သတင်း ပြည်တွင်းသတင်း လူထုစိန်ဝင်း စာမူများ ဖော်ပြခွင့်ပြုပြီ
လူထုစိန်ဝင်း စာမူများ ဖော်ပြခွင့်ပြုပြီ Print E-mail
မဇ္ဈိမသတင်းဌာန   
သောကြာနေ့၊ မတ်လ 21 2008 22:03 - မြန်မာစံတော်ချိန်
နယူးဒေလီ။    ။ စာရေးသားခွင့် ပိတ်ပင်ခံရသော ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်းအား စာပေစိစစ်ရေးက ယခုအခါ ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်သည်။

စစ်အစိုးရအား ဝေဖန်ပြောဆိုသည့် အသံဖိုင်တခု ဖြန့်ဝေခဲ့ပြီးနောက် ဆရာကြီး၏ ဆောင်းပါးစာမူများ ဖော်ပြနေသော ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တိုက်များအား ထည့်သွင်း ထုတ်ဝေခြင်း မပြုရန် စာပေစိစစ်ရေးက ညွှန်ကြားထားရာမှ ယခုအခါ တနင်္လာနေ့မှ စတင်ကာ ပြန်လည် ဖော်ပြခွင့်ပေးကြောင်း လူထုစိန်ဝင်းက ပြောဆိုထားခြင်း ဖြစ်သည်။ 

နော်ဝေ အခြေစိုက် မြန်မာအတိုက်အခံ အသံလွှင့်ဌာနတခု ဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗီဘီ) နှင့် ဆက်သွယ် မေးမြန်းခန်းတခုတွင် လူထုစိန်ဝင်းက ယခင်အပတ်က ပိတ်ပင်ထားခြင်းသည် အထက်မှ တစုံတရာ ညွှန်ကြားခြင်း မရှိသေးသည့်အတွက် စာပေစိစစ်ရေးမှ ခေတ္တ ရပ်ဆိုင်းခြင်း ဖြစ်ကြောင်းနှင့် သို့သော်လည်း ယမန်နေ့က စာပေစိစစ်ရေး တာဝန်ရှိသူကိုယ်တိုင် ပြန်ဖွင့်ပေးခဲ့သည်ဟု ပြောဆိုသွားခဲ့သည်။

ယခုလို ခေတ္တ စာပေရေးသားခွင့် ပိတ်ပင်ခဲ့ခြင်းသည် ဒုတိယအကြိမ် ဖြစ်ပြီး၊ ၂ဝဝ၆ ခုနှစ်အတွင်းကလည်း နိုင်ငံတကာ သတင်းစာတစောင်ဖြစ်သည့် International Herald Tribune တွင် 'မြန်မာပြည်သူများ ဒီမိုကရေစီကို ထပ်မစောင့်နိုင်တော့ပါ' ခေါင်းစဉ်နှင့် ရေးသားခဲ့သည့်အတွက် တလခန့် ရေးသားခွင့် ပိတ်ပင်ခံခဲ့ရသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved