ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > တော်ဝင် ဆန္ဒပြလုပ်သားများအရေး တိုင်းခုံသမာဓိအဖွဲ့ စတင်ကြားနာ

တော်ဝင် ဆန္ဒပြလုပ်သားများအရေး တိုင်းခုံသမာဓိအဖွဲ့ စတင်ကြားနာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။          ။ ရွှေပြည်သာ ဝါးတစ်ရာ စက်မှုဇုန်ရှိ ‘တော်ဝင်’ သစ်အချောထည် စက်ရုံလုပ်သား ၁၇၀ ခန့် ဆန္ဒပြနေမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ခုံသမာဓိအဖွဲ့က သောကြာနေ့တွင် စတင်ကြားနာပြီ ဖြစ်ကြောင်း သိရသည်။

စက်ရုံလုပ်သားများမှာ တောင်းဆိုချက် ၅ ချက်ဖြင့် အောက်တိုဘာ ၂၄ ရက်မှ စတင်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ဆန္ဒပြသည့် ၁၇ ရက်မြောက်နေ့မှ တိုင်းခုံသမာဓိအဖွဲ့က ယခုကဲ့သို့ ကြားနာစစ်ဆေးခြင်း ဖြစ်သည်။
royaldemo
“ကျမတို့ တောင်းဆိုတဲ့ အချက် ၅ ချက်ကို မှန်/မမှန် တချက်ချင်း စစ်ဆေးတယ်။ ပြီးတော့ အဲဒီ တောင်းဆိုချက်တွေ ကို ဘာကြောင့် မပေးသလဲလို့ အလုပ်ရှင်ဘက်ကို ဖြေရှင်းချက် တောင်းတယ်” ဟု ခုံသမာဓိအဖွဲ့၏ စစ်ဆေးခဲ့မှုကို အလုပ်သမား ကိုယ်စားလှယ် မသူဇာ က ပြန်ပြောပြသည်။

သောကြာနေ့ ကြားနာမှုတွင် အလုပ်ရှင်ဘက်မှ ဖြေရှင်းချက်များကိုသာ ကြားနာခဲ့ကြပြီး စနေနေ့ နံနက် ၁ဝ နာရီတွင် ဆုံးဖြတ်ပေးလိမ့်မည်ဟုလည်း မသူဇာ က ဆိုသည်။

ဆန္ဒပြ လုပ်သားများအနက်မှ ၁ဝ ဦးက နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်မှာ ကိုးရက် တိုင်ပြီလည်း ဖြစ်သည်။ ထိုသို့ အစာငတ်ခံ ဆန္ဒပြသူများ၏ ကျန်းမာရေး အခြေအနေသည် ဆိုးရွားလျက်ရှိပြီး အများစုမှာ စကားပင် ကောင်းမွန်စွာ ပြောဆိုနိုင်ခြင်း မရှိတော့ဘဲ နှစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

ထိုသို့အခြေအနေတွင်မှ တိုင်းခုံသမာဓိက စတင်ကြားမှု ပြုလာခြင်းဖြစ်သည်။

တိုင်းခုံသမာဓိအဖွဲ့၏ ကြားနာစစ်ဆေးမှုခံယူရန် အလုပ်သမားဘက်မှ ကိုယ်စားလှယ် ခြောက်ဦး တက်ရောက်ပြီး အလုပ်ရှင်ဘက်မှ စက်ရုံမှူး ဦးလှကြည်နှင့် စက်ရုံမန်နေဂျာ ဦးမြင့်အောင်တို့ တက်ရောက်ခဲ့ကြသည်ဟုလည်း သိရသည်။

ခုံသမာဓိအဖွဲ့က “အမှန်တရားဘက်က ရပ်တည်မယ်၊ တောင်းဆိုချက်တွေက မှန်ကန် သင့်လျော်တယ်ဆိုရင်
ဖော်ထုတ်ပြီး အရေးယူဆောင်ရွက်ပေးမယ်” ဟုဆိုကြောင်းလည်း မသူဇာက မဇ္ဈိမကို ပြန်လည်ပြောကြားသည်။
royaldemo1
အလုပ်သမားများက လုပ်ငန်းခွင်သို့ ပြန်ဝင်ခွင့်ရရေး၊ သစ်အချောထည် စက်ရုံ အလုပ်သမားများကို ဆောက်လုပ်ရေး လုပ်ငန်းများသို့ မပို့ရေး၊ အလုပ်ရှင်/အလုပ်သမား သဘော တူညီချက်စာချုပ်ကို တပတ်အတွင်း ချုပ်ဆိုရေး၊ ဆန္ဒပြ လုပ်သားများကို တရားမစွဲဆိုရေး စသည့် အချက်များ အပါအဝင် တောင်းဆိုချက် ၅ ချက်ကို တောင်းဆို ဆန္ဒပြ
နေကြခြင်း ဖြစ်သည်။

ဆန္ဒပြအလုပ်သမားများသည် ယခင်က စက်ရုံရှေ့တွင်သာ ဆန္ဒပြနေခဲ့ကြသော်လည်း ယခုလ ၇ ရက်နေ့မှစတင်ကာ ရှစ်မိုင်လမ်းဆုံအနီး မရမ်းကုန်းမြို့နယ် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနရုံးရှေ့သို့ ပြောင်းရွှေ့ကာ သပိတ်စခန်း ဖွင့်လှစ်ပြီး ယနေ့အထိ ဆန္ဒပြနေကြသည်။

တိုင်းခုံသမာဓိအဖွဲ့သည် အစိုးရသစ်လက်ထက်တွင် ပြဋ္ဌာန်းလိုက်သည့် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေအရ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး ၎င်းအဖွဲ့တွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား တို့၏ ကိုယ်စားလှယ် အသီးသီးပါဝင်ကာ ဖွဲ့စည်းထားသည်။

ယင်းအဖွဲ့သည် အလုပ်သမားများနှင့်အလုပ်ရှင်ကြား အငြင်းပွားမှုများ ဖြစ်ပွားလာပါက တရားရုံးကဲ့သို့ ကြားနာ စစ်ဆေးသည့် အဖွဲ့ဖြစ်ပြီး တိုင်းအဆင့် ခုံအဖွဲ့၏ ဆုံးဖြတ်မှုကို တဖက်ဖက်မှ ကျေနပ်မှုမရှိပါက ပြည်ထောင်စုအဆင့် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို ရယူနိုင်သေးသည်။

အလုပ်သမားများ ဆန္ဒပြပွဲများနှင့် ပတ်သက်၍ တော်ဝင်ကုမ္ပဏီ ပိုင်ရှင် ဦးကိုကိုထွေး က နိုဝင်ဘာလ ၈ ရက်က သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပြီး အလုပ်သမားများ၏ တောင်းဆိုချက်များသည် ကြောင်းကျိုးဆီလျော်မှုမရှိ၍ ၎င်းအနေဖြင့် လိုက်လျောရန် အခက်အခဲရှိနေကြောင်း ဦးကိုကိုထွေး က ပြောကြားသွားခဲ့သည်။

“အလုပ်ရှင် မရှိရင် အလုပ်သမား မရှိနိုင်ပါဘူး။ အလုပ်သမား မရှိရင်လည်း အလုပ်ရှင် မရှိနိုင်ပါဘူး။ ဒါကြောင့် အပြန်အလှန် နှစ်ဖက်ရှိတယ် ဆိုတာကိုတော့ နားလည်စေချင်တယ်” ဟုလည်း ပြောကြားခဲ့သေးသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ရုပ်သံ စတူဒီယို တည်ဆောက်မည့်မြေ ရောင်းချခြင်းအတွက် ဈေးနှုန်းသတ်မှတ်ရန် ဆွေးနွေး
  2. သတင်းမှားယွင်းသည်ဆိုသော စွပ်စွဲချက်ကို နိုင်ငံပိုင်သတင်းစာက ပြန်လည်ဖြေရှင်းရန် Daily Eleven က တောင်းဆို
  3. ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ် ဒေသခံများနှင့် ဆွေးနွေးမည်
  4. ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားပြုပါတီ ငါးပါတီ ၂ဝ၁၅ မတိုင်မီ အခြေခံဥပဒေပြင်နိုင်ရေး ဆွေးနွေး
  5. စင်ကာပူတံခွန်စိုက် အလွတ်တန်းပြေးခုန်ပစ်ပြိုင်ပွဲ မြန်မာပြိုင်မည်
  6. ဖေ့စ်ဘွတ်တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ ထပ်မံလာရောက်မည်
  7. ငွေအတုများ သုံးစွဲမိသည့် ကားပွဲစားတစ်ဦး အမှုဖွင့်ခံရ
e-letter-burmese

Who is Online

We have 142 guests online