ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > အမှားပြင်ဆင်ချက် > သတင်းနှင့်ပတ်သက်၍ ရှင်းလင်းချက်

သတင်းနှင့်ပတ်သက်၍ ရှင်းလင်းချက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နိုဝင်ဘာလ ၅ ရက်နေ့ နေ့စွဲဖြင့် မဇ္ဈိမ သတင်းဌာန အင်တာနက်စာမျက်နှာတွင် “အားလုံးပါဝင်သည့် ညီလာခံကြီး ဖော်ဆောင်ရန် ABSDF နှင့် ၈၈ လိုလား” ခေါင်းစဉ်ဖြင့် သတင်းတပုဒ် ဖော်ပြခဲ့ပါသည်။

ထိုသတင်း၏ ဒုတိယစာပိုဒ်တွင်…၎င်းတို့၏ ခရီးစဉ်သည် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်း တရပ်ဖြစ်သလို …စသဖြင့် ဖော်ပြခဲ့ပါသည်။

ဤသည်မှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး ၏ နှုတ်မှပြောသော စကားလုံး မဟုတ်ဘဲ၊ တယ်လီဖုန်းဖြင့် အင်တာဗျူးရခြင်းဖြစ်၍ အကောက်အယူ လွဲမှားသွားခြင်းသာ ဖြစ်ပါကြောင်း မဇ္ဈိမ ပရိသတ်အား ရှင်းလင်းတင်ပြအပ်ပါသည်။