စနေ, ၁၃ မတ် ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > တတိယမြောက် လူတုပ်ကွေး A(H1N1) ကူးစက်ခံရသူ တွေ့ရှိ

တတိယမြောက် လူတုပ်ကွေး A(H1N1) ကူးစက်ခံရသူ တွေ့ရှိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ရန်ကုန် (မဇ္ဈိမ)။ ။ တတိယမြောက် လူတုပ်ကွေးရောဂါ A(H1N1) ဖြစ်ပွားနေသူ အသက် (၅၁) နှစ်အရွယ် အမျိုးသားတဦးအား ကုသပေးလျှက် ရှိကြောင်းနှင့် အခြား လူဦးရေ (၂၂၀) ကို ရောဂါလက္ခဏာ ရှိမရှိ စောင့်ကြည့်ဆဲဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေငြာသွားသည်။

ဇူလိုင်(၁၂) ရက်နေ့က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ Thai Airways လေကြောင်းခရီးစဉ် TG305 ဖြင့် ပြန်ရောက်လာခဲ့သူ အဆိုပါ အမျိုးသားတွင် A(H1N1) ရောဂါ ဖြစ်ပွားနေသည် ကို စစ်ဆေး တွေ့ရှိခဲ့ရကြောင်း ယမန်နေ့ည နိုင်ငံပိုင် ရုပ်သံများ၏ သတင်းအစီအစဉ်နှင့် ယနေ့ (ဇူလိုင်-၁၆) ထုတ် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများတွင် အတည်ပြု ဖော်ပြခဲ့သည်။

ဇူလိုင်(၁၂) ရက်နေ့က ရန်ကုန်လေဆိပ်တွင် စစ်ဆေးခဲ့စဉ်က အဖျား မရှိခဲ့ကြောင်း၊ ထို့နောက် နိုင်ငံရပ်ခြားမှ ပြန်ရောက်လာသူများအား ဒေသန္တရ ကျန်းမာရေးဌာနမှ (၁၀) ရက်စောင့်ကြည့်သည့် အစီအစဉ်အရ မြို့နယ် ကျန်းမာရေးဦးစီးမှ နေအိမ်သို့ သွားရောက် စစ်ဆေးခဲ့ရာ ဇူလိုင်(၁၄)ရက် နံနက်ပိုင်းတွင် အဆိုပါ အမျိုးသား၌ အဖျားရှိခြင်း၊ လည်ချောင်းနာခြင်း၊ နှာချေခြင်း လက္ခဏာများ တွေ့ရှိခဲ့ပြီး ဝေဘာဂီအထူးကု ဆေးရုံသို့ လွှဲပြောင်း ပေးခဲ့ကြောင်း ပါရှိသည်။

ဆေးရုံရှိ သီးသန့် လူနာခန်းတွင် ထားရှိပြီး ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဌာနက စမ်းသပ် စစ်ဆေးခဲ့ရာ A(H1N1) ရှိသည်ဟု အတည်ပြုခဲ့ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။

လူနာနှင့် ထိတွေ့မှု ရှိခဲ့သည့် မိသားစုဝင် (၉) ဦးနှင့် ယာဉ်မောင်း မိသားစုတို့အား နေအိမ်တွင် စောင့်ကြပ် ကြည့်ရှုနေကြောင်း၊ လူနာနှင့်အတူ လေယာဉ်စီးခဲ့သော နိုင်ငံသား (၈၄)ဦး၊ နိုင်ငံခြားသား (၁၃၆) ဦးတို့ကို ရောဂါလက္ခဏာ ရှိမရှိ လိုက်လံရှာဖွေ စောင့်ကြပ်နေကြောင်း သိရသည်။

ဇွန်လ (၂၇) ရက်နေ့မှ စပြီး ယနေ့အထိ မြန်မာနိုင်ငံတွင် ကမ္ဘာ့ လူတုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အတည်ပြုခဲ့သူ သုံးဦးရှိသွားပြီ ဖြစ်သည်။


 

Editor's choice

မြန်မာရွေးကောက်ပွဲ ဥပဒေကို စိတ်ပျက်လှကြောင်း အမေရိကန်ပြော

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၁၀၀ ကျော်သော နိုင်ငံရေး ...

ရွေးကောက်ပွဲ ဥပဒေက ပြည်ပနေ မြန်မာများအတွက် ပီပြင်မှု မရှိ

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက စီးပွားရေးနှင့် နိုင်ငံရေးကြောင့် ပြည်ပတွင် ပြန့်နှံ့ရောက်ရှိနေသော မြန်မာသန်းပေါင်းများစွာ၏ ...

အမွန်းကျပ်ဆုံး အချိန်

ယခင်အာဏာရှင် ဦးနေဝင်းအစိုးရလက်ထက် ဖျက်သိမ်းခံလိုက်ရသော ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာ၊ အမျိုးသားဒီမိုကရေစီ ...

ဘန်ကောက်ကို လေဖြတ်အောင် လုပ်ရန် ရှပ်နီများကြံ

ယခုသီတင်းပတ်ကုန်များတွင် အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ ပေါ်ပေါက်နိုင်သဖြင့် ထိုင်းနေပြည်တော်မှာ အရေးပေါ် ...