ဗုဒ္ဓဟူး, ၂၂ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > စစ်ပြေးဒုက္ခသည် TB နှင့် HIV ဝေဒနာသည်များ ဆေးဝါးလိုအပ်နေ

စစ်ပြေးဒုက္ခသည် TB နှင့် HIV ဝေဒနာသည်များ ဆေးဝါးလိုအပ်နေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ) ။       ။ တရုတ်-မြန်မာ နယ်စပ်ရှိ ကချင်စစ်ပြေးဒုက္ခသည် စခန်းများတွင် အဆုတ် TB ရောဂါနှင့် HIV/AIDS နှင့် နေထိုင်သူများအတွက် ဆေးဝါး ပြတ်လတ်သည့် အခက်အခဲနှင့် ကြုံတွေ့နေရသည်ဟု စခန်းအတွင်း
ဆေးဝါးကုသမှု တာဝန်ယူနေသူက ပြောသည်။

ပြီးခဲ့သည့် မတ်လမှ မေလထိ နယ်စည်းမခြား ဆရာဝန်များအဖွဲ့(AZG) က ၎င်းလူနာများ၏ ကျန်းမာရေး စစ်ဆေးပြီး
ဆေးဝါးပေးခဲ့သော်လည်း ဇွန်လမှ ယနေ့ထိ ယင်းအဖွဲ့လည်း ဆေးဝါးလာရောက်ပေးပို့ခြင်း မရှိတော့သဖြင့် လိုအပ်နေခြင်း ဖြစ်သည်။

“AZG က မေလ ၁ ရက်နေ့နောက်ဆုံးလာပြီး မလာတော့ဘူး။ ခု ပိုက်ဆံမရှိတဲ့လူတွေက အဲဒီကို မသွားနိုင်ဘူး။ AZG ကို ကျနော် မေးကြည့်တော့ အခက်အခဲတွေရှိလို့ မလာနိုင်ဘူးလို့ဘဲ ပြောတယ်။ ခုလောလောဆယ် ဆေး လိုအပ် တယ်၊ အာဟာရ လိုတယ်။ အားလုံးလိုနေတာက အနွေးထည်တွေ လိုအပ်နေတယ်” ဟု ကချင် လွတ်လပ်ရေးအဖွဲ့ KIO ၏ ကျန်းမာရေးဌာနမှ ဆရာ ကိုယော်ထုံ က ပြောသည်။

လေးလခန့်ကြာ ဆေးဝါး ပြတ်တောက်ခဲ့သဖြင့် TB ရောဂါခံစားနေရသူ တဦးနှင့် HIV/AIDS နှင့် နေထိုင်သူ တဦး သေဆုံးခဲ့သည်ဟု ၎င်းက ပြောသည်။

လွယ်ဂျယ်မြို့နယ်ခွဲ မိုင်ဂျာယန်မြို့ရှိ ဇိုင်းအောင် ဒုက္ခသည်စခန်းတွင် TB ရောဂါ ခံစားနေရသူ ၂၂ ဦးရှိပြီး HIV ရောဂါပိုးနှင့်နေထိုင်သူ ၁၁ ဦး ရှိနေသည်ဟု ဆိုသည်။

ထိုဝေဒနာရှင်များသည် ယခင်က မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များတွင် အခြေစိုက် AZG အဖွဲ့ထံမှ ဆေးဝါးများကို ပုံမှန် သွားရောက် သောက်သုံးနေရသော်လည်း စစ်ပွဲ ဖြစ်ပွားပြီးနောက် လမ်းပန်းဆက်သွယ်ရေးအရ လုံခြုံမှု မရှိ၍
ဆေးဝါး သွားရောက်ယူနိုင်ခြင်း ဖြစ်သည်။

သာမန်ဆေးဝါးများ ဖြစ်သော ဝမ်းကိုက်ပျောက်ဆေး၊ သွေးတိုးကျဆေးနှင့် အသည်းနှင့် ပတ်သက်သည့် ဆေးဝါးများ လည်း ပြတ်လတ်မှု ရှိနေသည်ဟု သူက မဇ္စျိမကို ပြောသည်။  

ဇိုင်းအောင် ဒုက္ခသည်စခန်းတွင် စစ်ပြေးဒုက္ခသည်ပေါင်း ၂,၃ဝဝ ကျော် ခိုလှုံနေထိုင်နေပြီး တနေ့လျှင် လူနာ ၂ဝ ဦးခန့် လာရောက် ဆေးဝါးကုသနေသည်။

KIO ဘက်က ဆေးဝါးထောက်ပံ့ပေးနေသော်လည်း လုံလောက်မှု မရှိ၍ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ကလည်း အနည်းငယ်ထောက်ပံ့မှု ရရှိသည်ဟု ဆိုသည်။ သို့သော် လုံလောက်သည့် ဆေးဝါး မရရှိသေးပေ။

အလားတူ တရုတ်-မြန်မာနယ်စပ် မှတ်တိုင် ၆ ရှိ ဖရဲဒုက္ခသည်စခန်းအတွင်း ကလေးငယ်များ ဝက်သက်ရောဂါ
ဖြစ်ပွားနေသဖြင့် ကာကွယ်ဆေး ထိုးရန် လိုအပ်နေသော်လည်း မသွားနိုင်သေးကြောင်း KIO ၏ စစ်ပြေးဒုက္ခသည် များ စောင့်ရှောက်ရေး တာဝန်ခံ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

“ပန်ဝါအထက် ဖရဲစခန်းမှာ မှတ်တိုင် ၆ မှာ။ ၇ဝဝ ကျော်ရှိတယ်။ ခုတလောက ၁ ဦးနှစ်ဦးဘဲ ဖြစ်တာ ခုတော့ ၁ဝ ဦးလောက်ဖြစ်လာတော့ ပြန့်လာတယ်။ ဒါကြောင့် အမြန်ဆုံးသွားပြီ ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေတယ်”ဟု သူက မဇ္စျိမကို ပြောသည်။  

စစ်ပြေးဒုက္ခသည်အများစုမှာ နာစေး၊ချောင်းဆိုးခြင်းနှင့် ငှက်ဖျားရောဂါများ ခံစားနေရသည်ဟု ဆိုသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 46 guests online