ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ကချင်အရေး KNU နှင့် သမ္မတတို့ အဓိက ဆွေးနွေးဖွယ်ရှိ

ကချင်အရေး KNU နှင့် သမ္မတတို့ အဓိက ဆွေးနွေးဖွယ်ရှိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

သမ္မတနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့တွေ့ဆုံစဉ် ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် တိုက်ခိုက်မှုများကို ဆွေးနွေးဖွယ်ရှိပြီး ကချင်အရေးသည် အရေးကြီးသည့် အချက်တစ်ချက်ဖြစ်သည်ဟု KNU ဒုဥက္ကဋ္ဌ နောစီဖိုးရာစိန်က ပြောသည်။

သမ္မတ ဦးသိန်းစိန် (ယာ)နှင့် KNU ဒုဥက္ကဋ္ဌ နောစီဖိုးရာစိန် (အလယ်)တို့ နေပြည်တော်၌ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ - AFP)“အဓိကအချက်က အခုဖြစ်ပျက်နေတဲ့ ကချင်ကိုတိုက်ပွဲ အပြင်းအထန်ဖြစ်နေတဲ့အတွက် ဒါတွေဆွေးနွေးမှုတွေရှိမယ်။ ဒါက အရေးကြီးတဲ့အချက်ဖြစ်နေတယ်။ ခုသွားတဲ့ အဖွဲ့တွေ ဒါကို တင်ပြလို့ ရှိရင် တခုခု
ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်တယ်” ဟု ဆိုသည်။

သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားမှုကြောင့် ကရင်အမျိုးသားအစည်းအရုံးမှ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်း၊ အလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်နှင့် ဗဟိုကော်မတီဝင် ပဒိုစောလှထွန်းတို့ ပါဝင်သော အဖွဲ့သည် ကြာသပတေးနေ့ နံနက်ပိုင်းအတွင် နေပြည်တော်သို့ ထွက်ခွာသွားပြီဖြစ်သည်။

KNU ခေါင်းဆောင်များ၏ နေပြည်တော်ခရီးစဉ်နှင့် ပတ်သက်၍ ထုတ်ပြန်ချက်တွင်  “တိုင်းရင်းသားဒေသများတွင်
ဖြစ်ပွားနေသော စစ်ပွဲများ ရပ်စဲရန်နှင့် အဓိပါယ် ပြည့်ဝသော ငြိမ်းချမ်းရေးဆွေးနွေးမှု ရောက်ရှိနိုင်ရန် ဆွေးနွေး
သွားမည်ဖြစ်ကြောင်း” ဖေါ်ပြပါရှိသည်။

တွေ့ဆုံဆွေးနွေးမှုများကို အဖွဲ့အတွင်း ပြန်လည် ဆွေးနွေးညှိနိုင်းခြင်းနှင့် ပြည်သူလူထုများအတွင်း ထုတ်ပြန်သွား
မည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။

နှစ်ပေါင်း ၆၀ ကျော်ကြာ အစိုးရအဆက်ဆက် လက်နက်ကိုင်တော်လှန်ခဲ့သော KNU သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ခြင်း ဖြစ်သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

ဆက်စပ် သတင်းများ

  1. KNU နှင့် အစိုးရ တပ်များ အပစ်ရပ် ကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးရန် ရန်ကုန်မှာ တွေ့ဆုံမည်
  2. ဦးဘရန်ရှောင်၏ ဖြောင့်ချက်ယူခဲ့သူ ဒုတရားသူကြီးအား စစ်ဆေးရန် တင်ပြချက် ပယ်ချခံရ
  3. တိုင်းရင်းသားများ စုဖွဲ့မှုဖြင့် ဆက်လက်ဆွေးနွေးသွားရန် KNU လိုလား
  4. ပြန်ကြားရေးသတင်း၊ KIO ကြေညာချက်နှင့် ဒု-ဝန်ကြီး သဘောထား
  5. ကချင်ပြည်နယ်တွင် အစိုးရနှင့် KIA တပ်များအကြား စစ်ပွဲ ငြိမ်သက်
  6. မြန်မာ အစိုးရနှင့် KIO တို့ ကချင်ပြည်နယ်အတွင်း စစ်ရေးတိုက်ခိုက်မှု ရပ်တန့်ပေးရန် KBC ထုတ်ပြန်
  7. ကချင်စစ်ပွဲတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အေဂျင်စီများ အတားအစီးမရှိ ၀င်ခွင့်ပြုရန် အမေရိကန်တိုက်တွန်း
e-letter-burmese

Who is Online

We have 91 guests online