အင်္ဂါ, ၂၁ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > မူဆလင် ၉၀ ကျော်ပါ လှေတစီး ကော့သောင်းမှ ပင်လယ်ပြင်သို့ ပြန်လွှတ်လိုက်

မူဆလင် ၉၀ ကျော်ပါ လှေတစီး ကော့သောင်းမှ ပင်လယ်ပြင်သို့ ပြန်လွှတ်လိုက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စံခလပူရီ (မဇ္ဈိမ) ။        ။ မလေးရှားသို့ ဦးတည်သည့် ဘင်္ဂလားဒေ့ရှ်နွယ်ဖွား လှေစီးခရီးသည် ၉၀ ကျော်ကို တင်ဆောင်လာသည့် စက်လှေတစီး အင်္ဂါနေ့တွင် ကော့သောင်းမြို့နယ်အတွင်းသို့ ဆိုက်ကပ်လာရာမှ မြန်မာ
ရေတပ်က ဖမ်းဆီးခဲ့ပြီး ကမ္ဘာ့ရေပိုင်နက်သို့ ပြန်ပို့ကာ လွှတ်ပေးခဲ့ကြောင်း ကော့သောင်းရှိ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ အရာရှိတဦးက ပြောသည်။

ကမ္ဘာ့ရေပိုင်နက်မှ မြန်မာ့ရေပိုင်နက် (ကော့သောင်း) သို့ ဝင်ရောက်လာသည့် ထိုစက်လှေကို မြန်မာ့ရေတပ် စစ်ရေယာဉ် အမှတ် (၁၁၅) မှ ခွဲထွက်စက်လှေက လိုက်လံဖမ်းဆီးပြီး လှေစီးခရီးသည်များ ဖမ်းဆီးခံရခြင်း
ဖြစ်သည်။

“လိုက်ဖမ်းတော့ စက်ဆရာနဲ့ ပဲ့နင်းက ရေထဲ ဆင်းပြေးသွားတယ်ပေါ့ဗျာ။ အဲဒါ လှေက မျောပြီး ဝင်လာတော့
ကော့သောင်းဘက်ကို ဝင်လာတယ်။ ကမ်းပေါ်ထိ တက်ပြေးတယ်။ ရေတပ်က နောက်က လိုက်တော့ ဖမ်းမိတာပေါ့ ဗျာ” ဟု အမည် မဖော်လိုသည့် ကော့သောင်း လဝက မှ အရာရှိတဦးက ပြောသည်။

အဖမ်းခံရသူများမှာ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ပင်လယ်ကမ်းစပ်ရွာများနှင့် ဘင်္ဂလားဒေ့ရှ်မှ အစ္စလာမ် ဘာသာဝင် ၉၅ ဦး ဖြစ်ပြီး ၎င်းတွင် ဓမ္မဆရာ ၆ ဦး ပါဝင်ကာ အမျိုးသားများချည်းသာ ဖြစ်သည်ဟုလည်း အဆိုပါ လဝက အရာရှိက ပြောသည်။

၎င်းတို့မှာ ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံရှိ ဒုက္ခသည်စခန်းသို့ ဦးတည်သွားကြမည် ဖြစ်ပြီး မြန်မာကျပ်ငွေ ၅ သိန်းနှင့် ညီမျှသည့် မလေးရှားငွေကို လူပွဲစားများအား ပေးဆောင်ရမည် ဖြစ်သည်ဟု စစ်ဆေးမေးမြန်းချက်အရ သိရှိရသည်ဟုလည်း အဆိုပါ လဝက အရာရှိက ပြောသည်။

“ဦးတည်ချက်က ထိုင်းကို ဝင်မယ်။ အဲဒီမှာ အလုပ်လုပ်မယ်။ နောက်ပြီးရင် မလေးနယ်စပ်မှာ ရှိတဲ့ သူတို့ ဒုက္ခသည် စခန်းကို သွားမယ်။ အဲဒီကနေ တတိယနိုင်ငံကို သွားမယ် ပြောတာပဲ” ဟု သူက ပြောသည်။

ယခုကိစ္စသည် နိုင်ငံရေး ဒုက္ခသည်ကိစ္စ မဟုတ်ကြောင်းနှင့် လူကုန်ကူးမှု ကိစ္စသာ ဖြစ်ကြောင်းလည်း သူက ဆိုသည်။

စစ်ဆေးမေးမြန်းပြီးနောက် အင်္ဂါနေ့ ညနေပိုင်းတွင်ပင် ကမ္ဘာ့ရေပိုင်နက်သို့ ပို့ကာ ပြန်လွှတ်လိုက်သည်ဟု
ကော့သောင်းရဲစခန်းနှင့် နီးစပ်သူတဦးက ပြောသည်။

“သူတို့က တိုင်းရင်းသား ဘာသာစကား၊ ရခိုင်စကားလည်း မပြောနိုင်ကြဘူး။ ဗမာစကားလည်း မတတ်ကြဘူး။ အဲဒါကြောင့် မရှုပ်ချင်လို့ လိုအပ်တဲ့ ရိက္ခာတွေ ကူညီထည့်ပြီး ပြန်လွှတ်လိုက်တာ” ဟု ရဲစခန်းနှင့် နီးစပ်သူက
ပြောသည်။

ထို့ပြင် မလေးရှားနိုင်ငံသို့ ဦးတည်သည့် မြန်မာနိုင်ငံမှ ဘင်္ဂါလီ ရိုဟင်ဂျာ မွတ်ဆလင် ၁၁ဝ ဦးခန့်ကို တင်ဆောင်လာ သည့် စက်လှေတစီး ဗုဒ္ဓဟူးနေ့တွင် ဘင်္ဂလားပင်လင်ပြင်၌ နစ်မြုပ်ခဲ့ပြီး ၎င်းတို့အနက် ၁၂ ဦးကို ကယ်တင်နိုင်ခဲ့ကာ ၁ဝဝ ခန့်မှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဒု-ဗိုလ်မှူးကြီး Lieutenant-Colonel Mohammad Jahid ၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာ သတင်းတရပ်တွင် ဖော်ပြသည်။

အောက်တိုဘာလ ၂၈ ရက်နေ့တွင်လည်း ဘင်္ဂါလီ ရိုဟင်ဂျာ မွတ်ဆလင် ၁၃ဝ ဦး ပါဝင်သည့် ခရီးသည်တင် စက်လှေတစီး နစ်မြုပ်ခဲ့ပြီး ထက်ဝက်ခန့်ကိုသာ ကယ်တင်နိုင်ခဲ့ကြောင်းလည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က
ပြောသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 108 guests online