တနင်္ဂနွေ, ၂၆ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > နိပွန်ဖောင်ဒေးရှင်း အကူအညီ ရှားတော IDP သို့ ယခုလ အတွင်း ရောက်မည်

နိပွန်ဖောင်ဒေးရှင်း အကူအညီ ရှားတော IDP သို့ ယခုလ အတွင်း ရောက်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စံခလပူရီ (မဇ္ဈိမ) ။      ။ ကယားပြည်နယ်၊ ရှားတော မြို့နယ် အတွင်းရှိ ပြည်တွင်း ရွာပုန်းရွာရှောင် ဒုက္ခသည် IDP စခန်းမှ လူဦးရေ ၄,ဝဝဝ ကျော်အတွက် နိပွန် ဖောင်ဒေးရှင်းနှင့် သဘောတူထားသည့် အကူအညီ တချို့ကို အရေးပေါ်အဖြစ် ဒီဇင်ဘာလအတွင်း ပို့ဆောင်ရန် ရှိကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီက ဆိုသည်။

အဆိုပါ အရေးပေါ်အကူအညီများမှာ စားနပ်ရိက္ခာနှင့် ဆေးဝါးများသာ ဖြစ်ကြောင်း KNPP အတွင်းရေးမှူး (၁) ခူးဦးရယ် က ပြောသည်။

“သူတို့(နိပွန်)ဘက်က အပြောအရတော့ မကြာမီ တရက် နှစ်ရက်အတွင်း ပေးမယ်လို့ ပြောတယ်။ ဒီလထဲလို့တော့
ပြောလို့ရတယ်။ ဒီရက်တွေ အတောအတွင်း သူတို့ ကိုယ်စား လှယ်တွေ နောက်ဆုံး အကြိမ် အဖြစ် လာရောက် ညှိနှိုင်းဖို့ ရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
nippondonateunfc
ရိက္ခာ (ဆန်) အား ပြည်တွင်းမှ ဝယ်ယူရန် သဘောတူထားပြီး ဆေးဝါးများကို ထိုင်းနိုင်ငံဘက်မှ ဝယ်ယူကာ နယ်စပ်
ဖြတ်ကျော် ပေးပို့သွားရန် စီစဉ်ထားသည်။

နိုဝင်ဘာလ ၄ ရက်နေ့က ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Yohei Sasakawa နှင့် ကိုယ်စားလှယ် အဖွဲ့တို့ လွိုင်ကော်မြို့သို့ သွားရောက်ကာ အကူအညီ ပေးရန်အတွက် လေ့လာခဲ့သည်။

နိပွန် ဖောင်ဒေးရှင်း အနေနှင့် တိုင်းရင်းသား ဒေသများသို့ ဒေါ်လာ ၃ သန်းခန့် အကူအညီ ပေးရန် ရှိကြောင်း ထုတ်ပြန် ပြောဆိုထားပြီး ကနဦး ပရောဂျက် အနေဖြင့် ဒေါ်လာ ၃ သိန်းတန် ရိက္ခာနှင့် ဆေးဝါးများကို ပေးအပ် သွားမည် ဖြစ်ကာ ကျန်ပမာဏကို လာမည့် နှစ်၌ ဆက်လက်၍ ပေးအပ်သွားဖွယ် ရှိသည်။

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အဆင်ပြေစွာ လုပ်ကိုင်နိုင်ရန် ဒီမောဆိုးမြို့၊ ရို့ဖယ်ခို ရပ်ကွက်၌ ဖွံ့ဖြိုးရေးရုံး တခုအား ဒီဇင်ဘာလ ၇ ရက်နေ့က ဖွင့်လှစ်ကြောင်းလည်း ခူးဦးရယ် က ဆိုသည်။

“တချို့ INGOs တွေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတချို့ကို လုပ်ကိုင်ဖို့ ရှိပါတယ်။ လုပ်ငန်းက အတွင်းမှာပဲ အများကြီး ရှိပြီးတော့ ကျနော်တို့ကို တကူးတက ပြည်ပမှာ လိုက်လာ တွေ့နေရတဲ့ အခက်အခဲတွေ လွယ်ကူအောင်လို့ပါ” ဟု ပြောသည်။

KNPP နှင့် အစိုးတို့အကြား ဖွံ့ဖြိုးရေး လုပ်ငန်းများအား အသေးစိတ် သဘောတူထားမှု မရှိသော်လည်း ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ လူထု ပြန်လည်နေရာ ချထားရေး လုပ်ငန်းများအား ပြည်နယ်အဆင့်နှင့် ပြည်ထောင်စု အဆင့် တို့နှင့် ပူးပေါင်း လုပ်ဆောင်နိုင်ကြရန် အကြမ်းဖျင်း မူအားဖြင့် သဘောတူထားသည် ဟုလည်း ခူးဦးရယ်က မဇ္ဈိမကို ပြောဆိုသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 102 guests online