှိတဦးက ပြောသည်။ သို့သော်လည်း ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှ ပြောင်းရွှေ့သယ်ယူခဲ့သည့် တိရစ္ဆာန်များက အများစုဖြစ်သည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved