ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဒန်ကလေ အာမခံရရေး ဒေါက်တာတင်ထွန်းဦး ကြိုးပမ်း

ဒန်ကလေ အာမခံရရေး ဒေါက်တာတင်ထွန်းဦး ကြိုးပမ်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။     ။ အင်းစိန်ထောင်တွင် ချုပ်နှောင်ခံရသည့် မြန်မာတိုင်းမ် CEO ဟောင်း မစ္စတာ ရော့စ် ဒန်ကလေ Ross Dunkley အာမခံရရေးအတွက် CEO သစ် ဒေါက်တာ တင်ထွန်းဦးနှင့် မြန်မာတိုင်းမ် ဝန်ထမ်းအချို့ ဆောင်ရွက်နေကြောင်း စုံစမ်း သိရှိရသည်။

မြန်မာတိုင်းမ် ဝန်ထမ်းများ အနေဖြင့် အာမခံပေးခွင့်မရှိဘဲ ပိုင်ရှင်ကသာ အာမခံရမည်ဖြစ်၍ CEO ဒေါက်တာတင်ထွန်းဦးက လိုက်လံ ဆောင်ရွက်ပေးနေကြောင်း ဒေါက်တာတင်ထွန်းဦး၏ ဇနီးဖြစ်သူ ဒေါ်ခင်မိုးမိုး အဆိုအရ သိရခြင်း ဖြစ်သည်။

Ross-Dunkley"အာမခံက ဥပဒေဘောင်ထဲက ကူညီရမယ်ဆိုတော့ ဗမာဘက် ဆိုက်ကပေါ့နော်၊ ဝန်ထမ်းလည်း အာမခံလို့ မရဘူး။ ပိုင်ရှင်အနေနဲ့ပဲ အာမခံရမယ်ဆိုတော့ ဆရာပဲ လိုက်လုပ်ပေးရတာလေ" ဟု သူက မဇ္ဈိမကို ပြောသည်။

ဗုဒ္ဓဟူးနေ့ မနက်ပိုင်းတွင် အမှုကိစ္စနှင့်ပတ်သက်၍ မစ္စတာ ဒန်ကလေနှင့် တွေ့ဆုံရန် ဒေါက်တာ တင်ထွန်းဦးနှင့် မြန်မာတိုင်းမ် ဝန်ထမ်းနှစ်ဦး ကြိုးစားခဲ့သော်လည်း တွေ့ဆုံခွင့် မရခဲ့ပေ။

"တွေ့ဖို့အတွက် လျှောက်လွှာတင်တော့လေ၊ နိုင်ငံခြားသား ပါတယ်ဆိုပြီး တွေ့ခွင့်မပေးပါဘူး။ သူတို့က နိုင်ငံခြားသား ပါတယ်ထင်ပြီး မပေးတာပါ။ နိုင်ငံခြားသားတို့၊ အပြင်လူတို့ ပါတယ်ထင်ပြီးတော့လေ။ အမှန်က ဗမာတွေပါပဲ၊ မြန်မာတိုင်းမ်က ဝန်ထမ်းနှစ်ယောက်နဲ့ သွားခဲ့တာပါ။ မြန်မာတိုင်းမ်က ဦးမြင့်မောင်နဲ့ ဦးဝေလင်းပါ" ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။

တွေ့ဆုံခွင့် မရခဲ့ကြောင်းကို မြန်မာတိုင်းမ်ဝန်ထမ်း ဦးဝေလင်းကလည်း အတည်ပြုသော်လည်း အသေးစိတ်ပြောရန် အဆင်မပြေဟု ဆိုသည်။

တွေ့ခွင့်ရရန် မနက်ဖြန် ထပ်ကြိုးစားမည်ဟု မြန်မာတိုင်းမ် CEO ၏ ဇနီးက ပြောဆိုပြီး၊ ပြင်ပတွင် ထွက်ပေါ်နေသော သတင်းများနှင့်ပတ်သက်၍ လက်တလော မဖြေရှင်းလိုသေးဟု ပြောဆိုသည်။

"သတင်းတွေကတော့ ထင်ရာအမျိုးမျိုး ပြောနေကြတာပေါ့နော်။ အချိန်ကျရင် သူ့အလိုလို ရှင်းသွားမှာပဲလေဆိုပြီး ဘာမှမပြောဘဲ ထားလိုက်တာပါ။ အခုတလောလည်း အလုပ်တွေက အရမ်းရှုပ်နေလို့ပါ" ဟု သူက ပြောသည်။

မြန်မာတိုင်းမ်ဂျာနယ် ထုတ်ဝေသည့် Myanmar Consolidated Media Group Ltd (MCM) ၏ CEO ဟောင်းဖြစ်သူ သြစတြေးလျနိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေကို လဝက အမှုဖြင့် ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့တွင် ရဲက ဖမ်းဆီးပြီး၊ သောကြာနေ့တွင် အင်းစိန်ထောင်သို့ ပို့ဆောင်ချုပ်နှောင်ခဲ့သည်။

ယခုအပတ် တနင်္လာနေ့တွင် မစ္စတာ ဒန်ကလေ အစား ဒေါက်တာတင်ထွန်းဦးက MCM ၏ CEO အဖြစ် တရားဝင် လွှဲပြောင်းယူခဲ့သည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1274 guests online