တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ပြည်ပအကူ လက်မခံရင် လမ်းပေါ်ထွက် ဆန္ဒပြရန် သံဃာအဖွဲ့ကြီးများ ပြောဆို

ပြည်ပအကူ လက်မခံရင် လမ်းပေါ်ထွက် ဆန္ဒပြရန် သံဃာအဖွဲ့ကြီးများ ပြောဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်။    ။ လေဘေး ဒုက္ခသည်များအတွက် ပြည်တွင်းပြည်ပ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး ပစ္စည်းများကို လက်မခံပါက သံဃာနှင့် ပြည်သူများ လမ်းပေါ်ထွက်ကာ အပြင်းအထန် ဆန္ဒပြရန် သံဃာတော်အဖွဲ့ကြီး နှစ်ဖွဲ့က ယမန်နေ့တွင် တိုက်တွန်းလိုက်သည်။

အရေးပေါ် အကူအညီများ လက်ခံရယူရေးအပြင် တောင်းဆိုချက် ၄ ချက်အတိုင်း နအဖ စစ်အာဏာရှင်များက လိုက်နာခြင်း မရှိလျှင် ယခုလ ၂၃ ရက်နေ့မှ စတင်ကာ သံဃာ၊ ပြည်သူ ပူးပေါင်း၍ လမ်းပေါ်ထွက် ဆန္ဒပြပါရန် သာသနာ့ ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ချုပ်ကြီးက ပူးတွဲ ကြေညာချက်ထုတ်ကာ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ 

နအဖသည် အာဏာတည်မြဲရေးသာ ဦးစားပေးပြီး ပြည်သူ့ကျန်းမာရေးနှင့် စားဝတ်နေရေး အကျပ်အတည်းများကို မသိကျိုးကျွံပြုကာ ပြည်တွင်းပြည်ပ အထောက်အပံ့ များကို တားမြစ် ပိတ်ဆို့ခြင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ကျွမ်းကျင်သူ နိုင်ငံခြားသားများ ပြည်ဝင်ခွင့် မပေးခြင်းကြောင့် ဒုက္ခသည်များ မသေသင့်ဘဲ သေဆုံးသွား နိုင်သည်ဟု အစချီကာ သံဃာ့တပ်ပေါင်းစု အဖွဲ့ချုပ်ကြီး (ပြည်ပ) မှ ဦးဆောင်တာဝန်ခံ ဆရာတော် ဦးပညာဇောတက ကြေညာချက် ထုတ်ပြန်ရသည့် ရည်ရွယ်ချက်ကို ယခုလို ဆက်မိန့်ကြားသည်။

"အစိုးရရဲ့ လုပ်ပိုင်ခွင့်တွေ အစိုးရနဲ့ မတိုက်တန်ပါဘူး၊ အစိုးရနေရာမှာ ထားလို့ မဖြစ်တော့တဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့က ဆန့်ကျင်ပြီးတော့၊ လမ်းပေါ်မှာ ထွက်ပြီးတော့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို 'ကျနော်တို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ၊ နေရေးထိုင်ရေးတွေကို ကူညီပါ' ဆိုပြီးတော့ အော်ဟစ်ကြဖို့၊ ပြည်ပအကူအညီတွေ တမ်းတကြဖို့ တောင်းဆိုတာ ဖြစ်တယ်' ဟု ဆရာတော်က မိန့်ဆိုသည်။

တောင်းဆိုချက် ၄ ချက်အဖြစ် နိုင်ငံတကာ ကယ်ဆယ်ရေး ဝန်ထမ်းများကို မြန်မာနိုင်ငံအတွင်း အမြန်ဆုံး ဝင်ရောက်ခွင့်ပြုရန်၊ ပြည်တွင်းပြည်ပမှ ကယ်ဆယ်ရေးနှင့် အထောက်အပံ့ ပစ္စည်းများကို အမြန်ဆုံး လက်ခံခွင့်ပြုရန်၊ စေတနာရှင်များ၊ အဖွဲ့အစည်းများအားလုံး လွတ်လပ်စွာ ကူညီခွင့်နှင့် ထောက်ပံ့ပစ္စည်းများကို  ဒုက္ခသည်များ လက်ထဲ ပို့ဆောင်ပေးရန် ကြေညာချက်ထဲတွင် ရေးသားထားသည်။ 

ထို့အပြင် မုန်တိုင်းကြောင့် အိုးအိမ်မဲ့ ပြည်သူများကို လျစ်လျှူရှုပြီး အာဏာခိုင်မြဲရေး ဦးစားပေးကာ ဆန္ဒခံယူပွဲကို အတင်းအကျပ် လုပ်ခြင်း၊ ဒုက္ခသည်များကို ကိုယ်ချင်းစာစိတ်ဖြင့် အပြည့်အဝ ကူညီမှု မပြုသည့်အပြင် ကုလနှင့် ပြည်ပနိုင်ငံများ၏ ရိုင်းပင်းကူညီမှု မရယူဘဲ ပိတ်ပင်တားဆီးခြင်း၊ ပြည်ပက အကူအညီကို ဒုက္ခသည်များထံ တိုက်ရိုက်ပေးခြင်းမရှိဘဲ မိမိလှူဒါန်းမှုအဖြစ် အမည်ပြောင်းခြင်းကြောင့် ဒုက္ခသည်များသည် အဝတ်အထည်၊ အစားအစာနှင့် ရေများ ငတ်မွတ်ခေါင်းပါးနေရသလို ကူးစက်ရောဂါများ ခံစားရကာ နေ့စဉ် သေဆုံးနေရသည်ဟု ရေးသားထားသည်။

ဆရာတော် ဦးပညာဇောတက "ရွာတရွာကို ဝင်လိုက်ရင်၊ ဒုက္ခသည်စခန်းကို ဝင်လိုက်ရင် မေးခွန်းတွေ မေးတယ်။ 'ခင်ဗျားတို့ ဘာလာလုပ်တာလဲ၊ ဘာလုပ်မှာလဲ၊ ကျနော်တို့ကို လှူခဲ့၊ ခင်ဗျားတို့ နာမည်ပြော' ဆိုပြီး မေးတော့ လာလှူတဲ့ လူတွေမှာ အနှောင့်အယှက်တွေ ဖြစ်ကုန်ရော။ အဲဒါလည်း ပိတ်ပင်မှု တမျိုးပဲလေ။ လှူဒါန်းတဲ့ ပုဂ္ဂိုလ်က ဘယ်သူ့ကိုပဲ လှူလှူ၊ လွတ်လွတ်လပ်လပ် လှူခွင့်ရှိရမယ်။ ဒီလိုမျိုး လုပ်နေတာဟာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ညှဉ်းပမ်း နှိပ်စက်နေတာ ဖြစ်တယ်။ စေတနာရှင်တွေရဲ့ စိတ်ဓာတ်ကိုလည်းပဲ ပျက်ပြားသွားစေတယ်။ ပိတ်ဆို့မှု တမျိုးပါပဲ" ဟု မိန့်ကြားသည်။ 

ယခုလ ၉ ရက်နေ့တွင် မန္တလေးမှ သံဃာတော်အချို့က အလှူကောက်ခံရသမျှကို ပစ္စည်းများ ဝယ်ကာ မန္တလေးမှ ရန်ကုန်သို့ ပို့ဆောင်ရန် မန္တလေးဘူတာသို့အရောက် ပိတ်ပင်ခံရသဖြင့် သံဃာများက တိုင်းမှူးကို သွားပြောရာ သံဃာ ၄ ပါး သွားရောက် ခွင့်ပြုခဲ့သည်။
 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1517 guests online