တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > ၅ သိန်းတန်ဖုန်း ရောင်းချမှု နေပြည်တော် ရပ်ဆိုင်း

၅ သိန်းတန်ဖုန်း ရောင်းချမှု နေပြည်တော် ရပ်ဆိုင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရောင်းချနေသော ၅ သိန်းတန် CDMA 450 Mhz ဖုန်းများကို ယခုလ ၁ ရက်နေ့မှစ၍ ရောင်းချမှု ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

နေပြည်တော်၌သာ ရောင်းချသော အဆိုပါ ၅ သိန်းတန် CDMA 450 Mhz ဖုန်းများမှာ အခြားပြည်နယ်နှင့် တိုင်းများတွင် ရောင်းချပေးနေသည့် ၎င်းအမျိုးအစား ဖုန်းများကဲ့သို့ နယ်မြေကန့်သတ်ချက်မရှိ အသုံးပြုနိုင်သဖြင့် လူကြိုက်များသော ဖုန်းဖြစ်သည်။

“လျှောက်တဲ့ လူများလာလို့ ပိတ်လိုက်တယ်။ phone2တနိုင်ငံလုံးမှာ သုံးလို့ရလို့ လိုချင်တဲ့သူတွေ များတယ်လေ။ ကျနော်ဆို လားရှိုး၊ တောင်ကြီးကို တင်ပေးနေတယ်” ဟု နေပြည်တော် ပျဉ်းမနားမြို့ရှိ ဖုန်းဝယ်ရောင်း ပွဲစားတဦးက မဇ္ဈိမကို ပြောသည်။

အခြား ပျဉ်းမနားမြို့ခံကလည်း ဖုန်းရောင်းချမှု ရပ်ဆိုင်းကြောင်းနှင့် မည်သည့်အချိန် ပြန်ရောင်းမည်ကို မသိကြောင်း ပြောသည်။ နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ အသေးစိတ် သိရှိရန် မေးမြန်းကြည့်ရာ တာဝန်ကျ ဝန်ထမ်းက ဖြေဆိုခြင်း မရှိပါ။

၎င်းဖုန်းများကို နေပြည်တော်ဒေသခံများ၏ အထောက်အထား စာရွက်စာတမ်းများဖြင့် အခြားဒေသများမှလည်း ဝယ်ယူအသုံးပြုကြသည်။

နေပြည်တော်၌သာ ရောင်းချသည့် အဆိုပါ ဖုန်းများမှာ ပြင်ပဈေးကွက်တွင် အထွေထွေစရိတ် အပါအဝင် ကျပ် ၅ သိန်း ၇ သောင်းမှ ၅ သိန်း ၈ သောင်းဝန်းကျင်အထိ ပေါက်ဈေးရှိသည်။

လက်ရှိတွင် မြန်မာပြည်၌ အော်တိုတယ်လီဖုန်း၊ ARTS ရေဒီယိုတယ်လီဖုန်း၊ DECT ရေဒီယိုတယ်လီဖုန်း ၊ CDMA (Fixed) တယ်လီဖုန်း၊ CDMA မိုဘိုင်းတယ်လီဖုန်း၊ CDMA-800 တယ်လီဖုန်း၊ D-AMPS တယ်လီဖုန်း၊ GSM တယ်လီဖုန်း၊ WCDMA တယ်လီဖုန်း၊ McWLL တယ်လီဖုန်းလိုင်းများ အသုံးပြုလျက်ရှိသည်။

 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1468 guests online