တနင်္ဂနွေ, ၁၉ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > နိုင်ငံပိုင် သတင်းစာမှ ဓါတ်ပုံမှားယွင်းမှုအတွက် တောင်းပန်

နိုင်ငံပိုင် သတင်းစာမှ ဓါတ်ပုံမှားယွင်းမှုအတွက် တောင်းပန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။     ။ ဇန်န၀ါရီလ ၂၈ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် မိုင်းခွဲ သဖြင့် ဆိုင်ကယ် ၃စီး ပျက်စီးခဲ့
ကာ အရပ်သား သေဆုံးခဲ့သည် ဟုသော သတင်းနှင့် ပတ်သတ်၍ သတင်းဓါတ်ပုံများ မှားယွင်းဖော်ပြမှုအတွက် ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ပြန်လည်တောင်းပန်စာ ထည့်သွင်းထားကြောင်း တွေ့ရှိရသည်။
wrong-pic-used-in-Myanma-Alinn
ယခုဖြစ်စဉ်နှင့် ပတ်သတ်၍ ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင်  နောင်အလားတူ မဖြစ်စေရန် အလေးအနက်ထား လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ပြီး သတင်းဓါတ်ပုံများကို စိစစ်အသုံးပြုရန် ပျက်ကွက်ခဲ့ခြင်း အတွက် တောင်းပန်
ကြောင်း ဖော်ပြထားသည်။

ထိုသို့  သတင်းဓာတ်ပုံမှားယွင်းစွာဖော်ပြမှုနှင့် ပတ်သတ်၍  အဆိုပါဓာတ်ပုံအား အဲပုဂံ လေယဉ်ပျက်ကျမှု သတင်း
တွင် အသုံးပြု ခဲ့သည့် မြန်မာတိုင်းဂျာနယ်မှာမှ  တစ်စုံတစ်ရာမှ တုံ့ ပြန်မည် မပာုတ်ကြောင်း မြန်မာတိုင်မ်း သတင်းထောက် ကိုဆန်းဦး ကပြောသည်။

“ကျွန်တော်တို့ က  အေအက်ဖ်ပီက ဓာတ်ပုံကို ၀ယ်သုံးထားတာပါ။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး  ဘာတုန့်ပြန်မှုမှ မလုပ်ပါ
ဘူး။ကျွန်တော်တို့  သတင်းရေးထားတယ်။ဦးရဲထွဋ်ကိုဘဲ  အကြောင်းကြား ထားပါတယ် ” ပာု ကိုဆန်းဦးက မဇ္ဈိမ
အား ပြောသည်။

အဆိုပါကိစ္စနှင့်  ပတ်သတ်၍ ၀ါရင့် သတင်းစာဆရာ ဦးဖိုးသောကြာက “မှားတတ် ကြပါတယ်။ဒါပေမဲ့ မှားပုံမှားနည်း
က ၂ ချက်ရှိတယ် တမင်တကာမှားတာနဲ့ မတော်တဆ မှားတာ။ တိုင်းပြည်နဲ့ ဆိုင်တဲ့ ကိစ္စဆိုတော့ တမင်တကာ
မှားတတ် ကြတာပေါ့ ။ဒီမှားယွင်းမှုနဲ့  ပတ်သတ်ပြီး တာဝန်အရှိဆုံးသူကတော့  အယ်ဒီတာချုပ်ပါ။ ဒါကို ကျင့်ဝတ် အရ ချက်ချင်း ပြန်တောင်းပန် သင့်ပါတယ်။ဒီကြားထဲ အယ်ဒီတာချုပ်က ပြန်သေချာအောင် လုပ်နေလို့ ကြာသွားတာ
လည်း ဖြစ်တတ် ပါတယ်။”ပာု  ၎င်း၏ အမြင်အား ပြောကြားသည်။

ထို့ ပြင် သတင်းစာတစ်စောင် အနေဖြင့် ကျင့်ဝတ်ကိုလိုက်နာမှုများလေလေ ဂုဏ်သိက္ခာ ကြီးမားလေလေ ဖြစ်
ကြောင်းလည်း ဦးဖိုးသောကြာက အကြံပြု ပြောကြားသည်။   
 
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 47 guests online