သောကြာ, ၂၄ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > လက်ပံတောင်း စီမံကိန်း ရပ်စဲရေး ရန်ကုန်ချီတက်ပွဲနှင့် မုံရွာ ထိုင်သပိတ် ဆင်နွှဲ

လက်ပံတောင်း စီမံကိန်း ရပ်စဲရေး ရန်ကုန်ချီတက်ပွဲနှင့် မုံရွာ ထိုင်သပိတ် ဆင်နွှဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် တနင်္လာနေ့က ရန်ကုန်နှင့် မုံရွာမြို့တွင် ချီတက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်မြို့တွင် ဆန္ဒပြရန်ရွှေးချယ်ထားသည့် တရုတ်သံရုံးနှင့် ဦးပိုင် ကုမ္ပဏီ လီမိတက်ရုံးရှေ့တွင် လုံခြုံရေး တင်းကြပ်စွာ ချထား၍ ပဋိပက္ခများရှောင်ရှားနိုင်ရန် လမ်းကြောင်းပြောင်း ဆန္ဒပြခဲ့ကြောင်း ဗကသ ကျောင်းသား တဦးဖြစ်သူ ကိုသီဟဝင်းတင် က ပြောသည်။

“ညနေ ၄ နာရီလောက်မှာ မြို့တော်ခန်းမ ရှေ့ကနေ စထွက်ဖြစ်တယ်။ ပြီးတော့ အဲဒီကနေမှ လွတ်လပ်ရေး
ကျောက်တိုင် မဟာဗန္ဓုလပန်းခြံကို နှစ်ပါတ် ပါတ်ပြီးတော့ သိမ်ကြီးဈေးဘက် ဆင်းသွားတယ်။ တရုတ်သံရုံးနဲ့ ဦးပိုင် ကုမ္ပဏီက ကျတော့ သူတို့ဘက်က လုံခြုံရေးတွေ အထပ်ထပ်ချထားတယ်။ တင်းကြပ်ထားတယ်။ ကျနော်တို့လည်း တချို့ကိစ္စတွေမှာ ပဋိပက္ခတွေ ရှောင်လွှားချင်လို့ ဆူးလေရှေ့မှာ ပြလိုက်တယ်။ သိမ်ကြီးဈေးဘက်မှာ စကားပြော ပြီးတော့ လူစုပြန်ခွဲကြတယ်” ဟု မဇ္ဈိမကို ပြောသည်။
stopletpatoung7
“လက်ပံတောင်းကြေးနီစီမံကိန်း ချက်ချင်းရပ်ဆိုင်းရေး”၊ “ပြည်သူအလိုမရှိတဲ့ စီမံကိန်း ချက်ချင်းရပ်ဆိုင်းရေး”
တောင်းဆိုခဲ့ကြပြီး ကျောင်းသားပြည်သူ အင်အား ၁ဝဝ ခန့်ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဗကသ ကျောင်းသား၊ GW အဖွဲ့၊ ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ယက်၊ လူမှုရေး အဖွဲ့အစည်းတွေ၊ မြေသြဇာနဲ့
ပြည်သူတချို့လည်း ပူးပေါင်း ပါဝင်ပါတယ်” ဟုဆိုသည်။

ချီတက်ရာ လမ်းတလျှောက် အာဏာပိုင်များက ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သော်လည်း တစုံတရာ ဟန့်တား
နှောက်ယှက်ခြင်း မရှိကြောင်း သိရသည်။

ကိုသီဟဝင်းတင် သည် ဆန္ဒပြရန် တိုင်ပင်သည့် တနင်္ဂနွေည အစည်းအဝေးသို့ တက်ရောက်ခဲ့၍ အခြားသူ သုံးဦးနှင့် အတူ SB မှ အကြောင်းပြချက် တစုံတရာ မပြောဆိုဘဲ မေးစရာရှိသည်ဟုဆိုကာ ယနေ့ မနက်ပိုင်းက နေအိမ်မှ
ခေါ်ဆောင်ခြင်းခံခဲ့ရပြီး နေ့လည်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

မုံရွာမြိုတွင်လည်း လက်ပံတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းရေး ထိုင်သပိတ်စခန်း တခု ဖွင့်လှစ်ဆန္ဒပြနေကြောင်း မန္တလေး မဟာကိုးဆူတိုက်မှ ဦးဆောင်သံဃာတော် တပါး ဖြစ်သည့် ဦးဝိမလ္လ က မိန့်ကြားသည်။

“ဦးပဉ္စင်းတို့ ထိုင်သပိတ်စခန်း ဖွင့်ထားတယ်။ နေ့လည် ၁ နာရီခွဲလောက်က ကျောင်းတိုက်ကနေ ထွက်တယ်။ အခု
ညောင်ပင်ကြီးဆိပ် နန်ချွန်ဆိပ်ကမ်းကို ရောက်နေတာပါ။ သံဃာအင်အား ၂၅ဝ လောက်ရှိပါတယ်။ လူအင်အား
လောလောဆယ် ၇ဝ လောက်ရှိတယ်။ နောက်မှာ လိုက်လာတဲ့လူတွေ ရှိသေးတယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။

သပိတ်စခန်းဖွင့်ရာတွင် အာဏာပိုင်ဘက်က တစုံတရာ ဟန့်တားနှောက်ယှက်ခြင်း မရှိသလို စီမံကိန်း ဖျက်သိမ်းရေး
တောင်းဆိုချက်ကိုလည်း တစုံတရာ တုံ့ပြန်မှု မရှိသေးကြောင်း ဦးပဉ္စင်းက ဆက်လက်မိန့်ကြားသည်။

“ပထမ ရည်ရွယ်ချက်ကတော့ လာပြီးတော့ ညှိနှိုင်းပါ။ အမှားကို ဝန်ခံပါ ဆိုပြီးတော့ တောင်းဆိုတယ်” ဟု မိန့်ကြားသည်။

သပိတ်စခန်း လုံခြုံရေးအတွက် ကျောင်းသားများ ပြည်သူများက တာဝန်ယူ ဆောင်ရွက်နေကြပြီး မုံရွာ၊ မန္တလေး၊ ပခုက္ကူမှ အမာခံ သံဃာတော်များ စုစည်းကာ ထိုင်သပိတ် ဆင်နွှဲနေကြခြင်း ဖြစ်သည်။

ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဆားလင်းကြီးမြိုနယ် လက်ပံတောင်း တောင်တွင် ဆန္ဒပြမှုမှာ ကိုးရက် ကြာပြီဖြစ်ပြီး သပိတ်စခန်း ၆ ခု ဖွင့်လှစ်ထားသည်။ တောင်ခြေနှင့် လယ်တီသိမ်တွင် နေ့ညမပြတ် သံဃာတော်နှင့်
ဒေသခံပြည်သူများ အင်အား ၂,ဝဝဝ ကျော်ဖြင့် ဆန္ဒပြလျက် ရှိသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 77 guests online