ကြာသပတေး, ၂၃ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖားကန့် ကျောင်းပိတ်လိုက်ရ

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖားကန့် ကျောင်းပိတ်လိုက်ရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ) ။      ။ ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်ရှိ အစိုးရ၏ ဗျူဟာကုန်းတပ်မှ ကချင်လွတ်လပ်ရေးတပ် KIA ရှိရာသို့ လက်နက်ကြီးဖြင့် ၁ဝ ကြိမ် ပစ်ခတ်ခဲ့သဖြင့် ဖားကန့် အထက ကျောင်းသားများ ထိတ်လန့်မှု ဖြစ်ပွားခဲ့ကာ တနင်္လာနေ့ ညနေပိုင်း ကျောင်းပိတ်လိုက်ရသည်ဟု ဒေသခံများက ပြောသည်။

နံနက် ၁ဝ နာရီကျော်ချိန်တွင် ဖားကန့်မြို့ ဗျူဟာကုန်းတပ်စခန်းမှ ၁ဝ၅ မမ လက်နက်ကြီးဖြင့် မြောက်ဘက် တမိုင်
ကျော် အကွာရှိ KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ရှိရာ မောမောင်းဘွမ်ဘက်သို့ ပစ်ခတ်ခဲ့၍
ကျောင်းသားများကို ကျောင်းသားမိဘများ ပြန်လည် ခေါ်ယူခဲ့ရာ ညနေပိုင်း ကျောင်းပိတ် လိုက်ရခြင်း ဖြစ်သည်။

“မနက် ၁ဝ နာရီ မိနစ် ၂၄ ကနေ ပစ်တာ နှစ်မိနစ်လောက် ခြားပြီး ဆက်တိုက် ပစ်တယ်။ အဲဒါကြောင့် ကလေးတွေ လည်း ထိတ်လန့်ပြီး မိဘတွေ ပြန်ခေါ်ယူလိုက်တယ်။ မိုးခြိမ်းသလို အသံကြားတော့ အားလုံးက ကြောက်ကြောက် လန့်လန့်နဲ့ နေနေရတယ်” ဟု နှစ်ခြင်း အသင်းတော်မှ တရားဟောဆရာ တဦးက ပြောသည်။  

အစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့များနှင့် KIA တို့ တိုက်ပွဲငယ်များ ဆက်လက် ဖြစ်ပွားနေကြောင်း ၎င်းက ဆက်ပြောသည်။

“ဖားကန့်လမ်း ၆ မိုင် ၇ မိုင်ဘက်မှာ အစိုးရ စစ်သားတွေ အများကြီး ထိုးစစ်ဆင်လာတော့ လမ်းဘက် KIA နဲ့ တိုက်ပွဲငယ်တွေ ဖြစ်နေတော့ ဒီဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ ခြိမ်းခြောက်တာနေမှာ” ဟု မဇ္စျိမကို ပြောသည်။

ဖားကန့် ဗျူဟာကုန်းမှ အောက်တိုဘာလ ၁၈ ရက်နေ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် KIA ရဲဘော်နှစ်ဦးနှင့် ဒေသခံ ရွာသားသုံးဦး သေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာ ရရှိခဲ့သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ အစိုးရတပ်၏ ရိက္ခာနှင့်လက်နက်များ သယ်ဆောင်လာသော စစ်ယာဉ်တန်းကား ၄ဝ ကျော် မိုးကောင်း-ဖားကန့် လမ်းအတိုင်း သယ်ဆောင်လာပြီး အင်အား ၂ဝဝ ခန့် တိုးမြင့်လာရာ ယနေ့တွင် ဖားကန့် ၆ မိုင်နှင့် ၇ တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း KIA တပ်ရင်း ၆ တပ်ဖွဲ့မှ ဗိုလ်ကြီး လှဒွဲက ပြောသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 104 guests online