ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှု ရပ်တန့်ရန် မြန်မာအစိုးရကို ကုလက တိုက်တွန်း၊ တိုက်ပွဲများ ဆက်ဖြစ်နေ

ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှု ရပ်တန့်ရန် မြန်မာအစိုးရကို ကုလက တိုက်တွန်း၊ တိုက်ပွဲများ ဆက်ဖြစ်နေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ)။           ။ ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရတပ်များ လေကြောင်းဖြင့် တိုက်ခိုက်နေသည်ဟု ကြားသိရသည့်အပေါ် ရပ်တန့်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြာသပတေးနေ့တွင် ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။

“အရပ်သားများကို အန္တရာယ်ဖြစ်စေနိုင်မည့် ကိစ္စများနှင့် ဒေသအတွင်း ပဋိပက္ခ ပိုမို ပြင်းထန်လာစေမည့် ကိစ္စရပ်များကို ရပ်တန့်က ရပ်ရန် မြန်မာအာဏာပိုင်များအား တိုက်တွန်းလိုက်သည်” ဟု ကုလသမဂ္ဂ၏ ကြေငြာ
ချက်တွင် ပါရှိသည်။

ထို့ပြင် “တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမှုကြောင့် အရပ်သားများစွာသည် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများလည်း ဆက်လက် လိုအပ်လျက်ရှိသဖြင့် အကူအညီများ အချိန်မီ
ပေးအပ်နိုင်ရန်မှာ အလွန်အရေးကြီးလျက် ရှိနေသည်” ဟု လည်း ဆိုထားသည်။

ထိုစဉ်အတွင်း မြန်မာအစိုးရတပ်မှ လေကြောင်းလိုင်း တိုက်ခိုက်မှုများ ဆက်လက်ရှိနေသကဲ့သို့ မြေပြင်တိုက်ပွဲများ
လည်း ဆက်က်ဖြစ်ပေါ်လျက်ရှိနေသည်ဟု KIO မှ ဗိုလ်မှူးကြီး ယော်ထုံက မဇ္ဈိမကိုပြောသည်။

“မငြိမ်သေးပါဘူး။ ကျနော်တို့ ဗဟိုရှေ့ကာကင်း နေရာတကာမှာတော့ တိုက်ပွဲဖြစ်နေတယ်” ဟု မဇ္ဈိမကိုပြော
သည်။

ဝိုင်းမော်မြို့နယ် ဂန်ဒေါင်ယန်ကျေးရွာ အနီးတဝိုက်နှင့် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ နမ်ဆန်ယန်ကျေးရွာ တနီးတဝိုက်
များတွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေသည်ဟု ပြောသည်။ အလားတူ KIA ၏ တပ်မဟာ ၃ နယ်မြေ ပန်ဝါဒေသ ဘက်တွင်မူ လေကြောင်းလိုင်း အသုံးပြု၍ တိုက်ခိုက်နေသည်ဟုလည်း မဇ္စျိမကို ပြောသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

ဆက်စပ် သတင်းများ

  1. ဦးဘရန်ရှောင်၏ ဖြောင့်ချက်ယူခဲ့သူ ဒုတရားသူကြီးအား စစ်ဆေးရန် တင်ပြချက် ပယ်ချခံရ
  2. ပြန်ကြားရေးသတင်း၊ KIO ကြေညာချက်နှင့် ဒု-ဝန်ကြီး သဘောထား
  3. ကချင်ပြည်နယ်တွင် အစိုးရနှင့် KIA တပ်များအကြား စစ်ပွဲ ငြိမ်သက်
  4. မြန်မာ အစိုးရနှင့် KIO တို့ ကချင်ပြည်နယ်အတွင်း စစ်ရေးတိုက်ခိုက်မှု ရပ်တန့်ပေးရန် KBC ထုတ်ပြန်
  5. ကချင်စစ်ပွဲတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အေဂျင်စီများ အတားအစီးမရှိ ၀င်ခွင့်ပြုရန် အမေရိကန်တိုက်တွန်း
  6. လိုင်ဇာ စစ်ပြေးဒုက္ခသည် ကလေးများ ဝမ်းရောဂါ ဖြစ်ပွားမှု ပိုမိုများပြားလာ
  7. အစိုးရတပ်က ပစ္စည်းလု၊ သတ်ဖြတ်မှုများရှိနေသည်ဟု ကျေးရွာသားများပြော
e-letter-burmese

Who is Online

We have 283 guests online