ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > လက်ပံတောင်း အကြမ်းဖက်မှု တောင်းပန်ရေး ရန်ကုန်သံဃာများ ဆန္ဒပြ

လက်ပံတောင်း အကြမ်းဖက်မှု တောင်းပန်ရေး ရန်ကုန်သံဃာများ ဆန္ဒပြ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။         ။ လက်ပံတောင်းတောင် ဒေသတွင် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သော သံဃာများအား အကြမ်းဖက်မှုနှင့် ပတ်သက်၍ အစိုးရမှ ဝန်ချတောင်းပန်ခြင်း မပြုသေး၍ ဒီဇင်ဘာ ၁၂ ရက်နေ့၊
နေ့လည် ၂ နာရီတွင် ရန်ကုန်မြို့ သံဃာ အပါး ၄ဝဝ ခန့်က လှည့်လည်ဆန္ဒပြခဲ့ကြသည်။

သံဃာများသည် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးတွင် စုဝေးကာ ရေတာရှည် လမ်းဟောင်း အတိုင်း မေတ္တာသုတ်များ ရွတ်ဖတ်သရဇယ်ကာ ဆူးလေ မြို့တော်ခန်းမရှေ့သို့ ချီတက်ကြခြင်း ဖြစ်သည်။
ygnmonkdemo8
ထိုသံဃာများအား လူထုက ဘေးပတ်ပတ်လည်မှ ဝန်းရံကာ စီတန်း လမ်းလျှောက်လာစဉ် ရေတာရှည် လမ်းထိပ်ရှိ ရဲဓမ္မာရုံရှေ့တွင် ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှ တားဆီးမှု ရှိခဲ့သော်လည်း ညှိနှိုင်းကာ ဆက်လက်ချီတက်နိုင်ခဲ့ကြသည်။

လက်ပံတောင်းတောင် သပိတ်အား အကြမ်းဖက်ဖြိုခွင်းမှုနှင့်ပတ်သက်၍ အမျိုးသားနေ့တွင် သံဃာများ တောင်းဆို ထားသော အချက် ၅ ချက်အား အစိုးရက မလိုက်နာ၍ ယခုလို ထပ်မံဆန္ဒပြရခြင်းဖြစ်သည်ဟု ဆန္ဒပြသံဃာတပါးမှ ဆူးလေမြို့တော်ခန်းမရှေ့တွင် ကြေညာချက်အား ဖတ်ကြားရင်း မိန့်ကြားခဲ့သည်။

သံဃာထုတရပ်လုံး ကျေနပ်စေရန် နိုင်ငံတော် သမ္မတအနေဖြင့် ပွင့်လင်းမြင်သာစွာ တောင်းပန်ရန်၊ အကြမ်းဖက်ခံ သံဃာထုနှင့် လူထုအတွက် မှန်မှန်ကန်ကန် တာဝန်ယူပေးရန်၊ လက်ပံတောင်းအရေးနှင့် ပတ်သက်၍ ဖမ်းဆီးခံ လိုက်ရသော ရဟန်းရှင်လူများအား ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်၊ အကြမ်းဖက် ဖြိုခွင်းသူများအား ဖော်ထုတ် အရေးယူရန် သံဃာများက တောင်းဆိုထားခြင်း ဖြစ်သည်။

သို့သော် အကြမ်းဖက်ခံသံဃာများအား မုံရွာမြို့ရွှေစည်းခုံ ဘုရားတွင် တောင်းပန်မှုမှာ ကိုယ်ထိလက်ရောက်
စော်ကားခဲ့သောပုဂ္ဂိုလ်များ မပါဝင်ဘဲ တင်စီးစွာ ဝတ်ကျေ တန်းကျေသာ တောင်းပန်ခဲ့ခြင်းဖြစ်သည်ဟု သံဃာများက မိန့်သည်။ ဖမ်းဆီးထားသော ပုဂ္ဂိုလ်များအား ဒီဇင်ဘာ ၁၁ နေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ပုဒ်မ ၅ဝ၅(ခ) တပ်ထားဆဲ ဖြစ်သည်ဟု ဆိုသည်

ရန်ကုန်နည်းတူ တချိန်တည်းတွင် မန္တလေး၊ မုံရွာ၊ ပြည်၊ ချောက်၊ မြင်းခြံ၊ ပဲခူး မြို့များတွင်လည်း သံဃာများ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ တောင်ကြီးမြို့တွင်မူ ဆန္ဒပြမည့်အစီစဉ်စား ရွှေ့ဆိုင်းလိုက်ရကြောင်း သိရှိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

ဆက်စပ် သတင်းများ

  1. နိုင်/ကျဉ်း စာရင်း မငြိမ်သေး၊ လက်ပံတောင်းကိစ္စ ထောင်ချခံရသူများ နိုင်/ကျဉ်းဖြစ်
  2. လက်ပံတောင်းစီမံကိန်း ဆန်ကျင်ဆန္ဒပြသူများကို နိုင်ကျဉ်းစာရင်းတွင် သွင်းမည်
  3. လက်ပံတောင်း တောင်ကြည့်ပွဲ ကျင်းပသူများအား ပြစ်ဒဏ်စီရင်လိုက်
  4. လက်ပံတောင်းအရေး လှုပ်ရှားသူများနှင့် ဒေသခံ ၁၅ ဦးကို ရွှေဘိုတရားရုံးက ဖမ်းဝရမ်းထုတ်ထား
  5. တနင်္ဂနွေနေ့တိုင်း လက်ပံတောင်း တောင်ကြည့်ပွဲ ခွင့်ပြုချက် မတင်ဘဲ ဆက်လုပ်မည်
  6. လက်ပံတောင်း ထွန်တုံးတိုက်ပွဲ ယာယီရပ်ဆိုင်း၊ လယ်မြေများ ပြန်ရသည်အထိ တိုက်ပွဲဝင်မည်
  7. စီတန်းလှည့်လည်ခွင့် မတင်သောကြောင့် လက်ပံတောင်းဒေသခံများကို တရားစွဲမည်ဟု ခရိုင်ရဲမှူးကြီးပြော
e-letter-burmese

Who is Online

We have 70 guests online