အင်္ဂါ, ၂၁ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > နမ့်ဆမ် NLD ပါတီဝင်တဦးအား ဒေသခံ စစ်တပ် ဗိုလ်မှူးက ထိုးကြိတ်ခဲ့

နမ့်ဆမ် NLD ပါတီဝင်တဦးအား ဒေသခံ စစ်တပ် ဗိုလ်မှူးက ထိုးကြိတ်ခဲ့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စံခလပူရီ (မဇ္ဈိမ) ။      ။ ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်ဆမ် မြို့နယ် နမ့်မော်ခေါက်ဆင့် ကျေးရွာမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးဌေးမောင် အား ဒေသ အခြေစိုက် စစ်တပ်က လုံခြုံရေး နှောင့်ယှက်မှုဟု ဆိုကာ နိုဝင်ဘာလ ၂၆ ရက်နေ့ည ၉ နာရီခန့်တွင် တပ်စခန်းသို့ ခေါ်ဆောင်သွားပြီး ထိုးကြိတ်ခဲ့သည်ဟု ကာယကံရှင် က ပြောသည်။

U-Htay-Maungs၎င်း၏ အိမ်ရှေ့တွင် ရွာသားများအား စကားပြောဆိုနေစဉ် မျက်နှာချင်းဆိုင်ရှိ ခမရ ၅၁၆ မှ လာရောက်ဆွဲခေါ်ကာ တာဝန်ကျ ဗိုလ်မှူးက ထိုးကြိတ်၍ သွားတချောင်း ကျိုးသွားခဲ့ရကြောင်း ဦးဌေးမောင် က ပြောသည်။

“ကျနော်က ပြည်သူ့စစ် အလုပ်၊ ပြည်သူ့စစ် လုပ်။ ရွာသား
အလုပ် ရွာသားလုပ် ဆိုပြီး ကျနော့်အိမ်မှာ ပြောတာဗျ။ အဲဒါ ပြောနေတုန်းမှာပဲ စခန်းကုန်းက အရာရှိ နှစ်ယောက် ဆင်းလာပြီး ကျနော့်ကို ဂျိုင်းကြား ညှပ်ပြီး စခန်းကုန်း ကို ခေါ်တင်သွားပါတယ်။ အဲဒီ ရောက်တော့ ဗိုလ်မှူး ရဲဝေစိုး က ထိုးလိုက်တာပါ” ဟု မဇ္ဈိမကို ပြောသည်။

အခင်းဖြစ်ပွားချိန်တွင် ၎င်းအိမ်ရှေ့၌ ရွာသား တဦး နှစ်ဦး
သာ ရှိခဲ့သည်။ ၎င်းအား ဂျိုင်းကြား ညှပ်၍ တပ်ကုန်းသို့ ခေါ်ဆောင်သွားသူ နှစ်ဦးမှာ ခမရ (၅၁၆)မှ ဗိုလ်ကြီး သန်းဝေဖြိုးနှင့် တပ်ကြပ် အောင်သန်း တို့ဖြစ်ပြီး ထိုးကြိတ်ခဲ့သူ မှာ ဗိုလ်မှူး ရဲဝေစိုး ဖြစ်သည်ဟု ကာယကံရှင် ဦးသန်းဌေး က ပြောသည်။

“ကျနော့်ကို ဆွဲခေါ်သွားပြီးတော့ လုံခြုံရေး နှောင့်ယှက်တယ်လို့ ပြောတယ်။ ကျနော်လည်း သူ့ကို လေးစားသမှုနဲ့ အလေးပြုပါတယ်။ အဲဒီအချိန်မှာ ထိုးတာ။ ထိုးလည်း ထိုးပြီးရော မင်းကို ကြိုးနဲ့တုပ်ပြီး သေနတ်နဲ့ ပစ်သတ်မယ် လို့ ပြောတယ်” ဟု ပြန်ပြောပြသည်။

ဦးဌေးမောင်မှာ လွန်ခဲ့သည့် ခြောက်နှစ်ခန့်က နမ့်မော်ခေါက်ဆင့် ကျေးရွာ၏ ပြည်သူ့စစ် တပ်ခွဲမှူး တယောက်ဖြစ်ပြီး NLD ပါတီသို့ ဝင်ရောက်ခဲ့သည်မှာလည်း နှစ်လ ခန့်ပင် ရှိသေးသည်ဟု ဆိုသည်။

နမ့်ဆမ် NLD အနေနှင့်လည်း ယခုကဲ့သို့ ဖြစ်ရပ်များကို သတင်းဌာနများ သိရှိ စေချင်ကြောင်း နမ့်ဆမ် ပါတီ အတွင်းရေးမှူး က ပြောသည်။

“ပြောတုန်းက သူက တပ်စခန်းမှာ ပြောတာ မဟုတ်ဘူး။ သူ့အိမ်ရှေ့မှာ ရွာသားတွေကို ပြောတာ။ ဒီလိုမျိုး မတရား တဲ့ ဖြစ်ရပ်တွေကို သိရှိစေချင်ပါတယ်” ဟု နမ့်ဆမ် NLD အတွင်းရေးမှူး ဦးနေဇော်နိုင် က မဇ္ဈိမကို ပြောသည်။

ယနေ့ အောက်တိုဘာလ ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်တွင် နမ့်ဆမ် NLD မှ အတွင်းရေးမှူး ဦးနေဇော်နိုင် နှင့် အလုပ်အမှူဆောင် ၅ ဦးနှင့် ကာယကံရှင် ဦးဌေးမောင်တို့သည် ခမရ (၅၁၆) တပ်ရင်းမှူးဆီသို့ အဆိုပါ အဖြစ်အပျက် ကို သွားရောက် တိုင်ကြားခဲ့သည်။

ထို့ပြင် မြို့နယ်ရဲစခန်း၊ အုပ်ချုပ်ရေးမှူး၊ စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေးတပ်ဖွဲ့နှင့် NLD ဗဟိုသို့လည်း တိုင်တန်းစာ များ မိတ္တူ ပေးပို့ခဲ့ကြောင်း သိရှိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 81 guests online