ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > တရုတ်-မြန်မာ ဒေါ်လာသန်း ၃၁၀ ဖိုး စာချုပ်ချုပ်

တရုတ်-မြန်မာ ဒေါ်လာသန်း ၃၁၀ ဖိုး စာချုပ်ချုပ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။        ။ တရုတ်နိုင်ငံ ကွမ်ရှီးဒေသနှင့် မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များသည် အမေရိကန်
ဒေါ်လာ သန်း ၃၁ဝ ဖိုးရှိ ကုန်သွယ်မှု သဘောတူစာချုပ်ကို မတ်လ ၃ဝ ရက်နေ့က ရန်ကုန်မြို့တွင် လက်မှတ်
ရေးထိုးနိုင်ခဲ့ကြသည်။

မတ်လ ၃ဝ ရက်နေ့မှ ဧပြီလ ၂ ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိသော ကွမ်ရှီး ကုန်စည်ပြပွဲ ကျင်းပစဉ် လက်မှတ် ရေးထိုးခဲ့ကြောင်း ကွမ်ရှီးဒေသမှ အဆင့်မြင့် အရာရှိများနှင့် ကုမ္ပဏီမှ အရာရှိများက ဆိုသည်။

“စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၃၁ဝ တန်ဖိုးရှိ စီးပွားရေး သဘောတူညီချက် စာချွန်လွှာ စုစုပေါင်း ၂ဝ ခုကို
မြန်မာနဲ့ တရုတ်နိုင်ငံမှ လုပ်ငန်းရှင်တွေက မတ်လ ၃ဝ ရက်နေ့မှာ လက်မှတ် ထိုးကြပါတယ်” ဟု ကွမ်ရှီးဒေသ ဒု-အုပ်ချုပ်ရေးမှုး မစ္စတာ ရန်တောင်ရှီက မတ်လ ၃၁ ရက်နေ့တွင် လှိုင်သာယာ မြို့နယ် ရွှေလင်ပန်း စက်မှုဇုန်ရှိ
အောင်ကြီး ကုမ္ပဏီသို့ အလည်အပတ် ရောက်ရှိစဉ် ပြောကြားသည်။
chinaandburရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် လက်မှတ်ရေးထိုးခြင်း မပြုလုပ်မီ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်နှင့် ကွမ်ရှီးဒေသ ဒုအုပ်ချုပ်ရေးမှုး မစ္စတာ ရန်ထောင်ရှီတို့ ဦးဆောင်ကာ စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၂ဝဝ ကျော်တို့ ဆွေးနွေးပွဲ ကျင်းပခဲ့သေးသည်။

“ဒေါ်လာ သန်း ၃၁ဝ ထဲမှာ ကုန်သွယ်ရေး သဘောတူညီချက်အတွက် သန်း ၁၁ဝ နဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်ရန် အတွက် သန်း ၂ဝဝ ပါဝင်ပါတယ်” ဟု ကွမ်ရှီးဒေသမှ နိုင်ငံတကာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဌာနမှ ဒု-ဌာနမှူး မစ္စဘိုင်လျန်က ဆိုသည်။

မစ္စတာ ရန်တောင်ရှီကလည်း “မြန်မာနိုင်ငံအတွင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ တိုးတက်မှုတွေကြောင့်
မြန်မာနိုင်ငံဖက်က ဝယ်လိုအားနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလိုအပ်နေတဲ့အတွက် ကွမ်ရှီးဒေသနဲ့ မြန်မာအကြား ကုန်သွယ်မှု တနှစ်ထက် တနှစ် ပိုမိုတိုးတက်လာပါလိမ့်မယ်” ဟု ဆိုသည်။

မြန်မာနှင့် ကွမ်ရှီးဒေသ တို့အကြား ကုန်သွယ်မှုသည် ၂ဝ၁၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅၆ ဒဿမ ၁၉ သန်း ရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၉၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု မစ္စတာရန် က ဆိုသည်။

မြန်မာနိုင်ငံအတွင်း ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ
ဖြစ်သည့် လမ်း၊ တံတားများ ဆောက်လုပ်ခြင်း လုပ်ငန်းများနှင့် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်ခြင်း လုပ်ငန်းများတွင် စက်ယန္တရားများ ပိုမို လိုအပ်နေသည်ကို တွေ့ရှိရကြောင်း မစ္စတာ ရန်တောင်ရှီက ဆိုသည်။
chinaandbur1ကွမ်ရှီးဒေသ အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး မြှင့်တင်မှု လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပုဂ္ဂလိက လုပ်ငန်း ရှင်များအနေဖြင့် ငွေအရင်းအနှီးများ ပိုမို လိုအပ်မည်ဖြစ်ရာ ကွမ်ရှီးပြည်နယ် အစိုးရအနေဖြင့် မည့်သည့်နည်းလမ်းဖြင့် ကူညီရမည်ဆိုသည်ကို  နိုင်ငံအစိုးရချင်း ဆွေးနွေးမှုများ ဆက်လက်
ပြုလုပ်ရန် ရှိကြောင်း မစ္စတာ ရန်တောင်ရှီက ဆိုသည်။

“ကွမ်ရှီးဒေသနဲ့ မြန်မာနိုင်ငံ ကုန်သွယ်မှု လုပ်ငန်းတွေ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေ တိုးတက်ဖို့ လုပ်ဆောင်ရာမှာ အတားအဆီး အခက်အခဲတချို့ ရှိနေပါသေးတယ်။ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ အခွန်ကောက်ခံရေး လုပ်ငန်း အဆင့်တွေ ပိုမို အဆင်ပြေ ကောင်းမွန်ဖို့ လိုနေပါသေးတယ်” ဟု မစ္စတာ ရန်တောင်ရှီက ဆိုသည်။

ကွမ်ရှီး ထုတ်ကုန်ပြပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်း စင်တာတွင် ကျင်းပလျက်ရှိရာ ကွမ်ရှီးဒေသရှိ မြို့ပေါင်း ၁၄ မြို့ရှိ ကုမ္ပဏီပေါင်း ၁ဝဝ ကျော်မှ ဝန်ထမ်း ၅ဝဝ ကျော် တက်ရောက်ခဲ့သည်။

အဆိုပါ ပြပွဲတွင် ကွမ်ရှီးဒေသမှ ထုတ်ကုန် ပစ္စည်း စုစုပေါင်း ၁,ဝဝဝ ကျော်ကို ပြခန်းပေါင်း ၁ဝဝ ခန့် ဖြင့် ပြသခဲ့ရာ စက်ယန္တရားများ လုပ်ငန်းသုံးယဉ်များ၊ လူစီးမော်တော်ယဉ်များ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကိရိယာများ လျှပ်စစ် ပစ္စည်းနှင့် အီလက်ထရောနစ် ပစ္စည်းများ LCD တီဗွီများ၊ အနုပညာ လက်ရာများ၊ တရုတ် ရိုးရာ တိုင်းရင်းဆေးများ၊ စားသောက်ကုန်များနှင့် အဝတ်အထည်များ ပါဝင်သည်ကို တွေ့ရှိရသည်။

ပြပွဲတွင် ဦးဆောင် ပါဝင်သော ကွမ်ရှီးဒေသ မှ စီးပွားရေး ကုမ္ပဏီများတွင် ကွမ်ရှီး လျူကောင်း စက်ယန္တယား ကုမ္ပဏီ၊ ကွမ်ရှီး ဒုန်ဖန်း လျူကျီူး မော်တော်ယာဉ် ကုမ္ပဏီ၊ ကွမ်ရှီး ယူချိုင်း စက်ယန္တရား ကုမ္ပဏီနှင့် ကွမ်ရှီး စန်ချွမ် ကုမ္ပဏီတို့ ပါဝင်သည်။

ကွမ်ရှီး လျူကောင်း စက်ယန္တရား ကုမ္ပဏီမှ ဒေသဆိုင်ရာ အရောင်းမန်နေဂျာ အန်ဒီဇောင် က “ကျနော်တို့ ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကနေ ဝယ်လိုအား မနှစ်ကထက် ပိုမို ရရှိနေပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး လျှင်လျှင်မြန်မြန် တိုးတက်နေပြီး နိုင်ငံရေးကလည်း ပိုမိုတည်ငြိမ်လာလို့ပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။

ကွမ်ရှီး လျူကောင်း စက်ယန္တရား ကုမ္ပဏီသည် မြန်မာနိုင်ငံမှ အောင်ကြီး ကုမ္ပဏီ လုပ်ငန်းစုနှင့် အမေရိကန် ဒေါ်လာ ၁ဝ သန်းဖိုး စက်ယန္တရား ၁၂ဝ ကို တင်သွင်းရန်အတွက် မတ်လ ၃ဝ ရက်နေ့တွင် စာချုပ် ချုပ်ဆိုပြီး ဖြစ်သည်။

လျူကောင်း စက်ယန္တရား ကုမ္ပဏီ အနေဖြင့် ၂ဝ၁၂ ခုနှစ်အတွင်း ယခင်နှစ်ကထက် အရောင်းတန်ဖိုး စုစုပေါင်း ၆၅ ရာခိုင်နှုန်းခန့် တိုးတက်မည် ဟု မျှော်မှန်းထားသည်ဟု မစ္စတာ ဇောင်က ဆိုသည်။

“ကျနော်တို့အနေနဲ့ ဒီနှစ်အတွင်း မြန်မာနိုင်ငံမှာ အောင်ကြီးကုမ္ပဏီကတဆင့် အမေရိကန် ဒေါ်လာ သန်း ၂ဝ တန်ဖိုးရှိ စက်ယန္တာရား ၃ဝဝ ခန့် ရောင်းချဖို့ မျှော်မှန်းထားပါတယ်။ ၂ဝ၁၁ ခုနှစ်က အောင်ကြီးကုမ္ပဏီ ကနေ အမေရိကန်
ဒေါ်လာ ၁၂ သန်းဖို့း စက်ယန္တရား စုစုပေါင်း ၁၈၅ ခု တင်သွင်းခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

အောင်ကြီးကုမ္ပဏီ လုပ်ငန်းစုကို ၂ဝဝ၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၂ဝဝ၆ ခုနှစ်မှ စတင်ကာ ကွမ်ရှီး လျူကောင်း စက်ယန္တရား ကုမ္ပဏီနှင့် ချန်းလုံ ကုမ္ပဏီတို့ အတွက် မြန်မာနိုင်ငံ တဦးတည် ကိုယ်စားလှယ်အဖြစ်
ဆောင်ရွက်ခဲ့ပြီး ဆောက်လုပ်ရေး သစ်ထုတ်လုပ်ရေး နှင့် သတ္တုတူးဖော်ရေး လုပ်ငန်းသုံး ယန္တရားများကို တင်သွင်းခဲ့သည်ဟု အောင်ကြီး ကုမ္ပဏီ လုပ်ငန်းစုမှ မန်နေဂျင်း ဒါရိုက်တာ ဖြစ်သူ ဦးအောင်သူက ဆိုသည်။

လျူကောင်း စက်ယန္တရား ကုမ္ပဏီသည် ၂ဝ၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ တရုတ်-မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတွင် လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော အိန္ဒိယ ပန်လွိုင် ကုမ္ပဏီအတွက် အမေရိကန် ဒေါ်လာ ၁၇ သန်း တန်ဖိုးရှိ ယန္တရားပေါင်း ၇၃ ခုကို ရောင်းချခဲ့သေးသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 146 guests online