စနေ, ၂၅ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > UNFC နှင့် အစိုးရ ငြိမ်းအဖွဲ့တို့ ဇန်နဝါရီ ဒုတိယ အပတ်ထဲ ပြန်လည်တွေ့ဆုံဖွယ်ရှိ

UNFC နှင့် အစိုးရ ငြိမ်းအဖွဲ့တို့ ဇန်နဝါရီ ဒုတိယ အပတ်ထဲ ပြန်လည်တွေ့ဆုံဖွယ်ရှိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ)။         ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC တို့ ယခုလအတွင်း တွေ့ဆုံဖွယ်ရှိသည်ဟု မကြာမီက သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့
သော ကရင်အမျိုးသားအစည်းအရုံး KNU မှ တွဲဘက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်း က ပြောသည်။  
UNFC-and-Govt-met-in-Chiang-Mai
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအဝင် ခေါင်းဆောင် ငါးဦးတို့သည် ဇန်နဝါရီလ ၅ ရက်နှင့် ၆ ရက်နေ့များက သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြ
ခြင်း ဖြစ်သည်။

“နိုင်ငံရေး ဆွေးနွေးတဲ့အချိန်မှာလည်း တဖွဲ့ချင်းမဟုတ်ဘဲ UNFC နဲ့ တွေ့ဆုံဖို့ ကျနော် ညွန်းပြတယ်။ အဲဒီအပေါ်မှာ ဒီလအတွင်းမှာ UNFC နဲ့ တွေ့နိုင်ဖွယ်ရာ အလားအလာရှိပါတယ်။ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး
 ကော်မတီနဲ့ပေါ့။ ဦးအောင်မင်း ပြောဆိုချက်အရပေါ့” ဟု ပဒိုမန်းမန်း က ပြောသည်။  

ထိုသို့တွေ့ဆုံရာတွင် အပစ်အခတ် ရပ်စဲရေး ခိုင်မာရန်၊ နိုင်ငံရေးအဆင့် ဆွေးနွေးရန်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းရေးတို့ကို ဆွေးနွေးခဲ့ကြ သည်။  

KIO နှင့် တိုက်ခိုက်နေခြင်းသည် ငြိမ်းချမ်းရေးအတွက် အဟန့်အတား ဖြစ်စေနိုင်ကြောင်း KNU ခေါင်းဆောင်များက
ထောက်ပြ ပြောဆိုခဲ့သည်ဟု ပဒိုမန်းမန်းက မဇ္စျိမကို ပြောသည်။  

သမ္မတ ဦးသိန်းစိန် က လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေး ဆွေးနွေးမည်ဆိုပါက လွှတ်တော်အတွင်း ဝင်ရောက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ရေးကိစ္စကို ထပ်လောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ငြိမ်းချမ်ရေးနှင့် အပစ်အခတ် ရပ်စဲရေး
မှာ ၇၅ ရာခိုင်နှုန်း အောင်မြင်မှု ရရှိနေပြီ ဖြစ်ကြောင်းနှင့် ရာနှုန်းပြည့် အောင်မြင်ရေး ဆက်လက် ဆောင်ရွက်နေ
သည်ဟု ပြောဆိုခဲ့သည်ဟု ပဒိုမန်းမန်း က ပြောသည်။

အစိုးရအနေဖြင့် စစ်မှန်သည့် အပစ်အခတ် ရပ်စဲရေးခိုင်မာပါမှ နိုင်ငံရေးဆွေးနွေးမည့်အဆင့်သို့ ရောက်ရှိနိုင်မည်
ဖြစ်ပြီး ထိုနိုင်ငံရေးဆွေးနွေးမှု မပေါ်ပေါက်နိုင်ပါက အပစ်အခတ် ရပ်စဲရေးသည်လည်း ခိုင်မာမည် မဟုတ်ကြောင်း ပဒိုမန်းမန်းက သုံးသပ်သည်။

ဇန်နဝါရီလ ၇ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တနေရာတွင် ကျင်းပနေသော UNFC ၏ ၂ နှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေး ကျင်းပပြီးနောက် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် တွေ့ဆုံနိုင်ဖွယ်ရှိသည်ဟုလည်း သူက မဇ္စျိမကို ပြော
သည်။  

ထိုနှစ်ပတ်လည် အစည်းအဝေးတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တွေ့ဆုံဆွေးနွေးမှု အခြေအနေများကို UNFC အထွေထွေအတွင်းရေးမှူး၏ အစီရင်ခံစာနှင့် တဖွဲ့ချင်း အစီရင်ခံစာများကို တင်ပြဆွေးနွေးနေသည်ဟု UNFC တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။  

“နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု ပြန်ရောက်အောင် ဘယ်လို ပုံစံနဲ့ ဘယ်လို အခင်းအကျဉ်း လုပ်မလဲဆိုတာတွေ၊ ကချင်ကိစ္စက အဓိကပါတယ်။ ကချင်နဲ့ အပစ်မရပ်ဘဲ နိုင်ငံရေးဆွေးနွေးပွဲကို ခေါ်ဖို့ မဖြစ်သင့်ဘူး။ ကချင်ကိစ္စ မရပ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲက ကြည့်လို့ မကောင်းဘူး။ ကချင်နဲ့ အပစ်ရပ်ရေးကိုဘဲ နည်းလမ်းပေါင်းစုံရှာကြတာ
ပေါ့” ဟု ဆိုသည်။

KIO နှင့် ဖြစ်ပွားနေသော ပဋိပက္ခများ ရပ်ဆိုင်းရန်အတွင်း တဖွဲ့ချင်း ဝိုင်းဝန်းတာဝန်ယူကြရန် မတူညီသော နည်းလမ်းများဖြင့် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက မဇ္စျိမကို ပြောသည်။   

ထိုအစည်းအဝေးတွင် UNFC ဥက္ကဋ္ဌဖြစ်သည့် KIO မှ ဒု-ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ကရင်နီ အမျိုးသား တိုးတက်ရေး
ပါတီ KNPP ဒု-ဥက္ကဋ္ဌ အေဘယ်တွိ ဦးဆောင်သောအဖွဲ့များ၊ KNU မှ ပဒိုဒေးဗစ်သာကဘော ဦးဆောင်သော အဖွဲ့များ၊ မွန်ပြည်သစ်ပါတီ NMSP မှ အတွင်းရေးမှူး နိုင်ဟံသာ၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP မှ ခေါင်းဆောင် နှစ်ဦးတို့ အပါအဝင် စုစုပေါင်း ၄၅ ဦး တက်ရောက်နေသည်ဟု သိရသည်။

ချင်းအမျိုးသားတပ်ဦး CNF မှာမူ ၎င်းတို့၏ ဗဟိုကော်မတီ အစည်းအဝေး ကြိုတင် ကျင်းပရန် စီစဉ်ထားသဖြင့် အစည်းအဝေးကို မတက်ရောက်နိုင်ကြောင်း ခွင့်တောင်းစာ တင်ခဲ့သည်ဟု ဦးခွန်ဥက္ကာ က ပြောသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 106 guests online