ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ချင်းအမျိုးသားပါတီက ဖွဲ့စည်းပုံပါ အချက်အချို့ပြင်

ချင်းအမျိုးသားပါတီက ဖွဲ့စည်းပုံပါ အချက်အချို့ပြင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။     ။ ချင်းပြည်နယ် ဟားခါးမြို့တွင် ကျင်းပသည့် ချင်းအမျိုးသားပါတီ CNP မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့ ယနေ့တွင် ကော်မတီအသစ်များ ဖွဲ့စည်းနိုင်ခဲ့ပြီး ပါတီဖွဲ့စည်းပုံကိုလည်း ပြင်ဆင်မှုအချို့ပြုလုပ်ခဲ့ကြောင်း ပါတီတာဝန်ရှိသူများ အဆိုအရ သိရသည်။

ယခင်က ပါတီဖွဲ့စည်းပုံကို ဗဟိုအလုပ်အမှုဆောင် CED ကသာ လုပ်ပိုင်ခွင့် အမြင့်ဆုံး ရှိခဲ့သော်လည်း ယခုအစည်းအဝေးက ပါတီအထွေထွေညီလာခံကို အမြင့်ဆုံးထားပြီးနောက် CEC ၊ မြို့နယ်၊ တိုက်နယ်၊ ကျေးရွာကော်မတီများဟု လုပ်ပိုင်ခွင့်ကို အဆင့်ဆင့် ခွဲဝေလိုက်သည်။

“ညီလာခံကို အကြီးဆုံး ထားလိုက်တယ်။ အဲဒါပြီးမှ CEC ၊ သူ့အောက်မှာ CEC ထဲက ဥက္ကဋ္ဌရယ်၊ အတွင်းရေးမှူးတွေရယ်၊ ဘဏ္ဍာရေးမှူးရယ် ၄-၅ ဦး ကော်မတီပေါ့။ သူ့အောက်မှာ မြို့နယ် EC ၊ ကျေးရွာအထိပေါ့” ဟု CNP အတွင်းရေးမှူး ၁ ထျီယံအုတ်ထန်း Thian Uk Thang ခေါ် ကိုငယ်ပီးက မဇ္ဈိမကို ပြောသည်။

ယနေ့တွင် ဒုဥက္ကဋ္ဌအသစ်နှင့် အတွင်းရေးမှူး ၂ နေရာများကို ရွေးချယ်ခြင်း မရှိသေးသော်လည်း CEC ကို မြို့နယ်ကော်မတီမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ပါဝင်သည့် ပုံစံအသစ်ဖြင့် ပြင်ဆင်ဖွဲ့စည်းနိုင်ခဲ့သည်။

“နောက်ပြီး အထွေထွေ ညီလာခံကို ၂ဝ၁၂ မတ်လလောက်မှာ ခေါ်နိုင်ဖို့ပေါ့။ အဲဒီမှာ ပါတီက လုံးလုံးလျားလျား ပီပြင်လာမယ်လို့ မျှော်လင့်ရတယ်” ဟု ကိုငယ်ပီးက ပြောသည်။

ထို့ပြင် အတွင်းရေးမှူးများနှင့် CNP ကို ထောက်ခံအားပေးနေသည့် ချင်းတိုင်းရင်းသား စီးပွားရေးသမားများ ပါဝင်သည့် ၇ ဦးအဖွဲ့ဖြင့် ဘဏ္ဍာရှာဖွေရေး ကော်မတီတခုကိုလည်း အသစ်ဖွဲ့စည်းခဲ့သည်။

ဘဏ္ဍာရှာဖွေရေး ကော်မတီက ပါတီရန်ပုံငွေ မည်သို့ရှာဖွေမည်ကို လာမည့် ၁-၂ ပတ်အတွင်း လေ့လာတင်ပြသွားရန် ပါတီ၏ ဟားခါးမြို့နယ်ရုံး၌ ကျင်းပနေသည့် ယနေ့အစည်းအဝေးက ဆုံးဖြတ်သည်။

CNP မှ ရွေးကောက်ခံ ကိုယ်စားလှယ် ၉ ဦး၊ အထွေထွေအတွင်းရေးမှူးနှင့် အတွင်းရေးမှူး ၁ အပါအဝင် CEC မှ ၃ ဦး၊ ပါတီပြင်ပမှ ဥပဒေကျွမ်းကျင်သူ ၃ ဦး ပါဝင်သည့် ဥပဒေမူကြမ်း တင်သွင်းရေး ကော်မတီတခုကိုလည်း ဖွဲ့စည်းခဲ့သည်။

“ဥပဒေမူကြမ်းတင်သွင်းရေးကော်မတီက ကြွက်ဘေးတို့၊ ဂီရိမုန်တိုင်းဒဏ်ခံရတဲ့ အမေ့လျော့ခံ ကန်ပက်လက်တို့ ပလက်ဝမြို့နယ်က ကျေးရွာတချို့တွေပေါ့။ အဲဒီကိစ္စအရေးကို ဆက်လက်ဆောင်ရွက်မယ်” ဟု အတွင်းရေးမှူး ၁ က ပြောသည်။

ယနေ့ကျင်းပသည့် CNP ပါတီမျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့သို့ ရွေးကောက်ခံအမတ် ၉ ဦး အပါအဝင် မင်းတပ်၊ ဟားခါး၊ ကန်ပက်လက်၊ ထန်တလန်း၊ တီးတိန်နှင့် ဖလမ်း မြို့နယ်များမှ ပါတီတာဝန်ရှိသူ စုစုပေါင်း ၃ဝ ဦးကျော် တက်ရောက်ကြသည်။

CNP ပါတီ မျက်နှာစုံညီ အစည်းအဝေးကို မနက်ဖြန်တွင် နောက်ဆုံးနေ့အဖြစ် ဆက်လက် ကျင်းပမည် ဖြစ်သည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1277 guests online