သောကြာ, ၂၄ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုများအား လက်တွေ့ကျစေရန် ကုလ တွန်းအားပေးသင့်

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုများအား လက်တွေ့ကျစေရန် ကုလ တွန်းအားပေးသင့်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန်(မဇ္ဈိမ)။       ။ အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုများအား အပြုသဘောဆောင်သည့် လက်တွေ့ လုပ်ငန်းစဉ်များအဖြစ်ပြောင်းလဲ လုပ်ကိုင်နိုင်စေရန်  ကုလသမဂ္ဂ အဖွဲ့  မှ တွန်းအားပေးသင့်ကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်အောင်က ပြောသည်။

၎င်းက “ကုလသမဂ္ဂ အနေနဲ့ အစိုးရကို လက်တွေကျတဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်မှုတွေလုပ်ဖို တွန်းအား
ပေးသင့်ပါတယ်။ တစ်ဖက်က တိုက်လို့ ပြန်တိုက်တယ် ဆိုတာမျိုး မလုပ်အောင် နှစ်ဖက်လုံးကိုလည်း တွန်းအားပေးရမယ်။” ပာု ဆိုသည်။

ယခုလက်ရှိတွင် ကချင်စစ်ပွဲများတွင် တစ်ဖက်နှင့် တစ်ဖက် ထိုးစစ်ဆင်မှုများသည် အလွန်ပင်နီးကပ်လျှက် ရှိကြောင်း ဦးဆန်အောင်၏ ပြောကြားချက်အရ သိရသည်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက အစိုးရနှင့်  ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့
ဆွေးနွေးသဘောတူချက်သည် မြန်မာနိုင်ငံ၏ လွပ်လပ်ရေးရရှိပြီးနောက်ပိုင်း  ပထမဦးဆုံး သေနတ်သံ ချုပ်ငြိမ်းမှုကို မျှော်လင့်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့က
ရွှေလီမြို့ တွင် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIOတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ပတ်သတ်၍ ယခုလို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ
နောက်ဆုံးရလဒ်အား မစ္စတာ ဘန်ကီမွန်း အနေဖြင့် ကြိုဆိုကြောင်း၊ကချင်ပြည်နယ် တွင် စစ်မှန်၍ ရေရှည် တည်တံသော ငြိမ်းချမ်းရေး ဖြစ်ပေါ်အောင် ဆက်လက်ကြိုးပမ်း အားထုတ်သွားရန် တိုက်တွန်းကြောင်း စသည်တို့ ပါဝင်သည်။

ထိုသို့ ကုလသမဂ္ဂ အတွင်းရေးမှုး၏ မျှော်လင့်ချက်နှင့် ပတ်သတ်၍ ကချင်အခြေစိုက် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးဆန်အောင်က “ထိုးစစ်ဆင်မှုက အရမ်းနီးကပ်နေတော့ သေနတ်သံ မရပ်နိုင်ဘူး ”ပာု သုံးသပ်သည်။

အစိုးရသည်  ယခင် ၂၀၁၂ ခုနှစ် အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁ဝ) ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများ ရရှိခဲ့ပြီး ယခုအချိန်တွင် KIA/KIO အဖွဲ့ အစည်းနှင့် အပစ်အခတ်ရပ်စဲရန် ညှိုနှိုင်းမှု ပြုလုပ်လျှက်ရှိသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 52 guests online