တနင်္ဂနွေ, ၁၉ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > သာကေတ မာန်ပြေတွင် အခြေအနေ ပြန်လည်တည်ငြိမ်

သာကေတ မာန်ပြေတွင် အခြေအနေ ပြန်လည်တည်ငြိမ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

Mosque
ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ မာန်ပြေ ရပ်ကွက်တွင်း အစ္စလာမ် စာသင်ကျောင်း တခုကို ဗလီအဖြစ် တိုးချဲ့ဆောက်လုပ်သည်ဆိုသော သံသယဖြင့် လူအများ စုရုံးကန့်ကွက်ခြင်းကို ခံရပြီးနောက် စည်ပင်သာယာခွင့်ပြုချက်ကို ကျော်လွန်၍ ပြင်ဆင် ဆောင်ရွက်ထားသော အစိတ်အပိုင်းများကို ချက်ခြင်း ပြန်လည် ဖျက်သိမ်းစေခဲ့အပြီး တပတ်အကြာတွင် အခြေအနေမှာ ပုံမှန်နီးပါးသို့ ပြန်လည်
ရောက်ရှိသွားပြီ ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၈ နာရီခန့်တွင် ထိုနေရာသို့ မဇ္ဈိမဂျာနယ် သတင်းထောက် သွားရောက်
လေ့လာရာ ရပ်ကွက်အတွင်း ပုံမှန်အတိုင်း သွားလာလှုပ်ရှားမှုများ ပြန်လည် စည်ကားနေသည်။ သို့သော် စုရုံးဆူပူမှု မဖြစ်ပေါ်စေရန် မာန်ပြေ ၁၈ လမ်းနှင့် ၁၉  လမ်းထိပ်နှင့် ဓမ္မာရုံရှေ့တို့တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးများက စောင့်ကြပ်လျက်ရှိသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ည ၁၁ နာရီကျော်တွင် လူအုပ်စု တစုက ရပ်ကွက်တွင်းဝင်ရောက်လာ၍ ရဲတပ်ဖွဲ့ဝင် များက မေးမြန်းရာတွင် ခဲများဖြင့် ပစ်ပေါက်ကာ ထွက်ပြေးသွားခဲ့သည်။

“ဒီရပ်ကွက်ထဲကတော့ မဟုတ်ဘူး။ အနီး ဆက်စပ်ရပ်ကွက်ထဲက လူစိမ်းတွေလို့ ထင်တယ်။ တောင်အော်
မြောက်အော် လုပ်ချင်လို့ လမ်းထဲကို လာတာ။ ရဲတပ်ဖွဲ့ဝင်တွေက တားဆီးလိုက်လို့ ထွက်ပြေးသွားတာပါ” ဟု အမှတ် ၃/မာန်ပြေ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကံထွန်း က မဇ္ဈိမကို ပြောသည်။

ထို့နောက်ပိုင်း ရက်များတွင် လုံခြုံရေးများ တိုးမြှင့်ကာ လူစိမ်း အဝင်အထွက်ကို သတိထား စောင့်ကြည့်ခဲ့သည် ဟု လုံခြုံရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

ရပ်ကွက်ပြည်သူများအနေဖြင့် လုံခြုံရေးကို အထူး သတိထား နေကြရန် ထုတ်ပြန်ချက်များ ရပ်ကွက်အတွင်း ကပ်ထားသည်။

အခင်းဖြစ်ပွားရာ မာန်ပြေ ၁၉ လမ်းနောက်၊ အမှတ် ၁၁၂၈ ၏ ပိုင်ရှင်ကို ရဲက ထိန်းသိမ်းထားသည် ဆိုသော
ကောလာဟဠနှင့်ပတ်သက်၍ မဇ္ဈိမက မေးမြန်းရာ သာကေတမြို့နယ်၊ အမှတ်(၁)စခန်းမှူးက “ရပ်ကွက် အုပ်ချုပ်ရးမှူးရုံးနဲ့ ကျနော်တို့ စခန်းမှာ အိမ်ပိုင်ရှင်ကို ခေါ်ထားတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး” ဟု
ဖြေကြားသည်။

ထိုရပ်ကွက်နှင့် အနီးတ၀ိုက်တွင် အရှေ့ပိုင်းခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်များ၊ ရပ်ကွက်အုပ်ချုပ်
ရေးများ ပါဝင်သော အဖွဲ့များက ကင်းလှည့်စစ်ဆေးနေပြီး လုံခြုံရေးများ ဆက်လက်ထားရှိသွားမည်ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ရုံးမှ ဒုရဲအုပ် မျိုးဇော် က ပြောသည်။

ဆူပူမှုများဖြစ်ပွားအောင် လှုံ့ဆော်သူများကို စစ်ဆေးဖော်ထုတ်ကာ အရေးယူသွားရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် က ပြောသည်။

“စတင်ဖြစ်ပွားခဲ့တဲ့ ရင်းမြစ်ကို ရှာဖွေဖော်ထုတ်ပြီး တည်ဆဲဥပဒေတွေအရ အရေးယူဖို့ လိုပါတယ်။ ဘယ်လို အကျိုးဆက်တွေကြောင့် ဖြစ်ရတယ်ဆိုတာကို အစိုးရအဖွဲ့က ဖော်ထုတ်ဖို့ လိုပါတယ်” ဟု ၎င်းက
ပြောဆိုသည်။

၂၀၁၁ ခုနှစ်၊ ဇွန်လဆန်းမှ စတင်ကာ ရခိုင်ပြည်နယ်တွင် အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာ ရခိုင်များအကြား အဓိကရုဏ်းများ ဆက်တိုက် ဖြစ်ပွားခဲ့ကာ လူအများအပြား သေကြဒဏ်ရာရခဲ့ကာ
သောင်းနှင့်ချီသောလူများ အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 92 guests online