သတင်း ပြည်တွင်းသတင်း ရွှေတိဂုံတွင် လူတဦး မီးရှို့ဆန္ဒပြ
ရွှေတိဂုံတွင် လူတဦး မီးရှို့ဆန္ဒပြ Print E-mail
မဇ္ဈိမသတင်းဌာန   
တနင်္လာနေ့၊ မတ်လ 24 2008 00:34 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ စီးပွားရေး ကြပ်တည်း ဆိုးရွားနေမှုကို မခံမရပ်နိုင် ဖြစ်ပြီး ဆန္ဒပြသောအားဖြင့် အမျိုးသားတဦးက  မိမိကိုယ်ကို မီးရှို့မှု ရွှေတိဂုံဘုရားတွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မှ လာသော နိုင်ငံတကာ သတင်းအေဂျင်စီများ၏ သတင်းများအရ သိရသည်။

အမည်မသိသူ အသက် ၃ဝ ဝန်းကျင် အမျိုးသားတဦးက တပေါင်းလပြည့်နေ့ ဖြစ်သော သောကြာနေ့က မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးရှို့ခြင်း မပြုမီ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းနှင့် ဘဝအခက်အခဲများကို မကျေမနပ်ဖြစ် ရေရွတ်မှုများ ပြုခဲ့သည်ဟု မျက်မြင်သက်သေများကို ကိုးကားပြီး ရိုက်တာ ကြေးနန်းသတင်းက ရေးသားထားသည်။

"ဖြစ်တာက ၈း၎ဝ လောက်မှာ ဓာတ်ဆီ ပုလင်းထုတ် သူ့ဘာသူ လောင်းပြီး ဖယောင်းတိုင်တတိုင်နဲ့ မီးရှို့တော့တာပဲ" ဟု မျက်မြင် သက်သေတဦး၏ ပြောသားချက်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

မဇ္ဈိမက ရွှေတိဂုံဘုရားဂေါပက အဖွဲ့ကို ဆက်သွယ်မေးမြန်းရာ တယ်လီဖုံးကိုင်သူတဦးက အခင်းဖြစ်ပွားခဲ့ကြောင်း ပြောကြားသော်လည်း အခြား မည်သည့် အသေးစိတ်ကိုမှ ပြောရန် ငြင်းဆန်ခဲ့သည်။

အေပီသတင်းတွင်တော့ မီးရှို့ဆန္ဒပြသည့်သူက "စစ်အစိုးရ ကျဆုံးပါစေ" ဟု မီးမရှို့ခင် အော်ဟစ်ခဲ့ကြောင်း ရေးသားထားသည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved