သောကြာ, ၂၄ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရုံးထုတ်စဉ် အရှင် ဂမ္ဘီရ နေမကောင်းဖြစ်

ရုံးထုတ်စဉ် အရှင် ဂမ္ဘီရ နေမကောင်းဖြစ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်။ ။ တရားရုံးထုတ် စစ်ဆေးခြင်း ခံနေရသော အရှင်ဂမ္ဘီရသည် မလန်းမဆန်း ဖြစ်နေသည်ဟု သူ၏ အကျိုးဆောင် ရှေ့နေတဦးဖြစ်သူ ဦးခင်မောင်ရှိန် အပြောအရ သိရသည်။

စက်တင်ဘာ သံဃာ လှုပ်ရှားမှုတွင် ဦးဆောင် ပါဝင်ခဲ့သော အရှင်ဂမ္ဘီရကို တင်္နလာနေ့ နံနက်က ရုံးထုတ် စစ်ဆေးချိန်တွင် အရှင်ဂမ္ဘီရမှာ နေထိုင်မကောင်း ဖြစ်နေခြင်း ဖြစ်သည်။

"အစာ အဆိပ်သင့်သလို ဖြစ်နေတယ်။ မနက်က အန်ထားတာ ၃ ခါ ရှိသွားပြီ တကာ၊ အနံ့အသက်တွေ ဆိုးနေတော့ အားတော့ နာပါတယ် တကာ" ဟု သူ့အား မိန့်ကြောင်း ရှေ့နေက မဇ္ဈိမကို ပြောသည်။

အမှုကြားနာနေစဉ် အချိန်တွင် အရှင်ဂမ္ဘီရမှာ မောပန်းနွမ်းနယ်နေပြီး မှိန်းနေသည်။

"သူ့ ညီမတွေက ပါလာတဲ့ ပရုတ်ဆီတွေ ပေးရှုတာ၊ ခြေတွေ လက်တွေ လိမ်းပေး ဆုပ်နယ်ပေးနေတာပဲ တွေ့ခဲ့ရတယ်" ဟု ရှေ့နေက ပြောသည်။

"ဘယ်တုန်းက ဘာစားမိလို့ ဘယ်လို ဖြစ်ရတယ် ဆိုတာကို လုံးဝ မသိခဲ့ရပါဘူး။ အစားမှားပြီး ဖြစ်တာ ထင်တယ်လို့ပဲ သူက မိန့်တယ်"

အတင်းအကြပ် ရဟန်းဝတ် ချွတ်ချခြင်း ခံထားရပြီး လက်ထိပ်ခတ် ခံထားရသော အရှင်ဂမ္ဘီရကို စွဲတင်ထားသည့် ပုဒ်မများမှာ လဝက ဥပဒေ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၁၃၊၁၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁)၊ အသင်းအဖွဲ့ ပုဒ်မ ၆၊ နိုင်ငံတော်ကို ဆူပူမှုကို လှုံ့ဆော်မှု ၅ဝ၅(ခ)၊ ဘာသာတရားကို ညိုးနွမ်းစေမှု ၂၉၅ (က)၊ ဥပဒေနှင့် မညီညွတ်သဖြင့် လူစုခွဲရာ၌ မလိုက်နာမှု ၁၄၅၊ ၁၄၇၊ ပုံနှိပ်အက်ဥပဒေ ၁၇/၂ဝ နှင့် အီလက်ထရောနစ် ဥပဒေ ၃၃ (က)/၃၈ တို့ ဖြစ်သည်။

ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ဦးဆောင်ခဲ့သူ အရှင်ဂမ္ဘီရသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ (အိန္ဒိယ) မှ ချီးမြှင့်သော ဆရာတော် ဦးရေဝတ အမှတ်တရ ငြိမ်းချမ်းရေးဆုနှင့် လန်ဒန်အခြေစိုက် Index on Censorship အဖွဲ့ကြီးက ချီးမြှင့်သော "လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ဆု ၂ဝဝ၈" တို့ကို ရရှိထားသူ ဖြစ်သည်။

ထိုနေ့တနေ့ထဲတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်အပါအ၀င် ၂၁ ဦးကိုလည်း ရုံးထုတ်ခဲ့သေးသည်။ ကိုမင်းကိုနိုင် အပါအ၀င် ၂၁ ဦးတို့မှာ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပြီး အမှုကြားနာရာသို့ မိသားစုဝင်များလည်း ၀င်ရောက် နားထောင်ခွင့်များ ရခဲ့သည်ဟု ရှေ့နေက ပြောသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 69 guests online