ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > FEC က ဒေါ်လာလဲနှုန်းထက် ၁၅ ကျပ် မြင့်တက်

FEC က ဒေါ်လာလဲနှုန်းထက် ၁၅ ကျပ် မြင့်တက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။      ။ ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေ လဲလှယ်သည့် မှောင်ခို ဈေးကွက်တွင် FEC သည် အမေရိကန် ဒေါ်လာထက် ဈေးနိမ့်ခဲ့ရာမှ ယခုအခါ ၁၅ ကျပ်အထိ ထူးခြားစွာ ဈေးမြင့်တက်သွားသည်။

“FEC က ဒီနေ့ပေါက်ဈေး ၁၀၂၅ (ကျပ်) ရှိတယ်။ အစိမ်းက ၁၀၁၀ (ကျပ်) ပဲ ရှိတယ်။ ဒီလိုမျိုး FEC က အစိမ်းထက် ဈေးတက်နေတာတော့ တခါမှ မကြုံဖူးသေးဘူး” ဟု ကျောက်တံတားမြို့နယ်မှ ငွေလဲလှယ်ရေး လုပ်ငန်းရှင် တဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်လ ပထမပတ်အတွင်း ကန်တဒေါ်လာ ၉၈၅ ကျပ်၊ FEC တယူနစ် ၉၇၀ ကျပ် ပေါက်ဈေး ရှိခဲ့သော်လည်း ၂၀ ရက်နေ့ နောက်ပိုင်းတွင် ဒေါ်လာနှင့် FEC တို့ တန်ဖိုးတူ ဖြစ်လာခဲ့ပြီးနောက် ယခု လဆန်းပိုင်းတွင် FEC က ကျော်တက်သွားခြင်း ဖြစ်သည်။

FEC ဈေးမြင့်လာခြင်းမှာ အသုံးပြုမှု ပိုမို တွင်ကျယ်လာသဖြင့် ဖြစ်နိုင်ကြောင်း ကြည့်မြင်တိုင်မြို့နယ်မှ ရေလုပ်ငန်း ပို့ကုန် လုပ်ငန်းရှင်တဦးက ဆိုသည်။

” FEC တက်လာတာက ကျနော်ထင်တာတော့ ဆီဝယ်တဲ့နေရာ၊ ဖုန်းကဒ်ဝယ်တဲ့နေရာ၊ လေယာဉ်လက်မှတ် ဝယ်တဲ့ နေရာတွေမှာ သုံးတာတွေ ပိုများလာတာကြောင့်လို့ ထင်တယ်။ ဒါကြောင့်လည်း ဒီကောင်က ဒီလောက် ဈေးမြင့် နိုင်တာပေါ့။ မဟုတ်ရင် ဘယ်နိုင်ငံခြားမှာမှ သုံးမရတဲ့ ဒီငွေကို ဘယ်သူက ဝယ်စုထားချင်မှာလဲ” ဟု သူက ပြောသည်။ 

စစ်အစိုးရသည် အမေရိကန် တဒေါ်လာနှင့် တန်ဖိုးညီမျှကြောင်း အာမခံထားသည့် FEC ငွေကို တယူနစ်၊ ၅ ယူနစ်၊ ၁၀ ယူနစ်နှင့် တန်ဖိုးအကြီးဆုံး ၂၀ ယူနစ်အထိ ထုတ်ဝေထားသည်။ သို့သော်လည်း အများအားဖြင့် ဒေါ်လာနှင့် လဲလှယ်နှုန်းက ပိုမြင့်လေ့ရှိသည်။

၂၀၀၈ ခုနှစ် နှစ်လယ်ပိုင်းမှစတင်၍ တခါသုံး GSM ဆင်းကဒ်များနှင့် CDMA ကမ်းရိုးတန်း မိုဘိုင်းဖုန်းကဒ်များကို ကုမ္ပဏီများသို့ ရောင်းချခွင့် ပေးခဲ့သော်လည်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနက FEC ဖြင့်သာ ရောင်းချစေခဲ့သည်။

နာဂစ် မုန်တိုင်းဒဏ်သင့် ဘေးဒုက္ခသည်များအတွက် ကူညီမှုများ ပေးအပ်ရာတွင် ဒေါ်လာနှင့် FEC ငွေလဲလှယ်နှုန်း ကွာဟမှုကြောင့် ၃ လအတွင်း ကန်ဒေါ်လာ ၁.၆၅ သန်း နစ်နာခဲ့ရကြောင်း ကုလသမဂ္ဂ အဖွဲ့ကြီးက ၂၀၀၈ ခုနှစ်အတွင်းက ထုတ်ဖော် ဝန်ခံခဲ့သည်။ ၂၀၀၈ ခုနှစ်အတွင်း FEC သည် ဒေါ်လာအောက် ၅၀ ကျပ်မှ ၃၀၀ ကျပ် နီးပါးအထိ ကွာဟခဲ့သည်။

၂၀၀၈ ခုနှစ် သြဂုတ်လ အစောပိုင်းတွင် မှောင်ခိုဈေးကွက်၌ တဒေါ်လာလျှင် ပေါက်ဈေး ၁၂၁၅ ကျပ် ရှိခဲ့ပြီး FEC  တဒေါ်လာလျှင် ၈၅၀ ကျပ် ရှိခဲ့သည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1581 guests online