သတင်း ပြည်တွင်းသတင်း မြို့တွင်း ကန့်သတ်မိန့် ရန်ကုန်တွင် ထုတ်ပြန်
မြို့တွင်း ကန့်သတ်မိန့် ရန်ကုန်တွင် ထုတ်ပြန် Print E-mail
မဇ္ဈိမသတင်းဌာန   
ဗုဒ္ဓဟူးနေ့၊ မေလ 21 2008 20:54 - မြန်မာစံတော်ချိန်

ချင်းမိုင်။     ။ ဆန္ဒခံယူပွဲ နီးလာချိန်တွင် ရန်ကုန်မြို့တွင် တားမြစ်အမိန့်တခု အာဏာပိုင်များက ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

"မေ ၂၃ ရက်နေ့နှင့် ၂၄ ရက်များတွင် ဆန္ဒမဲပေးရန် ကျန်ရှိသော မြို့နယ်နေ ပြည်သူများ အနေဖြင့် မိမိသက်ဆိုင်ရာ မြိ့နယ်များ ပြင်ပသို့ သွားရောက်ခြင်းအား တားမြစ်သည်" ဟု မြို့တွင်း မြို့နယ်များတွင် ရဲများ လိုက်ပါလာသော ကားနှင့် လှည့်လည်အော်သော ကြေညာချက်တွင် ပါရှိသည်။

တားမြစ်ချက်ကို မလိုက်နာသူကို မည်သို့ အရေးယူမည်ကို ထည့်သွင်း ပြောဆိုထားခြင်း မရှိသော်လည်း ဘယ်အတွက်ကြောင့် တားမြစ်သည်ကို ရန်ကုန်မြို့သားများ နားမလည်နိုင်ဘဲ ဖြစ်နေသည်။ ထို ထူးဆန်းသော ကြေညာချက်ကို မကြားလိုက်မိသူများလည်း အများအပြား ရှိနေသည်။

မုန်တိုင်းဒဏ်ခံရသော ဧရာဝတီတိုင်းနှင့် ရန်ကုန်တွင်းရှိ မြို့နယ် ၄၇ မြို့နယ်တွင် စစ်အစိုးရ စိတ်ကြိုက်ဖြစ်သော အခြေခံဥပဒေ မူကြမ်းအပေါ် ဆန္ဒခံယူပွဲများ မေ ၂၄ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်သည်။

"မဲပေးမယ့် နေ့ကိုတောင် အပြင်မသွားရဘူးဆိုတော့ ပေါတောတော ဆန်တယ် ဆိုမလား" ဟု ကြေညာချက်ကို နားဆင်လိုက်ရသူ တဦးက မဇ္ဈိမသို့ ပြောကြားသည်။

မနက်ဖြန်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာပြည် သွားရောက်မည် ဖြစ်ပြီး ရဲပတ်တရောင်လှည့်မှုများ နေ့ရော ညပါ တိုးမြှင့် လုပ်နေချိန်လည်း ဖြစ်သည်။
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved