![]() Contact: mizzima.news@gmail.com |
သူတို့စကား"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။" |



ပလောင်လူထုများ နေထိုင်ရာ ရှမ်းပြည်နယ် မြို့နယ်အချို့တွင် အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ ကျင်းပရာ ပြည်သူ့သဘောထား မပါရှိဘဲ ထောက်ခံမဲရရန် အာဏာပိုင်များက အတင်းအဓမ္မ ပြုလုပ်ခဲ့သည်များအား စုံစမ်း ဖော်ထုတ်ကာ “လူထုဆန္ဒကို ဆန့်ကျင်သည့် မဲပြားများ” အမည်ရှိ အစီရင်ခံစာကို ပလောင်အလုပ်အဖွဲ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ 