ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဒေါ်စုနှင့် တွေ့ဆုံမှုကို NDF အားရကျေနပ်

ဒေါ်စုနှင့် တွေ့ဆုံမှုကို NDF အားရကျေနပ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ တွေ့ဆုံရသည့်အပေါ် အားရကျေနပ်ကြောင်း NLD မှ ခွဲထွက်၍ ၂၀၁၀ ရွေးကောက်ပွဲဝင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။

suukyi-meets-ndf-leaders2ဦးခင်မောင်ဆွေ၊ ဒေါက်သန်းငြိမ်းနှင့် ဒေါက်တာဝင်းနိုင် စသည့် NDF ခေါင်းဆောင်များနှင့် ပါတီလူငယ် ၂ ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ကိုယ်ရေးအရာရှိ ဦးဝင်းထိန်က ဦးတင်ဦးနေအိမ်၌ ယနေ့မနက်တွင် တနာရီခန့်ကြာ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“တွေ့ဆုံရတာ အားရကျေနပ်မှု ရှိပါတယ်။ မတွေ့တာလည်း ကြာပြီဆိုတော့ ၀မ်းသာကြတာပေါ့။ ပါတီနှင့် ပတ်သက်တာတွေကို မပြောဖြစ်ပါဘူး။ ပုဂ္ဂ္ဂိုလ်ရေးအရသာ တွေ့တာပါ။ နိုင်ငံရေးကိစ္စတွေတော့ မပါပါဘူး” ဟု NDF အကြံပေးပုဂ္ဂိုလ် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ သူ့ရဲ့မျက်နှာ ရွှင်ပြပြီးတော့၊ မျက်စိက အရောင်တောက် ပြီးတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ ကျနော်တို့ကို ကြိုဆိုပါတယ်။ ကိုယ်ရေးကိုယ်တာ ဆွေးနွေးတဲ့အတွက် အိမ်ထောင်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ဟိုတုန်းက အကြောင်းတွေကိုပဲ ပြန်ပြီးတော့ ပြောကြတာပါ။ ဟိုတုန်းက လုပ်ဖော်ကိုင်ဘက် ဟောင်းတွေကို တွေ့ဆုံတဲ့ ပွဲတွေလေးပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
suukyi-meets-ndf-leaders3
ယခင် NLD လူငယ်ဟောင်းများဖြစ်ကာ လက်ရှိ NDF အဖွဲ့ဝင် ကိုမျိုးအောင်နှင့် ကိုမြင့်လွင်ကို နာရီဝက်ခန့်ကြာ တွေ့ဆုံပြီးနောက် NDF ခေါင်းဆောင်များကို တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယနေ့ တွေ့ဆုံပွဲနှင့်ပတ်သက်၍ NDF မှ ရွေးကောက်ပွဲအနိုင်ရ အမတ်တဦးက "အခုတွေ့တာ ကျနော်တို့နဲ့ မဆိုင်ဘူး။ ပါတီခေါင်းဆောင်တွေအနေနဲ့ တွေ့တာမဟုတ်ဘူး။ အရင် NLD လုပ်ဖော်ကိုင်ဘက်ဟောင်းတွေအနေနဲ့ တွေ့တာ။ ဒါဟာ ပါတီကို ကိုယ်စားပြုပြီး တွေ့တာမဟုတ်ဘူး။ အဲဒီတော့ ကျနော်တို့အနေနဲ့ ဘာမှ ပြောစရာ၊ ဝေဖန်စရာ မရှိပါဘူး" ဟု မဇ္ဈိမကို ပြောသည်။

နောက်ပိုင်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံတွေ့ဆုံသွားမည်ဟု ဦးခင်မောင်ဆွေက ပြောသော်လည်း၊ မည်သည့်အကြောင်းကိစ္စကို ဆွေးနွေးမည်ဟု ရည်ညွှန်းပြောဆိုခြင်း မရှိပါ။
suukyi-meets-ndf-leaders1
NLD က ယခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိဟုဆိုကာ ပါတီကို ထပ်မံမှတ်ပုံမတင်ရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် သဘောထားခြင်း မတိုက်ဆိုင်သော ဗဟိုအလုပ်အမှုဆောင် ၄ ဦးနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ၇ ဦး အပါအ၀င် ပါတီဝင် ၂၇ ဦးက မေလ ၆ ရက်နေ့တွင် NDF ကို တည်ထောင်ခဲ့သည်။ ၎င်းတို့၏ ပါတီထောင်ခြင်းကို ဇွန်လ ၁၄ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုခဲ့သည်။  ရွေးကောက်ပွဲတွင် NDF အမတ်လောင်း ၁၆၃ ဦး ၀င်ပြိုင်ရာတွင် ၁၆ ဦးသာ ရွေးချယ်တင်မြောက်ခံခဲ့ရသည်။

 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1284 guests online