တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ၀န်ကြီးဌာနများ ပူးတွဲကိုင်လာ

ဝန်ကြီးဌာနများ ပူးတွဲကိုင်လာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကိုလည်း တွဲကိုင်လိုက်ပြီး အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်သည် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူလာကြသည်။

သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ ယခင်ဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်စောလွင်နှင့် ဗိုလ်ချုပ်စောထွန်းတို့သည် မကြာသေးမီကမှ တာဝန်မှအနားယူသွားပြီးဖြစ်သည်။

စစ်ဘက်သတင်းရပ်ကွက်များအဆိုအရ လျထားသည့် ၂၀၁၀ ရွေးကောက်ပွဲအစီအစဉ်အတိုင်း စပ်ကူးမတ်ကူးကာလအတွင်း ၀န်ကြီးအချို့ကို ရာထူးမှနှုတ်ထွက်စေကာ ကက်ဘိနက်အဖွဲ့တွင်း လူလျော့ထားရေးကြောင့် ဖြစ်သည်ဟု ဆိုသည်။

စစ်အစိုးရထိန်းချုပ်ထားသော မီဒီယာများက သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။