ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > စစ်ရေးပဋိပက္ခ တွေ့ဆုံ ဆွေးနွေးရန် ၀ပြည်သွေးစည်းညီညွတ်ရေးက ဖိတ်ခေါ်

စစ်ရေးပဋိပက္ခ တွေ့ဆုံ ဆွေးနွေးရန် ၀ပြည်သွေးစည်းညီညွတ်ရေးက ဖိတ်ခေါ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ)။    ။ မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ စစ်ရေး ပဋိပက္ခ ဖြစ်ပွားမှု ရပ်ဆိုင်းရန် ဝ ပြည်သွေးစည်း ညီညွတ်ရေး UWSA က ဖိတ်ခေါ်လိုက်ကြောင်း UWSA ဝိန်ကောင်းခရိုင် အတွင်းရေးမှူး ဦးစောလွင်က ပြောသည်။

UWSA ဌာနချုပ် ရှမ်းပြည်မြောက်ပိုင်း ပန်ဆန်းမြို့တွင် နှစ်ဖွဲ့ တွေ့ဆွေးနွေးရန် ဖိတ်ခေါ်သည့် စာအား ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် KIO တို့အား ယခုလ ၂၄ ရက်နေ့က ပေးပို့ လိုက်သော်လည်း ယနေ့ထိ
နှစ်ဖက် စလုံးဘက်မှ ပြန်လည် တုံ့ပြန်လာခြင်း မရှိသေးသောကြောင့် ဖြစ်သည်။

“အဓိကတော့ ငြိမ်းချမ်ရေးလိုလားတဲ့ ကျနော်တို့ ဝ ကနေ သူတို့နှစ်ဖက်စလုံးကြားမှာ ပဋိပက္ခမဖြစ်ဖို့ နှစ်ဖက်စလုံးနဲ့ ညှိပေးဖို့ ပန်ဆန်းမှာ ဖိတ်ခေါ်ထားတယ်။ ခုတော့ သူတို့ဘက်က ဘာမှ မပြန်လာသေးဘူး”ဟု သူက မဇ္ဈိမကို ပြော
သည်။

အစိုးရနှင့် KIO တို့ တွေ့ဆုံရန် UWSA က ဖိတ်ခေါ်မှုကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း
ကော်မတီက တဖက် KIO သဘောတူညီချက်အပေါ် မူတည်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက
ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦအောင်မင်းဘက်မှ KIO အား ငြိမ်းချမ်းရေးဆွေးနွေးရန် အကြိမ်ကြိမ် ကမ်းလှမ်းထားပြီး ဖြစ်၍ တဖက် KIO က လက်ခံနိုင်သည့် နေရာတွင် တွေ့ဆုံဆွေးနွေးနိုင်မည်ဟု နားလည်ထား
ကြောင်း ဦးလှမောင်ရွှေက  မဇ္စျိမကို ပြောသည်။

၎င်းက “ဝန်ကြီးဦးအောင်မင်း အနေနဲ့ သူ့အနေနဲ့ အကြိမ်ကြိမ် ကမ်းလှမ်းပြီးသားဖြစ်တဲ့အတွက် ဘယ်မှာဘဲ ဖြစ်ဖြစ်
ဆွေးနွေးပွဲ စဖို့က တွေ့မယ်လို့ဘဲ ကျနော်နားလည်တယ်။ ဒါကြောင့် ဒီကမ်းလှမ်းမှု အပေါ်မှာတော့ သူ့ဘက်က တခြား ထူးခြားမယ်လို့ မထင်ဘူး။ တဖက်အဖွဲ့အစည်းဘက်က လက်ခံရင် တွေ့မယ်ဆိုတဲ့ သဘောလို့  ကျနော် နားလည်တယ်”ဟု ပြောသည်။

သို့သော် KIO ကမူ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးမှုကို တဖွဲ့ချင်း ဆွေးနွေးခြင်း မရှိဘဲ ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC နှင့် ဆွေးနွေးလျှင် သင့်တော်မည် ဖြစ်ကြောင်း အစိုးရထံ တုံ့ပြန်ထားသည်။ တိုင်းရင်းသား ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော UNFC တွင် UWSA က ပါဝင်ခြင်း မရှိပေ။

ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီနှင့် UNFC တို့ နှစ်ဖက် ပြန်လည် တွေ့ဆုံရန် ရှိသော်လည်း ရက်မ
သတ်မှတ်ရသေးကြောင်း၊ သို့သော် လာမည့် ဖေဖော်ဝါရီလတွင် တွေ့ဆုံ နိုင်မည်ဟု မျှော်လင့်ကြောင်း ဦးလှမောင်ရွှေ
က ပြောသည်။

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က UWSA နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး(၁) ဦးအောင်သောင်းနှင့် အတွင်းရေးမှူး(၂) ဦးသိန်းဇော်တို့ ဦးဆောင်သော ဗဟိုအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

UWSA သည် ဗမာပြည် ကွန်မြူနစ်ပါတီ ဗကပ ထံမှ ၁၉၈၉ ခုနှစ်မှ ခွဲထွက်၍  စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့
သည်။ ကေအိုင်အိုအား မဇ္ဈိမမှ ဆက်သွယ်၍ မရရှိသေးပေ။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 79 guests online