အင်္ဂါ, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဆုံးရှုံးလယ်မြေများအတွက် လျော်ကြေးပေးနေဟု လပွတ္တာမြေတိုင်းမှူးပြော

ဆုံးရှုံးလယ်မြေများအတွက် လျော်ကြေးပေးနေဟု လပွတ္တာမြေတိုင်းမှူးပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


နာဂစ်မုန်တိုင်းဒဏ်ခံရသော ဧရာဝတီတိုင်းအတွင်းမှ လယ်ယာမြေများ၌ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် လယ်သမားများအား လျော်ကြေးပေးကြောင်း လပွတ္တာမြို့နယ် မြေတိုင်းဦးစီးမှူးက ပြောသည်။

ဧရာဝတီတိုင်း လပွတ္တာမြို့နယ်၊ တောက်မှော်အပိုင် သရက်ကုန်းကျေးရွာမှ လယ်သမား ၂၀ ဦး၏ လယ်ယာမြေများအတွက် လျော်ကြေးငွေ မရရှိကြောင်း ပြောဆိုမှုအပေါ် သူက တုန့်ပြန် ပြောကြားခြင်း ဖြစ်သည်။

ထို့အပြင် ယင်းကျေးရွာမှ အသုံးပြုခဲ့သည့် မြေများမှာ လယ်မြေများမဟုတ်ပဲ “စားကျက်မြေ” များသာ ဖြစ်သည်ဟုလည်း သူက ဆိုသည်။

“အဲဒါတွေက လယ်မြေတွေ မဟုတ်ဘူး။ နိုင်ငံတော်က တမင်အသုံးပြုဖို့ထားတဲ့ စားကျက်မြေတွေပါ။ နိုင်ငံတော်က သိမ်းလိုက်လို့ ဆုံးရှုံးသွားတဲ့ လယ်မြေတွေအတွက် တဧကကို နှစ်သိန်းပေးပါတယ်” ဟု လပွတ္တာမြို့နယ် မြေတိုင်း ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်မြင့်က မဇ္ဈိမကို ပြောသည်။

သို့သော် လယ်သမားအယောက် ၂၀ ၏ လယ်ယာများမှာ တည်ဆောက်ရေး လုပ်ငန်းများအတွက် ယခင် အပတ်မှစပြီး အသုံးပြုခံခဲ့ရပြီး လယ်ဧက ၂၀၀ အတွက် ယခုထိတိုင် လျော်ကြေးမရသေးကြောင်း သိရသည်။

လယ်သမားတဦးက “စပါးတွေက အခုမှ ရိတ်ကာစပဲ ရှိသေးတာ။ မပြီးသေးဘူး။ အခု သူတို့က မြောင်းတွေ လာဖောက်တော့ ဒုက္ခရောက်ကုန်တယ်။ သူတို့ဆောက်တဲ့နေရာက နည်းတာမဟုတ်ဘူး။ အခု စပါး တွေပါ အကုန်ပါကုန်တာပေါ့” ဟု မဇ္ဈိမကို ပြောသည်။

လပွတ္တာမြို့နယ်အတွင်း၌ တည်ဆောက်ရေးလုပ်ငန်းများကို အကောင်ထည်ဖော်နေသည်မှာ ၇ လကျော် နေပြီဖြစ်ပြီး အဆိုပါ လယ်သမားများ၏ လယ်မြေများ ပျက်စီးခဲ့သည်မှာလည်း မှန်ကန်ကြောင်း မြို့ခံတဦးက ပြောသည်။

ပြီးခဲ့သည့်လက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နာဂစ်မုန်တိုင်းသင့်ဒေသ ခရီးစဉ်အပြီးတွင် ယခုကဲ့သို့ လယ်မြေသိမ်းယူမှုများ ယခင်ကထက် ပိုမိုများပြားလာပြီး ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် စည်ပင်က တည်ဆောက်ရေး လုပ်ငန်းများကို နေ့၊ ည မပြတ် လုပ်ဆောင်နေကြကြောင်းလည်း သူက ပြောသည်။

နာဂစ်ဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်းရှိ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော ဒေသများ၏ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် စစ်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများဖြစ်သော ဧရာရွှေဝါ၊ ထူး၊ ဝါဝါဝင်း၊ အေးရှားဝေါလ်၊ ရွှေသံလွင်၊ ဧဒင်၊ မက်စ်မြန်မာ၊ အက်ဖ်အမ်အိုင် စသည့် ကုမ္ပဏီများက ဦးစားပေး လုပ်ပိုင်ခွင့် ရရှိထားသည်။

၂၀၀၈ ခု မေ ၂-၃ ရက်တွင် တနာရီမိုင် ၁၀၀ ကျော်ဖြင့် တိုက်ခတ်သွားသည့် နာဂစ်မုန်တိုင်းဒဏ်ကို ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့ ခံလိုက်ရပြီး ဧရာဝတီတိုင်းသည် အဆိုးရွားဆုံး ဖြစ်သည်။ မုန်တိုင်းကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းခန့် သေကြေခဲ့ရပြီး လူပေါင်း ၂ ဒဿမ ၄ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)



 

Editor's choice

ဘိလပ်မြေဈေး ကျပ်တထောင်ကျော် မြင့်တက်

ဈေးကွက်အတွင်း ဝယ်လိုအားများနေသဖြင့် ဘိလပ်မြေဈေးနှုန်းများ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကျပ်တထောင်ကျော်...

အလွမ်းစကား

News image

ကျမ ထောင်ဝင်စာတွေ့ဖို့ ကလေးမြို့ကို ရောက်နေတဲ့အချိန် ဖြစ်ပါတယ်။ ရတနာပုံအိမ်ကြီးရဲ့ တီဗီရှေ့မှာ အိမ်ရှင် ...

ဆရာ …. နှစ်ယောက် ….

ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်တို့က တဖက်နှင့် ဒုတိယကမ္ဘာစစ်မီးကြီးက လျှံလျှံညီးညီး တောက်လောင်၍ ...

အင်တာနက်သုံးသူ မှတ်တမ်းပြုစုရန် အာဏာပိုင်များညွှန်ကြား

အင်တာနက်ဆိုင်များတွင် လာရောက် အသုံးပြုသူများ၏ ကိုယ်ရေး အချက်အလက်များကို မှတ်တမ်း တင်ထားရမည်...