စနေ, ၁၃ မတ် ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ၂၀၀၈ ဖွဲ့စည်းပုံကိစ္စ ဆွေးနွေးမည်ဟု ဒီချုပ်ပြော

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ၂၀၀၈ ဖွဲ့စည်းပုံကိစ္စ ဆွေးနွေးမည်ဟု ဒီချုပ်ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


မဇ္ဈိမ (ချင်းမိုင်)။ ။ မကြာမီရောက်လာမည့် အမေရိကန်အစိုးရ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံလျင် ၂၀၀၈ ခု ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို အလေးထား ဆွေးနွေးမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr Kurt Campbell နှင့် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Scott Marciel တို့ အပါအဝင် ကိုယ်စားလှယ် ၄ ဦးနှင့် ယခုလ ၄ ရက်နေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ခေါင်းဆောင်များက တွေ့ဆုံရန် စီစဉ်ထားကြသည်။။

“လူမှုရေးကိစ္စ Humanity aid ကိစ္စ၊ Dialogue ကိစ္စ၊ Sanction ကိစ္စ ရှိမယ်။ ၃ ချက်ပေါ့နော်။ ကျနော်တို့နဲ့ အမေရိကန် လာတွေ့သလို ကျနော်တို့နဲ့ အစိုးရတွေ့ဖြစ်အောင် ဖန်တီးပေးပါ။ Dialogue သာလျှင် နိုင်ငံရေး ဖြေရှင်းနိုင်လိမ့်မယ်။ ဒီအခြေခံဥပဒေကို မပြင်ရင်တော့ ရွေးကောက်ပွဲအတွက် ကျနော်တို့ မစဉ်းစားဘူး” ဟု အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

တင်ပြဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ အလုပ်အမှုဆောင် ကော်မတီဝင်များ ယနေ့ ဆွေးနွေးခဲ့ပြီး မနက်ဖြန်တွင်လည်း ဆက်လက် ဆွေးနွေးကြဦးမည် ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၃၀ ရက်နေ့က Mr Kurt Campbell ဦးဆောင်သည့် ကိုယ်စားလှယ် အနေဖြင့် အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန်သံရုံးက အကြောင်းကြားလာခြင်း ဖြစ်သည်။

ထိုနေ့မှာပင် Mr Kurt Campbell နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး မည်သည့်နေရာတွင် တွေ့ဆုံမည်ကိုမူ မသိရသေးသော်လည်း အလုပ် အမှုဆောင်အဖွဲ့ဝင် ၆ ဦးနှင့်မူ ဌာနချုပ်ရုံး၌ တွေ့မည် ဖြစ်သည်။

“စီအီးစီ အဖွဲ့နဲ့တော့ အဖွဲ့ချုပ်ရုံးမှာ ၄ ရက်နေ့။ အချိန် အခုထိ မသေချာသေးဘူး။ ညနေ ၂ နာရီက နေ ၄ နာရီအတွင်းပေါ့” ဟု အန်အယ်ဒီ ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောသည်။

ဗဟိုအလုပ်အမှုဆောင် ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဝင်းတင်၊ သခင်စိုးမြင့်၊ ဦးခင်မောင်ဆွေ တို့က အမေရိကန်ကိုယ်စားလှယ်များကို လက်ခံတွေ့ဆုံမည်ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မပြင်ဘဲ ရွေးကောက်ပွဲ လုပ်လျင် နိုင်ငံရေး တည်ငြိမ်မှု ရနိုင်မည် မဟုတ်ကြောင်း တင်ပြမည်ဟု ၁၉၉ဝ ခု ရွေးကောက်ပွဲ အနိုင်ရ ပါတီများနှင့် ဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ - CRPP အတွင်းရေးမှူး ဦးအေးသာအောင် (အတွင်းရေးမှူး-ရခိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) က ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ပေးဖို့လိုတယ်။ ဖွဲ့စည်းပုံ မကောင်းရင်လည်း ၂၀၁၀ ရွေးကောက်ပွဲ အပြီးမှာ လည်းဘဲ ပြည်တွင်း ငြိမ်းချမ်းရေး မရနိုင်ဘူး။ ဒါကြောင့်မို့လို့ တိုင်းပြည်တိုးတက်လာမဲ့ အလားအလာ မရှိဘူးဆိုတာတွေ ပြောမယ်လေ” ဟု သူက မဇ္ဈိမကို ပြောသည်။

Mr Kurt Campbell သည် ရခိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီး အမျိုးသားကွန်ဂရက်၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စသည့် အဖျက်သိမ်းခံ အဖွဲ့အစည်း ခေါင်းဆောင်များသာမက တရားဝင် နိုင်ငံ ရေးပါတီ ၁၀ ဖွဲ့နှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။

အမေရိကန် သမတအသစ် အိုဘားမားက ပိတ်ဆို့ အရေးယူထားမှုများအား ရုတ်သိမ်းခြင်း မရှိပဲ စစ်အစိုးရနှင့် တိုက်ရိုက် တွေ့ဆုံမည်ဟု မူဝါဒအသစ်ကို ကြေညာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း စက်တင်ဘာ ၂၅ ရက်စွဲဖြင့် ပိတ်ဆို့မှုများရုတ်သိမ်းရေးအတွက် အဖြေရှာနိုင်ရေးအတွက် ဆွေးနွေးမည်ဟု ဗိုလ်ချုပ်မှူးကြီးထံ စာရေးခဲ့သည်။ ယင်းနောက် ဆက်ဆံ ရေးဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် နှစ်ကြိမ်တွေ့ဆုံခဲ့သည်။

Mr Kurt Campbell ၏ ယခု ခရီးစဉ်သည် ၁၉၉၅ ခုနှစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်း အောလ်ဘရိုက်-Madeleine Albright ခရီးစဉ် နောက်ပိုင်း ၁၀ နှစ်ကျော်အတွင်း အမေရိကန် အဆင့်အမြင့်ဆုံး တာဝန်ရှိသူ လာရောက်ခြင်း ဖြစ်သည်။ မက်ဒလင်း အောလ်ဘရိုက်သည် သူ၏ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

ကြီးကြပ်တည်းဖြတ် ကိုဝိုင်း

 

Editor's choice

အမွန်းကျပ်ဆုံး အချိန်

ယခင်အာဏာရှင် ဦးနေဝင်းအစိုးရလက်ထက် ဖျက်သိမ်းခံလိုက်ရသော ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာ၊ အမျိုးသားဒီမိုကရေစီ ...

ရွေးကောက်ပွဲ ဥပဒေက ပြည်ပနေ မြန်မာများအတွက် ပီပြင်မှု မရှိ

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက စီးပွားရေးနှင့် နိုင်ငံရေးကြောင့် ပြည်ပတွင် ပြန့်နှံ့ရောက်ရှိနေသော မြန်မာသန်းပေါင်းများစွာ၏ ...

မြန်မာရွေးကောက်ပွဲ ဥပဒေကို စိတ်ပျက်လှကြောင်း အမေရိကန်ပြော

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၁၀၀ ကျော်သော နိုင်ငံရေး ...

ဘန်ကောက်ကို လေဖြတ်အောင် လုပ်ရန် ရှပ်နီများကြံ

ယခုသီတင်းပတ်ကုန်များတွင် အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ ပေါ်ပေါက်နိုင်သဖြင့် ထိုင်းနေပြည်တော်မှာ အရေးပေါ် ...