စနေ, ၂၅ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ၂ဝ၁၂ ခုနှစ်အတွင်း ထိပ်တန်းအဖြစ်အပျက်ကြီး ၁၀ ခု (အမှတ် ၂)

၂ဝ၁၂ ခုနှစ်အတွင်း ထိပ်တန်းအဖြစ်အပျက်ကြီး ၁၀ ခု (အမှတ် ၂)

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

Mzineplus-cover-for-story

မဇ္ဈိမ၏ ထုတ်ဝေရေးလုပ်ငန်းတခု ဖြစ်သော M-ZINE+ က ၂ဝ၁၂ ခုနှစ် အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအနက် အထူးခြားဆုံးအဖြစ် အပျက်ကြီး ၁၀ ခုကို အယ်ဒီတာ့စိတ်ကြိုက်
ရွေးချယ်ထားပါသည်။

ယင်းတို့အနက် အမှတ် ၁ဝ မှ ၃ အထိကို ဖော်ပြခဲ့ပြီး ယခု အမှတ် ၂ ကို
ဖော်ပြပေးမည် ဖြစ်ကာ ဒီဇင်ဘာ ၃၁ ရက်တွင် အထူးခြားဆုံး ဖြစ်ရပ်ကြီးဖြင့် အဆုံးသတ်မည် ဖြစ်ပါသည်။



(အမှတ်စဉ် ၂) NLD ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခြင်း
ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်၏  နေပြည်တော် စည်းရုံးရေးခရီးစဉ်တခု။ (ဓာတ်ပုံ - မဇ္ဈိမ)
မြန်မာနိုင်ငံ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲက သမိုင်းအချိုးကွေ့တစ်ခုအဖြစ် သမိုင်းပညာရှင်များက သတ်မှတ်ခဲ့
ပလိမ့်မည်။ မဲဆန္ဒနယ် ၄၅နေရာအနက် NLD က ၄၄ နေရာအနိုင်ရရှိခဲ့သည်။ အာဏာအနေထားအရ အမတ် ၄၄နေရာဆိုသည်မှာ ပြောပလောက်သော ပမာဏ မဟုတ်ပေ။ စစ်တပ်အနေဖြင့် ပါလီမန်နောက်ကွယ်မှ မည်ကဲ့သို့ လှုပ်ရှားနေသည်ကို လည်း မသိရသေးပေ။ ပြည်သူ့လွှတ်တော်တွင် NLD ရရှိသော အမတ် ၃၇နေရာသည် ၁၁ရာခိုင်နှုန်းခန့်သာ အချိုးပါဝင်နေသေးပြီး၊ ဖွဲ့စည်းပုံအရလည်း စစ်တပ်ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းပါဝင်နေခြင်း
ကလည်း USDAလို အာဏာရပါတီဘက်က အလေးသာနေသည်။

ကြားဖြစ်ရွေးကောက်ပွဲသည် အစိုးရနှင့်အတိုက်ခံများ သမိုင်းဝင်သော လိုက်လျောသဘောတူညီမှုတစ်ခုဖြစ်ပြီး၊ NLDအနေဖြင့်လည်း ၁၉၉၀ခုနှစ်ရွေးကောက်ပွဲရလဒ်အား အသိမှတ်ပြုရမည်ဆိုသော အတွေးခေါ်အား စွန့်လွှတ်
လိုက်ခြင်းပင်ဖြစ်သည်။

NLD အမတ်များ အနေဖြင့် အမျိုးသားနိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်လာနိုင်ပြီး အပြောင်းလဲကို လွှတ်တော်တွင်းမှ ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။ အကယ်၍လာမည့် ၂၀၁၅ရွေးကောက်ပွဲတွင် NLD အနေဖြင့် အနိုင်ရရှိနိုင်သလို သိုမဟုတ်ပါက အာဏာရပါတီကို ထိရောက်စွာ အတိုက်ခံလုပ်နိုင်သော ပါတီကြီးဖြစ်လာနိုင်ပေ
သည်။

အတိုင်းတာတစ်ခုအရ သမ္မတဦးသိန်းစိန်အစိုးရနှင့် အာဏာရပါတီအနေဖြင့် သူတို့၏အခန်းကဏ္ဍကို တဖြည်းဖြည်း
လျော့ချပြီး၊ အကယ်၍ ရွေးကောက်ပွဲများဆက်လက်ကျင်းပနိုင်မည်ဆိုက အတိုက်ခံများကို အထိုက်အလျောက် လမ်းဖွင့်ပေးပြီး ၁၉၉၀ခုနှစ်များက တောင်အာဖိရိက အမျိုးသားပါတီကဲ့သို့ တဖြည်းဖြည်း နောက်ကွယ်သို့ဝင်ရောက်
ပျောက်ကွယ် သွားနိုင်သည်။

နိုင်ငံရေးနှင့်စီးပွားရေးအပြောင်းလဲများက ကာလတို၊ကာလရှည်ဆက်လက်ဖြစ်ပေါ်နေရန်လိုအပ်သည်။ ထို့အပြင် ဖွဲ့စည်းပုံအရပေးအပ်ထားသော လွှတ်တော်တွင် စစ်တပ်ကိုယ်စားလှယ်များပါဝင်နေခြင်းကို မည်ကဲ့သို့ ပြုလုပ်မည်၊ တိုင်းရင်းသားများ၏ ရပိုင်ခွင့်များ၊ ဖက်ဒရယ်ပြည်ထောင်စုအရေးများကို မည်ကဲ့သို့ကိုင်တွင်ရမည်ဆိုသော
မေးစရာမေးခွန်းများစွာ ကျန်ရှိနေသေးသည်။ လိုချင်သော ရည်မှန်းချက်ပြည့်ဝရန် ရှိရင်းစွဲနေရာက စတင်ရမည်
ဖြစ်ပြီး၊ ၂၀၁၂ခုနှစ်တွင် မြန်မာနိုင်ငံမှ နိုင်ငံရေးသမားများက ယင်းကဲ့သို့ ဖြစ်အောင်လုပ်နိုင်ခဲ့သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 275 guests online