ကြာသပတေး, ၁၁ မတ် ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ပါတီဝင် လူငယ်များအတွက် ဥပဒေရေးရာ ဆွေးနွေးပွဲ အန်အယ်ဒီ ကျင်းပ

ပါတီဝင် လူငယ်များအတွက် ဥပဒေရေးရာ ဆွေးနွေးပွဲ အန်အယ်ဒီ ကျင်းပ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်နယ်နှင့် တိုင်းများမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များအတွက် ပညာပေး အစီအစဉ်အဖြစ် ဥပဒေရေးရာ ဆွေးနွေးပွဲတရပ်ကို ရန်ကုန်ရုံးချုပ်၌ ယနေ့မှ စတင်ကာ ၃ ရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။

ဆွေးနွေးပွဲကို ဥပဒေ ပညာရှင် ဦးသိန်းညွန့်က ဦးဆောင်ဆွေးနွေးပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ ရခိုင်၊ ကချင်၊ တနင်္သာရီ စသည့် တိုင်းနှင့် ပြည်နယ် - ၈ ခုမှ လူငယ် ၂၇ ဦး တက်ရောက်နေခြင်းဖြစ်သည်။

NLD Discuss Law
လူငယ်ပညာပေး အစီအစဉ် ဥပဒေရေးရာ ဆွေးနွေးပွဲကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အန်အယ်ဒီ ပါတီရုံးချုပ်တွင် ယနေ့ စတင် ကျင်းပစဉ်
“အဓိကအားဖြင့် အခြေခံ ဥပဒေတွေရော ပြည်ထဲရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေရော လူငယ်တွေ နားလည်အောင် လေ့လာပြီးတော့ သူတို့ရဲ့ စည်းရုံးရေးလုပ်ငန်း၊ သူတို့ရဲ့ ဘဝမှာ အသုံးဝင်ဖို့ပါပဲ။ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု ဥပဒေ အားကောင်းလာဖို့ ခြေလှမ်းတလှမ်း စထားလိုက်တာပဲ” ဟု အန်အယ်ဒီ ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲကို ဇူလိုင်လ ၁၅၊ ၁၆ နှင့် ၁၈ ရက်နေ့ထိ ပြုလုပ်မည်ဖြစ်ပြီး ၁၇ ရက်နေ့၌ လူငယ်များ လစဉ် အစည်းအဝေး ပြုလုပ်မည် ဖြစ်သည်။

ယနေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဗဟုသုတများသာမက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာစစ်အစိုးရ ကိုယ်စားလှယ်က မကြာသေးမီက ပြောခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စနှင့် ပတ်သက်၍လည်း ဥပဒေ သတ်မှတ်ချက်များကို ဆွေးနွေးခဲ့သည်။

ယခု ဆွေးနွေးပွဲကြောင့် လူငယ်များအကြား ဥပဒေအသိပညာ တိုးပွားလာပြီး ဒီမိုကရေစီ သဘော သဘာဝကို သိရသဖြင့် အကျိုးရှိကြောင်း ဆွေးနွေးပွဲတာဝန်ခံက ပြောသည်။

“ကျနော်တို့ လူငယ်တွေကြားထဲမှာ ဥပဒေ အသိပညာတွေ တိုးပွားလာဖို့၊ ဒေါ်အောင်ဆန်းစုကြည် ရည်မှန်းတဲ့ လူငယ်ထုတွေဟာ ဒီမိုကရေစီ အလေ့အကျင့်တွေကို ပြုစုပျိုးထောင်ပြီးသား ဖြစ်နိုင်အောင်၊ အခြေခံ ဥပဒေနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေကို သိရတယ်။ မပြည့်စုံရင်တောင် ကျနော်တို့ လူငယ်တွေအတွက် အများကြီး အကျိုးရှိတယ်” ဟု ဆွေးနွေးပွဲတာဝန်ခံ ကိုမြင့်ငွေက မဇ္ဈိမကို ပြောသည်။

ယခု ပြုလုပ်သည့် ဥပဒေရေးရာ ဆွေးနွေးပွဲသည် ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး ယခုနှစ် ဧပြီလအတွင်းကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ စည်းမျဉ်းနှင့် မူဝါဒဆိုင်ရာ ဥပဒေ သင်တန်းများ ပြုလုပ်ခဲ့သေးသည်။

မနက်ဖြန်တွင် အာဇာနည်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုကြောင့် ဂဠုန်ဦးစောတို့အား ပြစ်ဒဏ်ပေးခဲ့သည့် ဥပဒေများကို ဆွေးနွေးသွားမည်ဟု ဦးသိန်းညွန့်က ပြောသည်။


 

Editor's choice

စစ်အစိုးရက ရွေးကောက်ပွဲ ပြင်ချိန် အတိုက်အခံ သဘောကွဲ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ မှာ ရွေးကောက်ပွဲတွေ ကျင်းပလိမ့်မယ်လို့ လူတိုင်းကို လိုက်ပြောနေပေမယ့် အရာအားလုံးကိုတော့ လျှို့ဝှက်ထား ......

ခြံရောင်းရန် ကြိုးစားသူကို ဒေါ်စု တရားစွဲမည်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ နေထိုင်သည့် ခြံဝင်းအတွင်းမှ မြေကွက်အချို့ကို ရောင်းချရန် ကြိုးစားနေသည့် ဆွေမျိုးတော်စပ်သူ...

မြန်မာ ၂၁ ဦးပါ သင်္ဘောကို ဆိုမာလီဓါးပြများ ပြန်ပေးဆွဲ

မြန်မာနိုင်ငံသား ၂၁ ဦး ပါဝင်သည့်  နော်ဝေးနိုင်ငံသားပိုင် UTB Ocean သင်္ဘောကို ဆိုမာလီပင်လယ် ဓါးပြများက ယခင်အပတ်က...

ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ မဇ္ဈိမက လက်ခံရရှိ

စစ်အစိုးရက မနက်ဖြန်တွင် သတင်းစာမှတဆင့် ထုတ်ပြန်မည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ မိတ္တူကို မဇ္ဈိမက လက်ခံရရှိထားသည်။...