တနင်္ဂနွေ, ၂၆ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အင်းစိန်ဗုံး ၈ ဦး ဒဏ်ရာရ

အင်းစိန်ဗုံး ၈ ဦး ဒဏ်ရာရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၌ ဗုံးပေါက်ကွဲမှုတခု တနင်္ဂနွေနေ့ ညတွင် ဖြစ်ပွားခဲ့ရာ ကလေး ၂ ဦး အပါအဝင် ၈ ဦး ဒဏ်ရာရရှိကြောင်း ရဲအရာရှိတဦးက ပြောသည်။

ကမ်းနားအလယ်ရပ်ကွက် အောင်ဇေယျ အိမ်ယာဝင်းရှိ ကွမ်းယာဆိုင်တဆိုင်ရှေ့တွင် ည ၇ နာရီကျော်၌ ပေါက်ကွဲခြင်းဖြစ်ပြီး၊ ဒဏ်ရာရသူများတွင် ၃ နှစ်အရွယ် မငြိမ်းငြိမ်းထွန်းနှင့် ၁၃ နှစ်အရွယ် မောင်ဇော်မင်းထိုက် ပါဝင်သည်။

ကျန်ဒဏ်ရာရသူများမှာ ကိုဇော်မင်းသန်း၊ မကေသီမျိုးကျော်၊ မဝင်းပပကျော်၊ မောင်တင့်လွင်ဦး၊
 မောင်ထွန်းထွန်း၊ မသင်းသင်းတို့ဖြစ်ပြီး အင်းစိန်မြို့နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်။

ဗုံးသယ်ဆောင်လာသူဟု ရဲက စွပ်စွဲထားသူမှာ အသက် ၂၆ နှစ်အရွယ် ကိုဇော်မင်းသန်းဖြစ်ပြီး ကွမ်းယာဝယ်နေစဉ် ပေါက်ကွဲခဲ့ကြောင်းနှင့် မပေါက်ကွဲသေးသော ဗုံးတလုံးကိုလည်း ထပ်မံ တွေ့ရှိရကြောင်း ရဲက ပြောသည်။

ကိုဇော်မင်းသန်းမှာ ပြင်းထန်စွာ ဒဏ်ရာရသဖြင့် စိုးရိမ်ဖွယ်အနေအထားဖြစ်ကြောင်း အင်းစိန်မြို့နယ်ဆေးရုံမှ ဆရာဝန်တဦးက ပြောသည်။


 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

ဆက်စပ် သတင်းများ

ဆက်စပ် သတင်း မရှိပါ။


e-letter-burmese

Who is Online

We have 75 guests online