သောကြာ, ၂၄ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > မြန်မာ ကျန်းမာရေးအသုံးစရိတ် အရှေ့တောင်အာရှတွင်း အမြင့်မားဆုံးရှိ

မြန်မာ ကျန်းမာရေးအသုံးစရိတ် အရှေ့တောင်အာရှတွင်း အမြင့်မားဆုံးရှိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။   ။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်း ကျန်းမာရေး အသုံးစရိတ် အမြင့်မားဆုံးတွင် ရှိနေပြီး အသုံးစရိတ်၏ ၈၇ % မှာ လူမမာများ မိမိတို့ ဖာသာအိတ်စိုက် သုံးစွဲနေရခြင်းဖြစ်ကြောင်း အစီရင်ခံစာ တရပ်က ဆိုသည်။

၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်အတွင်း စစ်တမ်း ကောက်ယူထားပြီး ထွက်ပေါ်လာသည့် မြန်မာနိုင်ငံ ကလေးသူငယ်များ အခြေအနေ သုံးသပ်ချက် အစီရင်ခံစာအရ သိရှိရခြင်း ဖြစ်သည်။

“လက်ရှိ အောက်ခြေ လူတန်းစား အများစုက တနေ့ဝင်ငွေ ကျပ် ၁,၅ဝဝ ဝန်းကျင်မှာ ရှိနေတယ်။ နေထိုင်မကောင်း လို့ ရပ်ကွက်ထဲက ဆေးခန်းကိုသွားရင် အနိမ့်ဆုံး ကျပ် ၃,ဝဝဝ ဝန်းကျင် ရှိတယ်” ဟု ရပ်ကွက်ဆေးခန်းတခုတွင် အကူသူနာပြု လုပ်နေသူ မအေးအေးထွေး က ဆိုသည်။

အထူးကုဆေးခန်း တခုတွင် သာမန်ရောဂါတခုအတွက် ပြသလိုပါက ဆရာဝန် စမ်းသပ်ခမှာ ကျပ် ၄,ဝဝဝ ခန့် ပေး ရပြီး၊ သူနာပြုခ၊ အရံသူနာပြုခ၊ အခန်းခ စသည့် စရိတ်များအပါအဝင် ပျမ်းမျှ ကျပ် ၁ဝ,ဝဝဝ မှ ၁၅,ဝဝဝ ခန့်အထိ ကုန်ကျနိုင်ကြောင်း အထူးကု ဆေးခန်းတွင် ဖျားနာရောဂါကုသဖူးသူ တဦးထံမှ သိရသည်။

“လူအများစု အားထားနေရတဲ့ ရပ်ကွက် ဆေးခန်းလေးတွေမှာတောင် ငွေကြေးကုန်ကျမှုက ကျပ် ၃,ဝဝဝ၊ ၄,ဝဝဝ ဆိုတော့ တထောင်ဖိုး ဆေး ၃ ခွက် ရောင်းတဲ့ ရပ်ကွက်ထဲက စပ်ဆေးဆိုင်တွေကို လူအများစုက အားကိုးလာကြ
ခြင်းဖြစ်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအခြေအနေတွင် သားဖွားဆရာမခန့်ထားမှု နှုန်းမျာ လူဦးရေ ၄,ဝဝဝ ကျော်တွင် သားဖွားဆရာမ ၁ ဦး နှုန်းသာ ရှိနေပြီး လက်ထောက် ကျန်းမာရေးမှူးမှာလည်း လူဦးရေ ၄,ဝဝဝ ဝန်းကျင်တွင် ၁ ဦး နှုန်းသာ ရှိနေသည်။

“ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ ကျေးလက်ဒေသ၊ ဝေးလံတဲ့ ဒေသနဲ့ နယ်စပ် ဒေသတွေမှာ ပိုပြီး အားနည်းပါ တယ်။ ဒီလိုဒေသတွေနဲ့ ပိုပြီး ဆင်းရဲတဲ့ မိသားစုတွေထဲက ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေမှာ ကျန်းမာရေး ဆိုးရွားမှုတွေ ပိုပြီး ကြုံကြရပါတယ်” ဟု နယ်စပ်မြို့တခုတွင် တာဝန်ထမ်းဆောင်နေသူ ဆရာဝန် တဦးက ပြော သည်။

လက်ရှိအစိုးရ၏ ကျန်းမာရေး သုံးစရိတ်တွေမှာလည်း လွန်စွာ နည်းပါးလျက်ရှိကြောင်း အစီရင်ခံစာက ဆိုသည်။

“ဆရာဝန်ကြီးတွေအနေနဲ့ ၁ ရက်ထဲမှာ လူနာပေါင်း ရာချီ ကုနေကြရတယ်။ ဆရာဝန်နဲ့ လူနာအချိုးက ဘယ်လိုမှ မဖြစ်သင့်ဘူး။ ထိရောက် ကုသမှုရှိမရှိ တိမ်းစောင်းလွဲချောမှု ရှိမရှိ ဘယ်သူမှ မသိနိုင်ဘူး။ ဒီလိုဖြစ်လာတာ နှစ်ပေါင်း အတော်ကြာလာပြီ။ ဖြစ်သင့်တာက ရောဂါ တခုစီနဲ့ ဆိုင်တဲ့ ကျွမ်းကျင်ဆရာဝန်တွေ စဉ်ဆက်မပြက် မွေးထုတ်သင့် ပါတယ်” ဟု စာရေးဆရာ - ဆရာဝန် တဦးက ဆိုသည်။

ကျန်းမာရေး ဝန်ကြီးဌာန အောက်တွင် အထူးကုဆရာဝန် ၁,၈၅၃ ဦး၊ လက်ထောက် ဆရာဝန် ၂,၈၉၆ ဦး၊ အုပ်ချုပ်ရေး ပြည်သူ့ ကျန်းမာရေး ရောဂါနှိမ်နင်းရေး ဌာနများတွင် ၆၃၃ ဦး၊ စုစုပေါင်း ၅,၃၈ဝ ဦး ရှိကြောင်း သိရှိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 100 guests online