ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ၂ဝ၁၂ ခုနှစ်အတွင်း ထိပ်တန်းအဖြစ်အပျက်ကြီး ၁၀ ခု (အမှတ် ၁)

၂ဝ၁၂ ခုနှစ်အတွင်း ထိပ်တန်းအဖြစ်အပျက်ကြီး ၁၀ ခု (အမှတ် ၁)

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်




မဇ္ဈိမ၏ ထုတ်ဝေရေးလုပ်ငန်းတခု ဖြစ်သော M-ZINE+ က ၂ဝ၁၂ ခုနှစ် အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအနက် အထူးခြားဆုံးအဖြစ် အပျက်ကြီး ၁၀ ခုကို အယ်ဒီတာ့စိတ်ကြိုက်
ရွေးချယ်ထားပါသည်။

ယင်းတို့အနက် အမှတ် ၁ဝ မှ ၂ အထိကို ဖော်ပြခဲ့ပြီး ယခု အမှတ် ၁ ကို ယနေ့ ဒီဇင်ဘာ ၃၁ ရက်တွင် အထူးခြားဆုံး ဖြစ်ရပ်ကြီးဖြင့် အဆုံးသတ် ရပ်နားမည် ဖြစ်ပါသည်။



အမှတ်စဉ် (၁) အိုဘားမား၏ မြန်မာပြည် သမိုင်းဝင်ခရီးစဉ်
အမေရိကန် သမ္မတ အိုဘားမားနှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုဝင်ဘာလက ရန်ကုန်မြို့၌ တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ - NLD)အာရှနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကို ဒေသဆိုင်ရာအဖွဲ့စည်းများတွင် ပါဝင်ရန် ဖိတ်ခေါ်ပါက အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ ပြစ်တင်ဝေဖန်ခြင်းကို ခံရမည်ဖြစ်သည်။ သို့သော် ယခုလိုဖြစ်ခြင်းက ယခင်ကဖြစ်ပြီး၊ အခုတော့ အနောက်နိုင်ငံများက မြန်မာနိုင်ငံကို မျက်စိကျလာကြသည်။ နိုဝင်ဘာလအတွင်းက အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်ကြောင့် အရှေ့အနောက် သမိုင်းဖြစ်စဉ်များကို ပြန်တိုင်းတာကြည့်ရန် ဖြစ်လာ
သည်။

၂၀၁၂ခုနှစ် အတွင်း မြန်မာနိုင်ငံတွင် ဒဏ္ဍာရီဆန်ဆန် ပြောင်းလဲခဲ့သော အပြောင်းလဲများကို ပြန်ကြည့်ရန် လိုလာသည်။ အိုဘားမားသမိုင်းဝင် ခရီးစဉ်သည် ထင်းရှားသော အဖြစ်ပျက်တစ်ခုဆိုတာကို သံသယဖြစ်စရာ မလိုပေ။

တိုတောင်းသော ခြောက်နာရီ ခရီးစဉ်အတွင်း မြန်မာ့ယဉ်ကျေးမှု၏ ပြယုဂ်တစ်ခု ဖြစ်သော ရွှေတိဂုံဘုရားသို့
သွားရောက်ခြင်း၊ ထင်ရှားသော နိုင်ငံရေးခေါင်းဆောင်နှစ်ဦးဖြစ်သည့် သမ္မတဦးသိန်းစိန်၊
ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခြင်းများ ပြုလုပ်နိုင်ခဲ့သည်။

တိုင်းရင်းသားများနှင့် အပစ်ခတ်ရပ်စဲနိုင်ရန် ကြိုးပမ်းခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ ဒီမိုကရေစီလမ်းကြောင်းသို့ ချီတက်နိုင်ခြင်းက တိုးတက်မှုများဖြစ်ကြောင်း ဆိုခဲ့သည်။ အတိုက်ခံခေါင်းဆောင်နှင့်
တွေ့ဆုံရာတွင် မီဒီယာအများပြားကို ခွင့်ပြုခြင်းကလည်း ပွင့်လင်းလာမှုကို ဖော်ပြနေသော် ပိုအရေးကြီးသည်မှာ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးနိုင်ခြင်းက တိုးတက်သော ပြုပြင်ပြောင်းလဲမှု၏ ရလဒ်များပင်ဖြစ်သည်။

မိမိနိုင်ငံ၏ အကျိုးစီးပွားကို ရှေ့တန်းတင် စဉ်းစားတတ်သည်မှာ နိုင်ငံတိုင်းလိုလိုဖြစ်ပြီး အမေရိကန်သည်လည်း ထိုနည်းတူပင်ဖြစ်သည်။ စီးပွားရေးနှင့် အမျိုးသားလုံခြုံရေး အကျိုးစီးပွားများကိုလည်း အသိအမှတ်ပြုရမည်ပင်။ ဤသည်ပင် အမေရိကန်-မြန်မာ ဆက်ဆံရေးအတွက် ကဏ္ဍသစ်ဖြစ်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တုစသည့် သဘာဝသယံဇာတအများအပြား ပိုင်ဆိုင်ထားပြီး ပထ၀ီနိုင်ငံရေးအရ အရေးပါသော နေရာတွင် တည်ရှိနေသည်။

မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယ၊ အာစီယံနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး၊ မြန်မာနိုင်ငံအနေဖြင့် ပိုကောင်းသော ပို့ဆောင်ဆက်သွယ်လမ်းကြောင်းကို ဖော်ဆောင်နိုင်ပါက မလကာ ရေလက်ကြားအကျပ်တည်း
ကို ဖြေရှင်းပေးနိုင်မည့် လမ်းကြောင်းသစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် အင်အားကြီးနိုင်ငံအဖြစ် ပေါ်ထွက်လာခြင်း၊ လူသူအနေသော ကျွန်းများအတွက် အနီးနား
နိုင်ငံများနှင့် အငြင်းခုံဖြစ်ခြင်းက အိမ်နီးချင်းနိုင်ငံများအတွက် စိုးရိမ်ဖွယ်ဖြစ်လာနေသည်။ တရုတ်ပြည်အနေဖြင့် ငြိမ်ချမ်းစွာ တိုးတက်ရေးလမ်းကြောင်းသို့ သွားနေပါသည်ဟု ပြောဆိုနေပြီး၊ အမေရိကန်ကလည်း လုံခြုံရေး
အတွက်ဦးစားပေး ဆောင်ရွက်နေခြင်းသာဖြစ်ပြီး တရုတ်ပြည် လုံခြုံဖို့မရှိကြောင်းဆိုသည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခု အကျိုးစီးပွား၏ ကစားကွင်းတွင် ကျရောက်နေသော မြန်မာနိုင်ငံအနေဖြင့် သမ္မတအိုဘာမား၏ မြန်မာပြည်ခရီးစဉ်က အပြောင်းလဲများကို ရှေ့သို့ဆက်လက် သယ်ဆောင်ရန် ကမ်းလှမ်းချက်တစ်ခုပင်ဖြစ်သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 116 guests online