ဗုဒ္ဓဟူး, ၂၂ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > ထိုင်း၊ မြန်မာ လုပ်ငန်းရှင်များ ဆွေးနွေးမည်

ထိုင်း၊ မြန်မာ လုပ်ငန်းရှင်များ ဆွေးနွေးမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ထိုင်းစက်မှုလုပ်ငန်း မြှင့်တင်ရေးဌာန Thailand Department of Industrial Promotion ၏ ဦးဆောင်မှုဖြင့် ထိုင်းစက်မှုကုမ္ပဏီ ၁၆ ခုတို့ ကြာသာပတေးနေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ကာ
မြန်မာ့စီးပွားရေး လုပ်ငန်းရှင် ၁၀၀ ခန့်နှင့် ဆွေးနွေးမည်ဟု တွေ့ဆုံပွဲကို ကမကထ ပြုလုပ်ပေးသည့် Global Business Link Co.Ltd (GBL) ၏ မန်းနေးဂျင်းဒါရိုက်တာ ဦးမောင်မောင်ကျော်က မဇ္ဈိမကို ပြောသည်။

“အဓိက ကတော့ သူတို့ဆီက ကုမ္ပဏီက ထုတ်ကုန်တွေပေါ့။ ကျနော်တို့ဒီက လုပ်ငန်းရှင်တွေနဲ့ တွေ့ပြီးတော့
ဆွေးနွေးကြမှာပေါ့။ သူတို့ဆီက ဘာလိုချင်လဲ၊ ကျနော်တို့ဆီက ဘာလိုချင်လဲပေါ့။ သူတို့ဆီက Product ကတော့ အမျိုးစုံပါတယ်။ ကျနော်တို့ဆီက ဘာတွေမှာမလဲ။ ကျနော်တို့ဆီက ဘာတွေ ရောင်းမလဲ။ ဒါတွေကို ကျနော်တို့
ဆွေးနွေးဖို့ရှိပါတယ်” ဟု ဦးမောင်မောင်ကျော်က ပြောသည်။

ထိုင်းစီးပွားရေး လုပ်ငန်းရှင် ၃၆ ယောက် ကိုယ်စားပြုလိုက်ပါလာမည့် ထိုင်းကုမ္ပဏီများမှာ ဆေးဝါးနှင့် အလှကုန်များ၊
ဆောက်လုပ်ရေး လုပ်ငန်းသုံး လျှပ်စစ်ပစ္စည်းများ၊ ထရပ်ကားအမိုးအဖြစ် အသုံးပြုသည့် တာပေါ်လင်စများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ စတီးနှင့် သံထည်များ၊ ဓာတ်ခွဲခန်းသုံး လက်အိတ်များ၊ စားသောက်ကုန် ပစ္စည်းများ၊ ကြွေထည်များ၊ တံဆိပ်ရိုက် လုပ်ငန်းများ၊ ပလတ်စတစ် ပစ္စည်းများ စသည့် ကုမ္ပဏီများ ဖြစ်ကြသည်ဟု ဦးမောင်မောင်ကျော်က မဇ္ဈိမကိုပြောသည်။

လက်ခံတွေ့ဆုံကြမည့် မြန်မာစီးပွားရေး လုပ်ငန်းရှင် အယောက် ၁၀၀ ခန့်မှာလည်း အဆိုပါ လုပ်ငန်းများနှင့် ပတ်သက် ဆက်နွယ်နေသည့် ကုမ္ပဏီများမှ ဖြစ်သည်ဟု သိရသည်။ ထိုင်း-မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ ဆွေးနွေးပွဲကို ရန်ကုန်တိုင်း ကန်တော်ကြီးကန်ရိပ်သာလမ်းရှိ Kandawgyi Palace Hotel တွင် နံနက် ၉ နာရီမှ မှ ညနေ ၄ နာရီထိ ကျင်းပမည် ဖြစ်သည်။

၂ဝ၁၁ ခုနှစ် စက်တင်္ဘာလအတွင်းကလည်း ထိုင်းနိုင်ငံမှ Siam  Commercial  Bank ၏ ဥက္ကဋ္ဌဖြစ်သူ Madam  Kannikar  Chalitapon သည် ထိုင်းစီးပွားရေး လုပ်ငန်းရှင် ၄၀ ကို ဦးဆောင်ကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် လာရောက် ဆွေးနွေးခဲ့ဖူးသည်။

အဆိုပါဆွေးနွေးမှုအတွင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်၍ ရင်းနှီးမြှုပ်နှံရန်နှင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ဆောင်ရန် သဘောတူညီမှု ရရှိခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 101 guests online