ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > ထားဝယ် အထူးစီးပွားရေဇုန်အနီး ဥယျာဉ်ခြံမြေကွက်များ အ၀ယ်လိုက်

ထားဝယ် အထူးစီးပွားရေဇုန်အနီး ဥယျာဉ်ခြံမြေကွက်များ အ၀ယ်လိုက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။     ။ ထားဝယ် အထူးစီးပွားရေးဇုန်အနီး ကျေးရွာများရှိ ဥယျာဉ်ခြံမြေကွက်များ အမြင့်ဈေးဖြင့် အ၀ယ်လိုက်နေကြောင်း ဒေသခံ အိမ်ခြံမြေအကျိုးဆောင်များ ကပြောသည်။

စိုးသိန်းအိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးစိုးသိန်းက “ ထားဝယ်အထူး စီးပွားရေးဇုန်အနီး ကျေးရွာတွေမှာ ရှိနေတဲ့ ဥယျာဉ်ခြံ မြေကွက်တွေ အရောင်းအ၀ယ် လိုက်တယ်။ အမြင့်ဈေးတွေနဲ့ အရောင်းအ၀ယ် ပြန်ဖြစ်နေတာ ” ဟုပြောသည်။

ထားဝယ်အထူး စီးပွားရေးဇုန်အနီး ဘ၀ါရွာ၊ပန်းတင်အင်းရွာ၊ ရငဲရွာ၊ ၀ဇွမ်းတောရွာ၊ မင်းတန့်ရွာ အစရှိသည့်
ကျေးရွာများရှိ ရော်ဘာ စိုက်ပျိုးထားသည့် ခြံများ၊ သီဟို၌၊သရက်၊အုန်း၊ ဒညင်း၊ ကွမ်းသီး စသည့် အပင်များ စိုက်ပျိုးထားသည့် ဥယျာဉ်ခြံများမှာ ခြံအတွင်းရှိ စားပင်သီးပင် အနေအထား ပေါ်မူတည်ကာ ဈေးနှုန်းအမျိုးမျိုး သတ်မှတ်ကာ ဧကကွက်များအလိုက် ၀ယ်ယူမှု ရှိနေသည်။

“အချို့ ရော်ဘာခြံတွေဆိုရင် အစေးခြစ်လို့ ရနေတဲ့ ခြံတွေပါတယ်။ ရော်ဘာခြံတွေဆိုရင် စိုက်ထားတဲ့ ရော်ဘာမျိုး အလိုက်ဈေးခေါ်ကြတယ် ” ဟု ဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။

ရေနက်ဆိပ်ကမ်းအတွက် ခြောက်ကြိမ်မြောက် အထိလျော်ကြေးပေးလာမှုမှာ ကျပ်သိန်းပေါင်း ၂သိန်းကျော် ရှိလာသည်ဟု ဦးစိုးသိန်းမှ ဆိုသည်။ထို့အပြင် ရေနက်ဆိပ်ကမ်းဆောက်လုပ်မှုအတွက် ဥယျာဉ်ခြံများနှင့် လယ်မြေများ ပါသွားသူများကလည်း၊ ပြန်လည်ရရှ်ိသည့်လျော်ကြေးငွေနှင့် ဥယျာဉ်ခြံမြေများဝယ်ယူမှုရှိနေသည်။

“ အထူးစီးပွားရေးဇုန်အနီး မြေကွက်တွေနဲ့ ဥယျာဉ်ခြံမြေတွေကို အဓိက ၀ယ်ယူသူတွေက ရန်ကုန်ဘက်က ဆင်းဝယ်သူတွေနဲ့ ထားဝယ်မြို့ခံ တွေပဲဖြစ်တယ်” ဟု ထားဝယ်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဦးကျော်လွင်က မဇ္ဈိမသို့ ပြောသည်။

လက်ရှိ အရောင်းအ၀ယ် ဖြစ်နေသည့် ဈေးနှုန်းများမှာ စိုက်ပျိုးထားသည့် ရော်ဘာအမျိုးအစားပေါ် မူတည်၍ အထွက်နှုန်းကောင်း ရော်ဘာပင်များ ပါဝင်သည့် ဥယျာဉ်ခြံမြေ တဧက လျှင် ကျပ်သိန်း ၂၀၀ ၀န်းကျင်ဖြင့် လည်းကောင်း၊ အစေးခြစ်နိုင်သည့် ရော်ဘာပင်များ ပါဝင်သည့် ဥယျာဉ်ခြံမြေ တဧကလျှင် ကျပ်သိန်း ၁၀၀ကျပ် ၀န်းကျင်ဖြင့် လည်းကောင်း၊ သီဟို၌ ပင်ပါ ဥယျာဉ်ခြံမြေ တဧကလျှင် ကျပ် သိန်း၁၁၀ ၀န်းကျင်ဖြင့် လည်းကောင်း အရောင်းအ၀ယ်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့ပြင် အုန်းပင်များ ပါဝင်သည့် ဥယျာဉ်ခြံ တဧကလျှင် ကျပ်သိန်း ၁၄၀ ၀န်းကျင်ဖြင့် လည်းကောင်း၊ ဒညင်းပင်များနှင့် ကွမ်းသီးပင်များ ပါရှိသည့် ဥယျာဉ်ခြံမြေ တဧကလျှင် ကျပ်သိန်း ၆၀ ၀န်းကျင်ဖြင့် လည်းကောင်း အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း အဆိုပါ ထားဝယ် အိမ်ခြံမြေအကျိုးဆောင်မှ သိရှိရသည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 89 guests online