ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အစိုးရတပ်မှ KIO ကို တိုက်လေယဉ်ဖြင့် ဆက်လက် တိုက်ခိုက်နေဟု ဆို

အစိုးရတပ်မှ KIO ကို တိုက်လေယဉ်ဖြင့် ဆက်လက် တိုက်ခိုက်နေဟု ဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ) ။         ။ မြန်မာအစိုးရ တပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ဖွဲ့များ နမ်ဆန်ယန်ကျေးရွာ
အနီးတွင် မြေပြင်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရဘက်မှ စစ်တိုက်လေယဉ်နှစ်စီးဖြင့် ပြန်လည် တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု  ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ABSDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မင်းဌေးက ပြောသည်။

“တောင်ကုန်းပေါ်မှာ ဖြစ်နေတယ်။ ဒီမနက် နမ်ဆန်ယန်ဘက်ကနေ တက်လာတာ။ မတက်လာနိုင်အောင် ကျနော်
တို့ တားထားတယ်။ မနက် ၈ နာရီကတည်းကနေ ဖြစ်နေတာ၊ ခုန ၁၁ နာရီခွဲလောက်မှာ ပထမတခေါက်လာတာက တိုက်လေယဉ် HKW တရုတ်က လေ့ကျင့်တဲ့လေယဉ်၊ ဒီတခေါက်လာတာက ရဟတ်ယဉ်နဲ့ ပစ်သွားတာ တခါပစ်လိုက် ပြန်သွားလိုက်လုပ်နေတာ”ဟု ဗိုလ်မှူး မင်းဌေးက ပြောသည်။

နံနက် ၈ နာရီချိန်မှ စတင်၍ အစိုးရ၏ တပ်ဖွဲ့များ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ နမ်ဆန်ယန်ကျေးရွာအနီး ထိုးစစ်ဆင်လာသဖြင့် KIA ၏ ရှေ့တန်းတပ်ဖွဲ့မှ ပြန်လည် ခုခံတိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရ စစ်တပ်က တိုက်လေယဉ်ဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်။

ထို့ပြင် ယနေ့ ၁၁ နာရီခွဲချိန်မှစ၍ တိုက်လေယဉ် နှစ်စီး ပစ်ခတ်ခဲ့ပြီး နောက်ထပ် ရဟတ်ယဉ် နှစ်စီးဖြင့် ပြန်လည် တိုက်ခိုက်နေသည်ဟု ဗိုလ်မှူး မင်းဌေးက ပြောသည်။ ထိုလေယဉ်နှစ်စီးကို လိုင်ဇာမြို့မှ စစ်ပြေးဒုက္ခသည်များ
တွေ့မြင်နေရသည်ဟု လိုင်ဇာမြို့ခံတဦးက ပြောသည်။

အလားတူ ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့မှ တိုက်လေယဉ်နှင့် ရဟတ်ယဉ်များ နေ့စဉ် ပျံသန်းမှုများ ရှိနေသည်ဟု မြစ်ကြီးနားမြို့နေ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“နေ့တိုင်း မြစ်ကြီးနားကနေ ပျံသန်းသွားတာ တွေ့နေတာဘဲ၊ လေယဉ်သံတွေ ကြားနေရတယ်။ မနေ့ကလည်း ၉ နာရီမှာ တကြိမ်၊ ၂ နာရီမှာတကြိမ် ပျံသန်းသွားတာဘဲ”ဟု သူက မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်နေ့က လဂျားယန်ကျေးရွာ အထက်ပိုင်း KIA ၏ ရှေ့တန်းစခန်း ၇၇၁ တပ်စခန်း
အား မြန်မာ အစိုးရဘက်မှ လေယဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် KIA ဘက်မှ ဆုတ်ခွာပေးလိုက်ရသဖြင့် ထပ်မံ ထိုးစစ်ဆင်လာမှုကို KIA ဘက်မှ ဆက်လက် တိုက်ခိုက်နေရသည်ဟု ဗိုလ်မှူး မင်းဌေးက ပြောသည်။

“အဲဒီနေရာကို အင်အား ထပ်ဖြည့် တက်လာတာကို ကျနော်တို့က အောက်ကနေ တိုက်နေတာ၊ သူတို့ပြောနေတာ
က လဂျားယန်ကို နိုင်ပြီလို့ ပြောနေတယ်။ ဒါပေမဲ့ မရသေးပါဘူး။ မရအောင် ကျနော်တို့ လုပ်နေတာ”ဟု သူက မဇ္စျိမကို ပြောသည်။

ယနေ့တွင်လည်း အစိုးရတပ်ဖွဲ့များဘက်မှ ဘွမ်ဆွမ်တောင်၊ မန်သဲ၊ ခန်းကိုင်တောင် စသည့် တောင်သုံးခုမှ အမြောက် လက်နက်ကြီးများဖြင့် ဆက်လက် လဂျားယန်ကျေးရွာအနီး ပစ်ခတ်နေဆဲ ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အစိုးရက စစ်တိုက်လေယဉ် အသုံးပြု၍ KIA ရှေ့တန်းတပ်စခန်း
အား တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု KIO ဘက်မှ ပြောဆိုနေမှုအပေါ် မြန်မာအစိုးရဘက်မှ ကချင်ပြည်နယ်မှာ စစ်တပ်လေကြောင်းဖြင့် တိုက်ခိုက်မှု မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။

ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်မှ ရဟတ်ယာဉ်၊ တိုက်လေယာဉ်များ သုံးစွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်မှု မဟုတ်ဘဲ လဂျားယန်ရှိ အစိုးရ၏ တပ်ဖွဲ့များအတွက် လေကြောင်းဖြင့် ထောက်ပံ့ရေး ရိက္ခာပစ္စည်းများ ပို့ဆောင်ခြင်းသာ
ဖြစ်သည်ဟု သမ္မတရုံး ညွန်ကြားရေးမှူး ဗိုလ်မှူး ဇော်ဌေးက AP သတင်းကို ပြောဆိုထားသည်ဟု အာအက်ဖ်အေ
မြန်မာပိုင်းတွင် ဖော်ပြထားသည်။

အဆိုပါ အစိုးရဘက်မှ ပြောဆိုမှုနှင့် လက်တွေ့မှာ ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ကျောင်းသား တပ်မတော်
(မြောက်ပိုင်း) ABSDF မှ ဗိုလ်မှူး မင်းဌေးက ပြောသည်။

“စားနပ်ရိက္ခာ ပါမပါတော့ မသိဘူး။ ကျနော်တို့ကို ပစ်သွားတာကတော့ ကျည်ဆံတွေဘဲ ပစ်တာ။ သူသိသိနဲ့
ပြောတာလဲ ဖြစ်မယ်။ လိမ်နေတာလဲ ဖြစ်မယ်။ ဒီမှာက ကျနော်တို့က လက်တွေ့ဆိုတော့ သူပြောတာမဟုတ်ဘူး။ လွဲနေတယ်”ဟု ဗိုလ်မှူး မင်းဌေးက ပြောသည်။

သို့သော် အစိုးရတပ်မတော်အရာရှိများ ထုတ်ဝေနေသော မြဝတီ အွန်လိုင်းစာမျက်နှာတွင် အစိုးရတပ်မတော်မှ လဂျားယန် စခန်းသို့ ရိက္ခာပို့သည့် လမ်းကြောင်းတွင် အဓိက ပိတ်ဆို့သော နေရာ၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်း
အား  ပိတ်ဆို့လျက်ရှိသော ကချင်ပြည်နယ် အရှေ့ပိုင်း ပွိုင့် ၇၇၁ တောင်ကုန်းနှင့် ဝန်းကျင်အား “လေကြောင်း ပစ်ကူ တိုက်ခိုက်ခဲ့ရာ” ဒီဇင်ဘာလ ၃၀ ရက်နေ့က အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့သည်ဟု ဖော်ပြထားသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ထိုင်းနိုင်ငံက ဆင်ဖြူတော် ငှားရမ်းမှု နိုင်ငံခြားရေးဝန်ကြီး ငြင်းဆန်
  2. ရုပ်သံ စတူဒီယို တည်ဆောက်မည့်မြေ ရောင်းချခြင်းအတွက် ဈေးနှုန်းသတ်မှတ်ရန် ဆွေးနွေး
  3. သတင်းမှားယွင်းသည်ဆိုသော စွပ်စွဲချက်ကို နိုင်ငံပိုင်သတင်းစာက ပြန်လည်ဖြေရှင်းရန် Daily Eleven က တောင်းဆို
  4. ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ် ဒေသခံများနှင့် ဆွေးနွေးမည်
  5. ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားပြုပါတီ ငါးပါတီ ၂ဝ၁၅ မတိုင်မီ အခြေခံဥပဒေပြင်နိုင်ရေး ဆွေးနွေး
  6. စင်ကာပူတံခွန်စိုက် အလွတ်တန်းပြေးခုန်ပစ်ပြိုင်ပွဲ မြန်မာပြိုင်မည်
  7. ဖေ့စ်ဘွတ်တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ ထပ်မံလာရောက်မည်

ဆက်စပ် သတင်းများ

  1. ဦးဘရန်ရှောင်၏ ဖြောင့်ချက်ယူခဲ့သူ ဒုတရားသူကြီးအား စစ်ဆေးရန် တင်ပြချက် ပယ်ချခံရ
  2. ပြန်ကြားရေးသတင်း၊ KIO ကြေညာချက်နှင့် ဒု-ဝန်ကြီး သဘောထား
  3. ကချင်ပြည်နယ်တွင် အစိုးရနှင့် KIA တပ်များအကြား စစ်ပွဲ ငြိမ်သက်
  4. မြန်မာ အစိုးရနှင့် KIO တို့ ကချင်ပြည်နယ်အတွင်း စစ်ရေးတိုက်ခိုက်မှု ရပ်တန့်ပေးရန် KBC ထုတ်ပြန်
  5. ကချင်စစ်ပွဲတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အေဂျင်စီများ အတားအစီးမရှိ ၀င်ခွင့်ပြုရန် အမေရိကန်တိုက်တွန်း
  6. လိုင်ဇာ စစ်ပြေးဒုက္ခသည် ကလေးများ ဝမ်းရောဂါ ဖြစ်ပွားမှု ပိုမိုများပြားလာ
  7. အစိုးရတပ်က ပစ္စည်းလု၊ သတ်ဖြတ်မှုများရှိနေသည်ဟု ကျေးရွာသားများပြော
e-letter-burmese

Who is Online

We have 144 guests online