ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အစိုးရနှင့် KIO တိုက်ပွဲရပ်ရေး ညှိနှိုင်းအဖွဲ့ဖွဲ့

အစိုးရနှင့် KIO တိုက်ပွဲရပ်ရေး ညှိနှိုင်းအဖွဲ့ဖွဲ့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အကြား တိုက်ပွဲများ အဆုံးသတ်ရန် ကြားဝင်ပေးမည့် “ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့” အား ကချင်ပြည်နယ် ဝန်ကြီးချုပ်က ယခုတပတ် ၂၇ ရက်နေ့တွင် ဖွဲ့စည်းပေးလိုက်သည်။
 
ကချင်အမျိုးသား အတိုင်ပင်ခံ ဥက္ကဋ္ဌ ဦးဆင်ဝါးနော်၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် UDPKS အမျိုးသား လွှတ်တော် ဦးခက်ထိန်နန်၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်၊
 မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပထမတန်း စစ်ဆင်ရေး ဗိုလ်မှူးကြီးထွန်းထွန်းအုန်းနှင့် စစ်ဘက်ရေးရာ စုံစမ်းစစ်ဆေးရေးဌာန ဗိုလ်မှူးနိုင်လင်းတို့ ၅ ဦးဖြင့် ဖြစ်သည်။
 
“အခုလောလောဆယ် အပစ်အခတ်ရပ်စဲဖို့ပဲ။ အဲဒီကနေ နောက်တဆင့်က နိုင်ငံရေး စားပွဲပေါ်သို့ ဆွေးနွေး ညှိနှိုင်းရေး လုပ်မယ်။ မနက်ဖြန်ကနေ စလုပ်တော့မယ်” ဟု ဦးဆင်ဝါးနော်က မဇ္ဈိမကို ပြောသည်။
 stilllawaka1နှစ်ဘက်တိုက်ပွဲများ ဖြစ်နေစဉ် ဇွန် ၁၇ ရက်တွင် ကချင်ပြည်နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော် (ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၊ မြစ်ကြီးနား) က ကိုယ်စားလှယ် ၄ ဦးမှတဆင့် KIO ကို အပစ်ရပ်စဲရန် ကမ်းလှမ်းခဲ့ရာ အစိုးရထံမှ အပစ်ရပ်စဲကြောင်း အထောက်အထား စာရွက်စာတမ်း မရရှိသဖြင့် KIO က ပယ်ချခဲ့သည်။ ထို့အပြင် ၁၉ ရက်နေ့တွင် KIO က အစိုးရဘက်မှ အပစ်ရပ်ကြောင်း အထောက်အထားပြရန် စာပြန်ခဲ့သေးသည်။
 
ယခုအခါ KIO တပ်ဖွဲ့များဘက်မှ မပစ်ခတ်မချင်း မိမိတပ်မတော်က မပစ်ခတ်ရန် သက်သေ အထောက်အထားကိုပါ  မနက်ဖြန်တွင် သွားရောက်ပေးပို့မည်ဟု ဦးဆင်ဝါးနော်က ဆိုလာသည်။
 
“ဦးသိန်းဇော်ပို့တဲ့ပေးတဲ့စာ ပြန်မရောက်သေးပေမဲ့ အပစ်အခတ်ရပ်ဖို့ အစိုးရဘက်က အရင်လုပ်ပြီဆိုတဲ့ မနက်ဖြန် သွားမယ်” ဟု သူက ပြောသည်။ မနက်ဖြန် ကြာသပတေးနေ့တွင် မြစ်ကြီးနား-လိုင်ဇာ ကားလမ်းရှိ လဂျားယန်၌
 နှစ်ဖက် တွေ့ဆုံမည်ဟု ဆိုသည်။

သို့သော် စာပါအကြောင်းအရာများကို ပြောဆိုခြင်း မပြုပါ။
 
သူက ဆက်ပြီး “ဒါက နှစ်ဘက် အပေးအယူရှိရင်တော့ အောင်မြင်မှာပဲ။ အပေးအယူ မရှိဘူးဆိုရင်တော့ မအောင်မြင်ဘူး။ အပေးအယူ ဆိုတာက KIO တောင်းဆိုတာကို အစိုးရဘက်ကလည်း စဉ်းစားပေးဖို့၊  အစိုးရ
 ပြောတာလည်း KIO ဘက်က တချို့ လက်ခံဖို့ပေါ့” ဟု သူက ဆိုသည်။
 
KIO ကမူ ယခုကိုယ်စားလှယ် ၅ ဦး၏ ဆွေးနွေးတင်ပြချက်အပေါ် မူတည်ပြီး ဆုံးဖြတ်မည်ဖြစ်ကာ၊ ယခုထိ တရားဝင် အကြောင်းကြားလာခြင်း မရှိသေးကြောင်း တွဲဘက်အတွင်းရေးမှူး ဦးလနန်က ပြောသည်။
 
‘‘သူတို့တွေ့မယ်ဆိုရင် တွေ့မယ်၊ သူတို့ ဘာပြောတယ်ဆိုတာ နားထောင်ကြည့်မယ်။ သူတို့ဘက်က ဘာရည်ရွယ်ချက် ရှိတယ်ဆိုတာ နားထောင်ကြည့်မယ်။ ပြီးတော့မှ ဆုံးဖြတ်မယ်’’ ဟု သူက ဆိုသည်။
 
နှစ်ဘက်ကြား ဆက်စပ်ဆွေးနွေးရန် ပြင်ဆင်နေချိန် တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ် မူဆယ်နယ်စပ် အလယ်ဂိတ်မှ မြန်မာအစိုးရ စစ်သား အနည်းဆုံး ၄ဝ ခန့်သည် တရုတ်နိုင်ငံသို့ ဗုဒ္ဓဟူးနေ့ နေ့လည် ၁ နာရီခွဲခန့်တွင် ဝင်ရောက်သွားကြောင်း ကိုယ်တိုင်တွေ့ရှိသူ မူဆယ်မြို့ခံ ကုန်သည်တဦးက ပြောသည်။
 
ယခုရက်ပိုင်းအတွင်း မြန်မာပြည်သို့ သယ်ဆောင်မည့် တရုတ်စစ်ကားသစ်များလည်း ရွှေလီနှင့် ကျယ်ဂေါင်မြို့ ကားကြီးဝင်းများ၌ ရောက်ရှိလာသဖြင့် ထိုကားများကို မောင်းယူရန် လာရောက်ခြင်း ဖြစ်နိုင်ကြောင်း
 ရွှေလီရောက် မြန်မာတဦးက ပြောသည်။
 
“စစ်ကားတွေက ရွှေလီနေရာအနှံ့ပါပဲ။ အဓိကတော့ ရွှေလီမြို့ထဲ၊ ကျယ်ဂေါင်ကားကြီးဝင်းတွေမှာ ဝင်သွားတာ မနေ့ကတောင် တွေ့လိုက်တယ်။ ထန်ဆန်းရပ်ကွက်ထဲမှာ ထန်ဆန်းလမ်းပေါ် ဗမာလိုဆို သကြားစက်လမ်းပေါ့။ အဲဒီမှာ ကျနော်တွေ့တုံးက ၁ဝ စင်း ကျော်တယ်။ ဒီထက်မကဘူးတဲ၊့ ကျနော် တခြားလူတွေကို မေးကြည့်သေးတယ်။ ၃ ရက်၊၂ ရက် လောက်ရှိပြီ” ဟု မဇ္စျိမကို ပြောသည်။
 
ဂျပန်နိုင်ငံ HOWO ကုမ္ပဏီ Sino truck ကား အမျိုးအစားဖြစ်ပြီး ယခုတပတ်အတွင်း ဆက်တိုက် ဝင်လာသည်ဟု သူက ဆိုသည်။

                          ================================

ဦးဆင်ဝါးနော် ကိုယ်ရေးအကျဉ်း

အမည်-        ဦးဇွန်ဖောင်း ဆင်ဝါးနော်
အသက်-      ၆၃ နှစ်
မွေးသက္ကရဇ်- မတ်လ ၁၇ ရက်၊ ၁၉၄၈ ခုနှစ်
မွေးရပ်မြေ- စလွင်ယန်ကျေးရွာ ဟိုပင်မြို့နယ်
ပညာရေး- သတ္တဗေဒ BSC ဘွဲ့
လုပ်ငန်း- မန္တလေးတက္ကသိုလ်မှ ၁၉၇၂ ကျောင်းပြီး၊ ၁၉၇၄ နှစ်ထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် (၁) ကျောင်းတွင် ကျောင်းဆရာလုပ်ခဲ့သည်။

၁၉၇၄-၇၅ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပေးသော  ပြည်သူ့ရေးရာ အရာရှိသင်တန်း အမှတ်စဉ် ၈ တက်ရောက်ခဲ့ရာ လက်ထောက်မြို့ပိုင်သင်တန်း၊ စစ်ရေး၊ နိုင်ငံရေး၊ ဥပဒေ စသည့် ပညာရပ်များ သင်ယူခဲ့သည်။

၁၉၇၅-၁၉၈၁ ခုနှစ် ကားမိုင်းမြို့ လက်ထောက်ပိုင် ဒုရုံးအဖွဲ့မှူး။

၁၉၈၁-၁၉၈၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ယူနစ်ကော်မတီဝင် အဖြစ် လုပ်ကိုင်ခဲ့သည်။

၁၉၈၄-၁၉၈၈ ခုနှစ် ယူနစ်အတွင်းရေးမှူး လုပ်ကိုင်ခဲ့သည်။ 

၁၉၈၈-၂ဝဝ၂ ခုနှစ် ဖားကန့်မြို့ ကက်သလစ်အသင်းတော် ဓမ္မဆရာအလုပ် ထမ်းဆောင်ခဲ့သည်။

၂ဝဝ၂-၂ဝ၁၁ ခုနှစ် ကချင်အမျိုးသားအတိုင်ပင်ခံ အတွင်းရေးမှူးမှ ယခုနှစ်မှာ ဥက္ကဌ တာဝန်ယူခဲ့သည်။


++++++++
ဦးခက်ထိန်နန် ကိုယ်ရေးအကျဉ်း
 
အမည် - ဦးခက်ထိန်နန် (အမျိုးသားလွှတ်တော်၊ မြစ်ကြီးနား)
မွေးသက္ကရာဇ် - ဧပြီ ၁ ရက်၊ ၁၉၅၉ ခုနှစ်
မိဘ - အင်္ဂလိပ်ခေတ် ကချင်တပ်အမှုထမ်း ဗိုလ်ကြီး ခက်လနှင့် ဒေါ်ဝါရာရွယ်ဂျား
မွေးရပ် - မရမ်းကျေးရွာ မိုးကောင်းမြို့နယ်
ပညာရေး - မန္တလေးတက္ကသိုလ်ဘွဲ့ရ
ပါတီအမည် - စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ - ကချင်ပြည်နယ် (စဒက)
နိုင်ငံရေး - ၁၉၈၂-၁၉၈၉ ခုနှစ်ထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်(မဆလ)ခေတ်တွင် အင်ဂျန်းယန်မြို့နယ် လမ်းစဉ် လူငယ် အတွင်းရေးမှူး
 
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆန္ဒခံယူပွဲတွင် တနိုင်ငံလုံးတွင် ဆန္ဒခံယူပွဲ ကော်မရှင် အဖွဲ့ဝင် ၄၅ ဦးတွင် ကချင်ပြည်နယ် ကိုယ်စားလှယ်တဦးအဖြစ် မကွေးတိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့၊
 
၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲဝင်ရန် ယခင် စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်းနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်တို့ ပါတီဖွဲ့ရန် တိုက်တွန်းခဲ့ပြီးနောက် ကြံ့ဖွံ့ပါတီ အဖွဲ့ဝင်မှ နုတ်ထွက်၍ UDPKS ပါတီကို စတင်တည်ထောင်ခဲ့သည်။
 
၁၉၉ဝ -၂ဝဝ၂ ခုနှစ်ထိ ဖားကန့်မြို့သို့ သွားရောက်၍ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ကာ Myu Gin Dai ကျောက်စိမ်း ကုမ္ပဏီကို ထူထောင်ခဲ့၊ လက်ရှိ ကျောက်စိမ်းနှင့် ရွှေတူးဖော်ရောင်းဝယ်သည့် “အောင်ရွှေကမ္ဘာ” ပိုင်ရှင်။
 
၂ဝဝ၅-၂ဝဝ၈ ခုနှစ်ထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ ဗဟိုကော်မတီဝင် တဦးဖြစ်ပြီး ကချင်ပြည်နယ်နေ့ မနောပွဲ အထိမ်းအမှတ် မနောပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1092 guests online