ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > နိုင်ငံရေး အကျဉ်းသားများကို ဗဟိုဦးစီးအဖွဲ့တွင် NLDထည့်သွင်း

နိုင်ငံရေး အကျဉ်းသားများကို ဗဟိုဦးစီးအဖွဲ့တွင် NLDထည့်သွင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။     ။ ပါတီလုပ်ငန်းစဉ်များ ပိုမိုလုပ်နိုင်ရန်ဟု ရည်ရွယ်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အတည်ပြု ခန့်အပ်လိုက်သော ဗဟိုဦးစီးအဖွဲ့ဝင် ၁ဝဝ ထဲတွင် နိုင်ငံရေးယုံကြည်ချက်ကြောင့် လက်ရှိ ထောင်ကျနေသူများပါဝင်သည်။

အတိုက်အခံပါတီ၏ ရန်ကုန်ရှိ ဌာနချုပ်မှ ယမန်နေ့၌ ထုတ်ပြန်သော ရွေးချယ်ခံရသည့် ဗဟိုဦးစီးအဖွဲ့ဝင် ၁ဝဝ နှင့် အရံ ၈ ဦးကို မကြာမီ ဗဟိုဌာနချုပ်သို့ ခေါ်ယူစည်းဝေးပြီး လယ်သမား၊ အလုပ်သမား၊ စီးပွားရေး စသည်ဖြင့် ကဏ္ဍအလိုက် တာဝန်များ ပေးအပ်မည်ဖြစ်သည်။

ဗဟိုဦးစီးအဖွဲ့ဝင်များထဲတွင် လက်ရှိ ထောင်ကျနေသည့် အန်အယ်ဒီ အမတ်များအပါအဝင် အဖွဲ့ဝင် ၁ဝ ဦး ပါဝင်သည်။ မန္တလေးတိုင်း မှ ၂ ဦး၊ ရခိုင်ပြည်နယ်မှ ၄ ဦး၊ ရှမ်းပြည်နယ်မှ ၁ ဦး၊ စစ်ကိုင်းတိုင်းမှ ၃ ဦး အသီးသီး ဖြစ်ကြပြီး အင်းစိန်ထောင်၊ ပူတာအို၊ ကသာ၊ သရက်၊ တောင်ကြီးနှင့် မန္တလေးထောင်များတွင် ထောင်ကျခံနေကြရသည်။

“လူ့အခွင့်အရေးကိစ္စမျိုးတွေ လုပ်တဲ့အဖွဲ့တွေရှိမယ်။ အိုင်အယ်အိုတွေနဲ့ တွဲပြီးတော့ လယ်သမားကိစ္စ ရှိမယ်။ နိုင်ငံတကာ စီးပွားရေးရာ ကော်မတီတွေ ရှိမယ်။ အဲဒီလိုလုပ်ငန်းတွေကို CC တွေက ဆောင်ရွက်သွားကြရမှာဘဲ” ဟု ဗဟိုအလုပ်မှုဆောင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

အန်အယ်ဒီပါတီတွင် “နှစ်ပေါင်းများစွာ” ဗဟိုဦးစီးဖွဲ့နိုင်ခြင်းမရှိခဲ့ပဲ ယခုကဲ့သို့ ဒီမိုကရေစီကျင့်စဉ်အရ ရွေးချယ်နိုင်ခဲ့သောကြောင့် အားရကျေနပ်မှုရှိကြောင်း ဗဟိုပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေက ပြောသည်။

သို့သော် ပဲခူးတိုင်းမှ CC အဖွဲ့ဝင်များ ရွေးချယ်ရာတွင် မြို့နယ်မှ တင်ပြမှုများကို တိုင်းဥက္ကဌ ဦးညွန့်ဝေ (ဗဟိုအလုပ်အမှုဆောင်ဝင်) က သူသဘောကျ ရွေးချယ်ခဲ့မှုများရှိကြောင်း ပဲခူးတိုင်းမှ အန်အယ်ဒီ အမတ် ဦးမြတ်လှက ပြစ်တင်ဝေဖန်လိုက်သည်။

ဦးမြတ်လှသည် ဒီမိုကရေစီစနစ် ကျင့်သုံးမှု မရှိဘဲ ဗဟိုဦးစီးစနစ်ကိုသာ ကျင့်သုံးခြင်းမှာ မှားယွင်းနေ သည်ဟု ပါတီဥက္ကဌ ဦးအောင်ရွှေအား ထောက်ပြဝေဖန်ခဲ့ပြီးနောက် ယမန်နှစ် မေလမှ စတင်ကာ အဖွဲ့ဝင်အဖြစ်မှ ၁ နှစ် ဆိုင်းငံ့ထားခဲ့သည်။

၁၉၉ဝ ခုနှစ်အတွင်း စတင်ဖွဲ့စည်းစဉ်က CC အဖွဲ့ဝင် ဦးရေ ၈ဝ ရှိခဲ့သော်လည်း ၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင် အများအပြားကို အာဏာပိုင်များက ဖမ်းဆီးခဲ့သဖြင့် လုပ်ငန်းမဖော်ဆောင်နိုင်ဘဲ ဖြစ်ခဲ့ရသည်။

(ကိုဝိုင်းတည်းဖြတ်သည်)

 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1427 guests online