ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ARV ဆေး တိုက်ကျွေးရေး ငါးနှစ် စီမံကိန်း

ARV ဆေး တိုက်ကျွေးရေး ငါးနှစ် စီမံကိန်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။      ။ HIV/AIDS ဝေဒနာသည်များကို ARV ဆေး စဉ်ဆက်မပြတ် တိုက်ကျွေးနိုင်ရေးအတွက် တနိုင်ငံလုံးဆိုင်ရာ ၅ နှစ်တာ စီမံကိန်းကို အစိုးရသစ်၊ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော အဖွဲ့များ တက်ရောက်သည့် နေပြည်တော် အစည်းအဝေး တရပ်က ကြာသပတေးနေ့တွင် ချမှတ်လိုက်သည်။

စီမံကိန်း တခုလုံးအတွက် ၂ဝ၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၉  သန်း ကုန်ကျမည်ဖြစ်ပြီး၊ ၂ဝ၁၅ တွင်မူ ၈၅ သန်းအထိပင် ကုန်ကျလိမ့်မည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

“စီမံကိန်းက ၅ နှစ်စာပါ။ မြန်မာအစိုးရနဲ့ UN နဲ့ ပေါင်းလုပ်တာလည်း မဟုတ်ပါဘူး။ တကယ်က မြန်မာအစိုးရရယ်၊ UN ရယ်၊ INGO တွေ၊ Donor တွေ၊ Community တွေ အကုန်လုံး ပေါင်းပြီးတော့ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက တိုင်းပြည်တခုမှာ HIV/AIDS အတွက်ကို လုပ်မယ်ဆိုလို့ရှိရင် ဒါက စီမံကိန်းတခုရှိမှ ဖြစ်မယ်လေ” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ ရန်ကုန် ကုလသမဂ္ဂရုံး အကြီးတန်း အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ဝေဒနာရှင်များကို ARV ဆေး စဉ်ဆက်မပြတ် တိုက်ကျွေးရေး သာမက လိင်ဆက်ဆံမှုနှင့် ဆေးထိုးအပ်မှ ရောဂါပျံ့နှံ့မှု
 လျော့ကျရေးနှင့် ဝေဒနာသည်များအပေါ် သက်ရောက်သည့် နောက်ဆက်တွဲ ဆိုးကျိုးများ လျှော့ချရေးပါ တပြိုင်တည်း ဆောင်ရွက်သွားမည် ဖြစ်သည်။

“သန်း ၅၀ လောက်ကတော့ ရရှိထားပြီ။ ဒါပေမဲ့ ပိုပြီးတော့ လိုလာမယ် ထင်တယ်။ ပထမနှစ်မှာက ၄၉  သန်းလောက် လိုမယ်လေ။ ကျနော်တို့က တဆင့်ချင်း မြှင့်တင်သွားမှာဆိုတော့ ပထမနှစ်ကတော့ ဒီလောက် အများကြီး လိုမယ် မထင်ဘူး။ နောက်ပိုင်းနှစ်တွေကတော့ အလှူရှင် ရှာယူရမှာပေါ့” ဟု ကုလအကြီးတန်းအရာရှိက ပြောသည်။ လုပ်ငန်းများကို အစည်းအဝေး ပြီးကတည်းက စတင်ခြင်းဖြစ်သည်ဟု ဆိုသည်။

အစိုးရက ၂ဝ၁၁ ခုနှစ် ကျန်းမာရေး ကဏ္ဍအတွက် အစိုးရ အသုံးစရိတ်၏ ၀.၄ ရာခိုင်နှုန်းသာ ပေးထားသော်လည်း HIV/AIDS ဝေဒနာသည် ကူညီစောင့်ရှောက်ရေးကိုမူ မည်၍မည်မျှ သတ်မှတ်ထားကြောင်း ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် HIV/AIDS ဝေဒနာသည် ၂၃၆၀၀၀ ခန့်ရှိကာ ARV ဆေး လိုအပ်နေသူ ၇ သောင်း ၆ ထောင် ခန့်ရှိပြီး ၂၀၁၀ ခုနှစ်တွင် ထိုသူများထဲမှ ၃ သောင်းခန့်ကိုသာ ဆေးဝါးကူညီနိုင်ခဲ့သည်ဟု ကုလ ကိန်းဂဏန်းများက ဆိုသည်။

မြန်မာနိုင်ငံတွင် HIV/AIDS ကူးစက်မှုနှုန်းကို ယခင်နှစ်များထက် ထိန်းထားနိုင်ပြီး၊ အဓိကအားဖြင့် ARV လှူဒါန်းမှု များပြားလာခြင်းကြောင့် ဖြစ်သည်။

ဆေးရရှိမှုမှာ ၂၀၀၂ ခုနှစ်တွင် ၁၂ ဦး၊ ၂၀၀၉ ခုနှစ်တွင်မူ ၂ သောင်းခွဲကျော်နှင့် ၂၀၁၀ တွင် ၃ သောင်းခန့်အထိ
 မြင့်တက်လာခဲ့သည်။ ၂ဝဝ၉  ခုနှစ် စာရင်းများအရ HIV/AIDS ကူညီပေးနေသည့် AZG အဖွဲ့က လူ ၆ ထောင်ကျော်အထိ ကူညီခဲ့ကာ၊ အစိုးရ၏ National Aids ကမူ ၁၄၀၀ ခန့် ကူညီခဲ့သည်။

ARV ဆေးကို NGO များအနေဖြင့် ငွေကြေး မတတ်နိုင်သဖြင့် အပြည့်အဝ ကူညီရန် ခက်ခဲနေပြီး ပြင်ပဈေးနှုန်းအရ တဦးလျှင် တလစာအတွက် ကျပ် ၂ သောင်းခွဲမှ ၃ သောင်းအထိ ရှိသည်။

“တသက်လုံးသောက်ရမှာ ဖြစ်တဲ့အတွက် တသက်လုံးအတွက် အာမခံချက်ဖြစ်အောင် တယောက်ယောက်ကနေ တာဝန်ယူပြီး ပေးရမယ်ဆိုတဲ့ အဲဒီ Perfection (အလုံးစုံ) တွေကလည်း ရှိတယ်။ ကိုယ့်ကို ဘယ်သူက
 ဆေးပေးမလဲ၊ ပေးတဲ့သူက တသက်လုံး တာဝန်ယူပြီး ဆေးပေးရမယ်ပေါ့။ ဒီဆေးကလည်း မသေမချင်း သောက်ရမှာပဲလေ” ဟု HIV ကူညီရေး အဖွဲ့တခုတွင် လုပ်ကိုင်နေသည့် ရုပ်ရှင်သရုပ်ဆောင်
 ဒေါ်ဆွေဇင်ထိုက်က မဇ္ဈိမကို ပြောသည်။

ကြာသပတေးနေ့ အစည်းအဝေးတွင်  ကျန်းမာရေး၊ ပြည်ထဲရေး၊ လူမှုဖူလုံရေး၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနများနှင့် ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂဆိုင်ရာ အရာရှိများနှင့် အစိုးရ မဟုတ်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ၊ HIV/AIDS ဝေဒနာသည်များကို ကူညီနေသည့် အလှူရှင်များ စသဖြင့် လူဦးရေ ၁၂၀ ကျော်က အမျိုးသား မဟာဗျူဟာ စီမံကိန်းဆိုင်ရာ အစည်းအဝေး အမည်ဖြင့် ဇွန်လ ၁ ရက်နေ့မှစ၍ ၂ ရက်ကြာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

၎င်းတို့က  အစိုးရ၏ ပါဝင်ပတ်သက်မှု၊ အားကောင်းသည့် ကျန်းမာရေး ကူညီစောင့်ရှောက်မှုစနစ် ဖြစ်ထွန်းရေးနှင့် မဟာဗျူဟာ စီမံကိန်းဆိုင်ရာ သတင်းအချက်အလက် ရရှိရေးတို့ လုပ်ကိုင်သွားရန်ပါ ချမှတ်ခဲ့သေးသည်။

မြန်မာနိုင်ငံတွင် HIV/AIDS ပျံ့နှံ့မှုမှာ လိင်အလုပ်သမများတွင် ၁၁.၂ ရာခိုင်နှုန်း၊ ဆေးထိုးအပ်မှ ကူးစက်ခြင်း ၃၄.၆ ရာခိုင်နှုန်း၊ လိင်တူဆက်ဆံမှုမှ ၂၂.၃ ရာခိုင်နှုန်းနှင့် ကိုယ်ဝန်ဆောင်မိခင်မှ ကူးစက်မှု ဝ.၉၆ ရာခိုင်နှုန်း ရှိကြောင်း ကုလသမဂ္ဂ စစ်တမ်းများအရ သိရသည်။ ဆေးထိုးအပ်မှ ကူးစက်ပျံ့ပွားမှုမှာ မြန်မာပြည်မြောက်ပိုင်းနှင့် နယ်စပ်ဒေသများ၌ အများဆုံးဟုလည်း သိရသည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1117 guests online