ကြာသပတေး, ၂၃ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > သမ္မတ ဦးသိန်းစိန် အိန္ဒိယ သွားမည်၊ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်

သမ္မတ ဦးသိန်းစိန် အိန္ဒိယ သွားမည်၊ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်၏ ဒုတိယအကြိမ် အိန္ဒိယ ခရီးစဉ်အဖြစ် ဒီဇင်္ဘာလ ၂၀ ရက်နေ့တွင် စတင်ကျင်းပမည့် အိန္ဒိယ-အာဆီယံ ထိပ်သီးအစည်းအဝေးသို့ လာရောက်တက်မည်ဟု သိရှိရသည်။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Shri Salman Khurshid နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာလ ၁၅ ရက်နေ့ ၂၀၁၂ ခုနှစ်က တွေ့ဆုံနေစဉ် (ဓါတ်ပုံ မဇ္ဈိမ)
ဦးသိန်းစိန်၏ အဆိုပါခရီးစဉ် မတိုင်မီ ရှေ့ပြေးအဖြစ် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆာလ်မန်း ခူရှီးဒ် Salman Khurshid လည်း မြန်မာနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် သောကြာနေ့တွင် လာရောက်မည်ဟု နိုင်ငံခြားရေး
ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်အား ကိုးကား၍ အိန္ဒိယ သတင်းစာများတွင် ရေးသားကြသည်။

မကြာမီက ခန့်အပ်လိုက်သော နိုင်ငံခြားရေးဝန်ကြီး၏ ပထမဆုံးအကြိမ် နှစ်နိုင်ငံ ဆက်ဆံရေး ခရီးစဉ်အဖြစ်
မြန်မာနိုင်ငံသို့ လာရောက်စဉ် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် အစိုးရပိုင်း
နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ လာရောက်စဉ် နိုဝင်ဘာလ ၁၅ ရက်နေ့က  ဆာလ်မန်း ခူရှီးဒ် ၏ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ဖူးပြီး ယခုခရီးစဉ်တွင်လည်း ထပ်မံတွေ့ဆုံကြရန် စီစဉ်ထားကြောင်း သိရသည်။

ဆာလ်မန်း ခူးရှီးဒ်၏ ခရီးစဉ် အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ကျင်းပမည့် နိုင်ငံတကာ ဗုဒ္ဓဘာသာပွဲတော်
ကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် တက်ရောက်ဖွင့်လှစ်ကာ ရွှေတိဂုံစေတီတော်တွင် တည်ထားကိုးကွယ်မည့် ဉာဏ်တော် ၁၆ ပေရှိ ဗုဒ္ဓ ရုပ်ပွားတော်အား လက်ဆောင်အဖြစ် လွှဲပြောင်းပေးအပ်ရန် ဖြစ်သည်။

အေဒီ ၅ ရာစု၊ ဂုပတ္တမင်းဆက်ခေတ် အနုပညာလက်ရာ ပုံစံအတိုင်း ထုံးကျောက်ဖြင့် ပြန်လည်ထုဆစ်ထားသည့် ထိုင်တော်မူ ရုပ်ပွားတော်မှာ အိန္ဒိယနိုင်ငံမှ ‘ငြိမ်းချမ်းရေး လက်ဆောင်’ အဖြစ် ပေးပို့ လှူဒါန်းလိုက်ခြင်း ဖြစ်သည်။

အိန္ဒိယ ရှေးဟောင်းသုတေသနဌာနမှ ကူညီဆောင်ရွက်ပေးနေသည့် ပုဂံ အာနန္ဒာဘုရား ထိန်းသိမ်းပြုပြင်ရေးသို့
လည်း သွားရောက်ကြည့်ရှုမည်ဖြစ်သည်။

ဝန်ကြီး၏ ခရီးစဉ်မှာ အိမ်နီးချင်းနိုင်ငံများအပေါ် ထားရှိသော ဆက်ဆံရေးများ၏ အရေးပါပုံကို ထပ်မံအထူးပြု
ဖော်ပြချက်ပင်ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များဖြစ်ကြသည့် ဦးသိန်းစိန်နှင့် ဒေါက်တာမန်မိုဟန်ဆင်း တို့၏ အပြန်အလှန်ခရီးစဉ်များ၊
ဒေါ်အောင်ဆန်းစုကြည်၏ နိုဝင်ဘာ အိန္ဒိယခရီးစဉ် စသည်တို့ကို ကြည့်၍ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်
ကောင်းမွန်လာကြောင်း လေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

သမ္မတ ဦးသိန်းစိန်သည် ၂ဝ၁၁ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယ နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ ပြီးနောက် ၂၀၁၂ ခုနှစ်၊ မေလကုန်ပိုင်းတွင် အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ကဏ္ဍမျိုးစုံ ပါဝင်သည့် နှစ်နိုင်ငံ သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ကြသည်။ ထို့ပြင် အိန္ဒိယမှ မြန်မာနိုင်ငံအား ထုတ်ချေးထားသော အမေရိကန် ဒေါ်လာ သန်း ၅၀၀ တန် ချေးငွေနှင့် ပတ်သတ်၍လည်း ပြန်ဆပ်ရမည့် ကာလကို နောက်ဆုတ် ပေးရန် သဘောတူညီနိုင်ခဲ့ကြသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 44 guests online