တနင်္ဂနွေ, ၁၉ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အကျဉ်းသား ၄၅၂ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု

အကျဉ်းသား ၄၅၂ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် မဇ္ဈိမ ။      ။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသားများ အပါအဝင် ၄၅၂ ဦးအား ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၄ဝ (၁) အရ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်မှစ၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုကြောင်း သိရသည်။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးအတွက်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်
ရေးတွင် တဖက်တလမ်းမှ အထောက်အပံ့ ဖြစ်စေမည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန် လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး၊ နိုင်ငံအချင်း အချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးတို့ကို ရှေ့ရှုသောအားဖြင့် လည်းကောင်း၊ နိုင်ငံတောဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က) နှင့် အညီ အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်များကို ထိုက်သင့်စွာကျခံပြီးကြသော အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးချို့တဲ့သူများနှင့် နိုင်ငံခြားသား အကျဉ်းသားများအား ပြည်နှင့်ဒဏ်
ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေအတွက် ဝမ်းသာကြိုဆိုရမှာပါ။ ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်စတဲ့ ဒုစရိုက်မှု့တွေနဲ့ ထောင်ကျတဲ့ သူတွေကျတော့ အပြင်ပြန်ရောက်လည်း နဂို သူတို့
လျှောက်တဲ့လမ်းဟောင်းကို အလွယ်ပြန်လျှောက်ကြတာ များတယ်။ အဲဒီလိုလူတွေ အပြင်ကို ပြန်ရောက်လာရင် လူထုအတွက် စိန်မငြိမ်းချမ်းမှုတွေ ဖြစ်ကြရပါတယ်။ ဒုစရိုက်သမားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတာမျိုးဆိုရင် အတော်စီစစ်သင့်ပါတယ်” ဟု ရှေ့နေတဦးက ပြောကြားသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်မှာ ၅ ကြိမ်မြောက်ဖြစ်ပြီး နိုင်ငံတော်သမ္မတ အနေဖြင့် ယခင်က အကျဉ်းသား ၂၈,ဝဝဝ ခန့်အား လွတ်ငြိမ်းချမ်းသာခွင့် ၄ ကြိမ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 116 guests online