တနင်္ဂနွေ, ၂၆ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဒေါ်အောင်ဆန်းစုကြည်က ‘Burma’ လို့ပဲ ဆက်ခေါ်မည်

ဒေါ်အောင်ဆန်းစုကြည်က ‘Burma’ လို့ပဲ ဆက်ခေါ်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံအား အင်္ဂလိပ်လို ခေါ်ဝေါ်ရာတွင် Myanmar အစား Burma ဟုသာ ဆက်လက် ခေါ်ဝေါ်သုံးစွဲသွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်
ပြောဆိုလိုက်သည်။

တိုင်းတပါး အစိုးရများက မြန်မာနိုင်ငံအား Myanmar ဟု အင်္ဂလိပ်လို ခေါ်ဝေါ်နေကြသည်ကို စိတ်ပျက်မိကြောင်း လည်း နယူးဇီလန် ဝန်ကြီးချုပ်နှင့် ကြာသပတေးနေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်းဖြစ်သည်။
dslsr“ကျမကတော့ နိုင်ငံအမည်ကို ပြည်သူတွေက ဘယ်လို သတ်မှတ်ခေါ်ဝေါ်ချင်တယ်ဆိုတာ မဆုံးဖြတ်မချင်း (အင်္ဂလိပ်လို) Burma လို့ပဲ အမြဲဆက်ခေါ်နေမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားအား ကိုးကား၍ ANI နှင့် နိုင်ငံခြား သတင်းဌာနများတွင် ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံအား အင်္ဂလိပ်လို ခေါ်ဝေါ်ရာတွင် Burma ဟု လွတ်လပ်ရေးခေတ် တလျှောက်လုံး သတ်မှတ် ခေါ်ဝေါ် လာခဲ့ရာမှ ၁၉၈၉ ခုနှစ်၊ ဗိုလ်ချုပ်မှူးကြီး စောမောင် ဦးဆောင်သည့် နဝတ စစ်အစိုးရ လက်ထက်တွင် Myanmar ဟု ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ပြည်သူ့ လွှတ်တော်ဟူ၍ မရှိခဲ့ဘဲ အမည် အတော်များများကို စစ်အစိုးရ က ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထို့သို့ စစ်အစိုးရက ‘ဗမာ’ ‘မြန်မာ’ အပါအဝင် အမည် ပြောင်းလဲခေါ်မှုများ အား ထိုစဉ်က ကျောင်းသားခေါင်းဆောင် တဦးက “ဗုဒ္ဓကိုလည်း မုဒ္ဓလို့ ပြောင်းခေါ်ရမလိုပဲ” ဟု သရော်ဝေဖန်ခဲ့ဖူး သည်။

လက်ရှိ ၂ဝဝ၈ ခုနှစ်၊ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင်လည်း Myanmar ဟုသာ သုံးစွဲထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်ပခရီးစဉ်များတွင် အင်္ဂလိပ်လို မိန့်ခွန်းများ ပြောရာတွင်လည်းကောင်း၊ သတင်းထောက်များနှင့် မေးဖြေပြုရာတွင်လည်းကောင်း အင်္ဂလိပ်လို Burma ဟုသာ တသမတ်တည်း သုံးစွဲလာ ခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံကို Burma ဟု သုံးနှုန်း ပြောဆိုခြင်း မပြုဘဲ အခြေခံဥပဒေ အခန်း (၁) ပုဒ်မ (၂) တွင် ဖော်ပြ ထားသည့်အတိုင်း ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် (သို့မဟုတ်) မြန်မာနိုင်ငံဟုသာ ခေါ်ဆို သုံးနှုန်းရန်
ရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၂၈ ရက်စွဲဖြင့် ကြေညာချက်တရပ် ထပ်မံထုတ်ပြန် သတိပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ကမ္ဘာ စီးပွားရေးဖိုရမ်တွင် Burma ဟု သုံးစွဲခဲ့ခြင်းကြောင့် ထိုသို့ မသုံးနှုန်းရန် ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ရွေးကောက်ပွဲ ကော်မရှင်က ပထမအကြိမ် အကြောင်းကြားခဲ့သေးသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ လတ်တလော အိန္ဒိယခရီးစဉ်တလျှောက်လုံးတွင် Burma ဟုသာ သုံးစွဲခဲ့ပြီး ဆက်လက်၍လည်း ပြည်သူလူထုက မဆုံးဖြတ်မချင်း ဤသို့ပင် ဆက်လက် ခေါ်ဝေါ်သုံးစွဲသွားမည်ဟု ထပ်လောင်း
ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းအချို့၏ အင်္ဂလိပ်လို အမည်များတွင်လည်း Burma ဟုသာ သုံးစွဲထားသည်။ ဥပမာအားဖြင့် All Burma Students’ Democratic Front (ABSDF)၊ Federation of Trade Unions of Burma (FTUB)၊ Communist Party of Burma (ဗကပ) ၊ Forum for Democracy in Burma (FDB) စသဖြင့် ရှိကြပြီး Democratic Voice of Burma (DVB) သတင်းနှင့်ရုပ်သံဌာနလည်း ရှိသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 81 guests online